မြန်မာ့နွေဦး

ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ လူတစ်စု လူတစ်မျိုးတည်းရဲ့ မူပိုင်အရေး မဟုတ်ဘူးလို့ SSPP ဆို

မဲခေါင် 18 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၈ လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကြပ်အတည်းတွေကို အဖြေရှာ ကျော်လွှားနိုင်ရေးနဲ့ အနာဂတ် ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ လူတစ်စု လူတမျိုးတည်းရဲ့ မူပိုင်အရေး မဟုတ်ဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ဒီကနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၈

လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကြပ်အတည်းတွေကို အဖြေရှာ ကျော်လွှားနိုင်ရေးနဲ့ အနာဂတ် ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ လူတစ်စု လူတမျိုးတည်းရဲ့ မူပိုင်အရေး မဟုတ်ဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ဒီကနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဇူလိုင်လ ၁၆ ရက် ရက်စွဲနဲ့ ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ SSPP ရဲ့ ၆ လပတ်အစည်းအဝေး ထုတ်ပြန်ချက်မှာ အဲ့ဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။

“လက်ရှိ နိုင်ငံရေး အကြပ်အတည်းတွေကို အဖြေရှာကျော်လွှားနိုင်ဖို့နဲ့ အနာဂတ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးဟာ လူတစ်စု လူမျိုးတစ်မျိုးတည်းရဲ့ မူပိုင်အရေးမဟုတ်ဘဲ ပြည်ထောင်စုသား တိုင်းရင်းသား လူမျိုးတိုင်းရဲ့ သမိုင်းပေး တာဝန်ဖြစ်တဲ့အတွက် စုပေါင်း တာဝန်ယူဖြေရှင်းကြရမယ်” လို့ SSPP က ၎င်းတို့သဘောထားကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်အတွက် ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုများနဲ့ လက်တွဲကြိုးပမ်းဆောက်ရွက်သွားမယ်လို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ဆိုပါတယ်။

SSPP ရဲ့ ထုတ်ပြန်ချက်ဟာ လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ သူတို့ရဲ့ အမြင်ကို ပြသတာဖြစ်တယ်လို့ ရှမ်းပြည်အရေး လေ့လာသူ တစ်ဦးကပြောပါတယ်။

“အခြား အဖွဲ့အစည်းတွေက လက်ရှိ အကြပ်အတည်းကို ဗမာချင်း ပြဿနာလို့ မြင်သော်လည်း SSPP က လက်ရှိ အကြပ်အတည်းဟာ အားလုံးနဲ့ဆိုင်တယ်လို့ မြင်တယ်ဆိုတာကို ပြတာဖြစ်တယ်” လို့ သူကပြောပါတယ်။

နိုင်ငံအတွင်း အလိုအပ်ဆုံး အရာဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးက အဖြေဖြစ်တယ်လို့ SSPP ကပြောပါတယ်။

ဒါ့အပြင် ကလေးတိုင်း အခြေခံ ပညာတတ်မြောက်ရေးအတွက် ပညာရေးမူဝါဒသစ် ချမှတ်ပြီး ဆောင်ရွက်သွားမယ်လို့လည်း SSPP က ပြောပါတယ်။

SSPP ရဲ့ ၆ လပတ်အစည်းအဝေးမှာ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပိုမို တိုက်ဖျက်နှိမ်နှင်းရန်နဲ့ လူထုအကျိုးပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

SSPP ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်း ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

ဒီ ၆ လပတ်အစည်းအဝေးမှာ SSPP တာဝန်ရှိသူ ၄၄ ဦးတက်ရောက်ခဲ့ပြီး ၆ လအတွင်း ဆောင်ရွက်ချက်များ၊ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CJ-002

#MekongNews

#SSPP

#ဖက်ဒရယ်

#မူးယစ်ဆေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now