မြန်မာ့နွေဦး

ပင်လောင်း-ဖယ်ခုံဒေသကို စစ်ကောင်စီ အင်အား ၁,၅၀၀ ထပ်ဖြည့်ပြီး အကြီးအကျယ် စစ်ထိုးဖို့ ပြင်ဆင်

မဲခေါင် 25 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၅ ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်း-ဖယ်ခုံဒေသကို စစ်ကောင်စီက အင်အား ၁,၅၀၀ ခန့် ထပ်ဖြည့်ပြီး အကြီးအကျယ် စစ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု-KRU ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၅

ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်း-ဖယ်ခုံဒေသကို စစ်ကောင်စီက အင်အား ၁,၅၀၀ ခန့် ထပ်ဖြည့်ပြီး အကြီးအကျယ် စစ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု-KRU ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မနေ့က ဇူလိုင်လ ၂၄ ရက် တစ်ရက်တည်းမှာ စစ်ကား အစီး ၅၀ ၀န်းကျင်ခန့် မိုးဗြဲ-ဖယ်ခုံလမ်းကနေ ဖယ်ခုံ ဒေသကို ဆက်တိုက်၀င်လာပြီး စစ်ကား တစ်စီးပေါ်မှာ စစ်သား ၃၀ ဦးထက်မနည်း ပါရှိကာ တချို့စစ်ကားတွေက ရိက္ခာနဲ့ လက်နက်ခဲယမ်း သယ်ဆောင်လာတာကြောင့် ခန့်မှန်း အင်အား ၁,၅၀၀ ၀န်းကျင်ခန့် ရှိနိုင်တယ်လို့ သူကဆိုပါတယ်။

“ဒါက ခန့်မှန်း အင်အားပါ။ ဒီထက်လည်း များနိုင်ပါတယ်။ ပုံမှန်ဆို စစ်ကား တစ်စီးကို စခ ၃၀ ပါတယ်။ မိုးကာလည်း အုပ်ထားတော့ သေချာပြောပြဖို့ခက်တယ်” လို့ ဖယ်ခုံ PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ကားတွေကြားမှာ တောတွင်းမောင်း ယာဥ်တစ်ချို့ ကြားညှပ်ပါလာပြီး ဂျန်ပါ (ဒရုန်းဖျက်လက်နက်) နဲ့ ဆက်သွယ်ရေးစက်တွေ သယ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

ပင်လောင်း-ဖယ်ခုံဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်၀ါရီလ ၂၄ ရက်က စစ်တပ်စခန်း တစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ၀င်ရောက်တိုက်ခိုက်ရာက လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

လက်ရှိ စစ်ကောင်စီဘက်က စစ်ကြောင်း ၁၂ ကြောင်း၊ အင်အား ၁,၅၀၀ ၀န်းကျင်ခန့် အသုံးပြုပြီး ဒီးမော့ဆို၊ ရှားတော၊ ဘောလခဲ၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေကို ဖေဖော်၀ါရီလကုန်ပိုင်းမှာ စတင် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း တိုက်ခိုက်ရေး တပ်မ (၆၆) လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေ၊ တပ်မ (၉၉) တပ်ရင်းတွေ၊ ရှမ်းအခြေစိုက် တပ်ရင်းတွေနဲ့ PNO ပြည်သူ့စစ်တွေစု ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေဘက်က KNDF၊ KA အပါအ၀င် ဒေသခံ ကာကွယ်ရေး မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့တွေ စုပေါင်း တိုက်ခိုက်ခဲ့ရာ ၅ လကျော်ကြာ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၁,၀၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ KNDF ရဲဘော် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲတွေစတင်ဖြစ်ပွားပြီး ၃ ပတ်ခန့်အကြာမှာ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာက ဘုန်းကြီးကျောင်း၀န်းထဲမှာ သံဃာတော် ၃ ပါးနဲ့ အရပ်သား ၂၁ ဦးကို အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး ကျေးရွာကို မီးရှို့ခဲ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပင်လောင်း-ဖယ်ခုံဒေသမှာ ပြီးခဲ့တဲ့ လပိုင်းကစပြီး တိုက်ပွဲကြီးကြီးမားမား မရှိပေမဲ့ နေ့စဥ် တိုက်ပွဲငယ်တွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့ အနေအထားလို့ KRU ပြန်ကြားရေး တာ၀န်ရှိသူက ဆိုပါတယ်။

လက်ရှိ စစ်ကား အစီးရေ ၅၀ ကျော်ခန့် ဖယ်ခုံဒေသကို ၀င်ရောက်လာပြီး စစ်ကားတစ်ချို့ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းက တစ်ဆင့် စစ်အင်အားတွေ ဖြန့်ကျက်နေတယ်လို့ လွိုင်ကော် PDF နဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။

“မနေ့က ဖယ်ခုံဘက်ကို ၀င်သွားတဲ့ စစ်ကားတွေထဲက အစီး ၃၀ ကျော်လောက် မိုးဗြဲဘက်ကနေ လွိုင်ကော်ကို ထပ်၀င်နေတယ်။ လမ်းတစ်လျှောက်မှာလည်း ကင်းပုန်းတွေလည်း ချထားတယ်”လို့ သူကရှင်းပြပါတယ်။

စစ်ကောင်စီက လွိုင်ကော်မြို့ကို နောက်တန်း ခြေကုပ်စခန်းအဖြစ် ပြုလုပ်ပြီး ကရင်နီပြည်နယ်ထဲ စစ်အင်အား ပို့ဆောင်ဖို့ ကြိုးစားနေတယ်လို့ ကြိုတင် သုံးသပ်ခဲ့တဲ့အတိုင်း အကောင်အထည် ဖော်တာ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကတည်းက စစ်ကောင်စီဟာ လွိုင်ကော်မြို့ထဲကို တပ်မ (၄၄)၊ (၅၅)၊ (၇၇)၊ (၉၉) က အင်အား ၂,၀၀၀ ခန့် ပို့ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ အင်အားအလုံးအရင်း ထပ်ပို့နေတာ ဖြစ်ပါတယ်။

မနေ့က စစ်ကောင်စီ ထပ်မံဖြည့်တင်းလိုက်တဲ့ စစ်အင်အားကြောင့် ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီ တပ်သား ၃,၅၀၀ ထက်မနည်း ရှိလာပြီလို့ KRU ပြန်ကြားရေး တာ၀န်ရှိသူက ဆိုပါတယ်။

စစ်ရေးအရထိန်းချုပ်နိုင်မှု မရှိသ‌လောက် ဖြစ်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတောမြို့နယ် တွေကို လွိုင်ကော်မြို့ကနေ စစ်အင်အားတွေ ဆက်တိုက် ပို့ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တပ်မ (၉၉) လက်အောက်ခံ ဘီလူးစစ်ကြောင်းဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို ရောက်ရှိနေပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒီးမော့ဆို PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အခုလို စစ်အင်အား တိုးချဲ့လာတာ‌ကြောင့် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်လာနိုင်ပြီး စစ်ကောင်စီ အနေနဲ့ ပြည်နယ် တစ်ခုလုံးကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားမှုအဖြစ် ကရင်နီ စစ်ရေး လေ့လာသူ တစ်ဦးက ရှူမြင်ပါတယ်။

စစ်ကောင်စီ ခြေကုပ်စခန်းဖြစ်တဲ့ လွိုင်ကော်မြို့ပေါ်မှာတော့ စစ်ဘေးရှောင် အများအပြား ခိုလှုံနေရာ အခြေအနေတွေ ရှုပ်ထွေးလာမှာကို စိုးရိမ်နေကြတယ်လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

“အားလုံးကတော့ ကျီးလန့်စာ စားနေရတယ်။ မြို့ထဲမှာလည်း ခလုတ်တိုက်ရင်တောင့် စခတွေ တွေ့နေရတာ။ တင့်ကားတွေ ဘာတွေကလည်း တစ်နေကုန် ပတ်နေတာ။ တစ်နေ့ လေးငါး ကြိမ်လောက်ပတ်တယ်။ အဓိကတော့ သတင်းတွေမှာ တက်သလို နမ့်နိန်းလို ဖြစ်သွားမှာတော့ စိုးရိမ်တယ်” လို့ သူကရှင်းပြပါတယ်။

လွိုင်ကော်မြို့ အထွက်အ၀င်ကို စစ်ကောင်စီက ထိန်းချုပ်ထားမှုနဲ့ တိုက်ပွဲတွေကြောင့် ကုန်ကား အသွားအလာ နည်းပါးသွားရာ အခြေခံ စားသောက်ကုန်တွေဟာ ယခင်ထက် ၃ ဆနီးပါး မြင့်တက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရေးအခြေအနေတွေအရ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုကြဖို့နဲ့ သတိထား သွားလာကြဖို့ ကရင်နီတော်လှန်ရေး အင်အားစုတွေက သတိပေး ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲပေါင်း ၂,၀၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂,၅၀၀ ကျော်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု-PKPF ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

MK-007

#MeKongNews

#ပင်လောင်း-ဖယ်ခုံ

#ကရင်နီတော်လှန်ရေးတပ်ပေါင်းစု-KRU

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now