မြန်မာ့နွေဦး

နွေဦးတော်လှန်ရေးကို လမ်းလွဲသွားစေနိုင်တဲ့ ဘယ်နိုင်ငံရေး အခင်းအကျင်းကိုမှ လက်မခံဘူးလို့ PNFC ဥက္ကဌ ပြော

မဲခေါင် 14 Aug - 2023
မဲခေါင်၊ သြဂုတ် ၁၄ နွေဦးတော်လှန်ရေးကို လမ်းလွဲသွားစေနိုင်တဲ့ ဘယ်နိုင်ငံရေး အခင်းအကျင်းကိုမှ လက်ခံလို့ မရဘူးလို့ ပအိုဝ်း အမျိုးသား ဖက်ဒရယ် ကောင်စီ-PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်း က ဒီနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ သြဂုတ် ၁၄

နွေဦးတော်လှန်ရေးကို လမ်းလွဲသွားစေနိုင်တဲ့ ဘယ်နိုင်ငံရေး အခင်းအကျင်းကိုမှ လက်ခံလို့ မရဘူးလို့ ပအိုဝ်း အမျိုးသား ဖက်ဒရယ် ကောင်စီ-PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်း က ဒီနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

လတ်တလော စစ်ကောင်စီ အဖွဲ့ဝင်တွေ အပြောင်းအလဲ လုပ်နေတဲ့အပေါ် စိတ်ဝင်စားနေလို့ မရဘဲ စနစ် တစ်ခုလုံး အပြောင်းအလဲ လုပ်သွားဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

ဦးခွန်မြင့်ထွန်း က “အုပ်ချုပ်မှု အပြောင်းအလဲ လုပ်ရုံလောက်နဲ့ပေါ့နော်။ ဒီအုပ်ချုပ်မှုပုံစံ အမျိုးမျိုးတွေကို လုပ်ပြီးတော့မှ ဒီစစ်အုပ်စုဘက်က သက်တမ်းတွေ ဆွဲဆန့်လာခဲ့တာ။ အဲတော့အခု ကျနော်တို့ လူထုတစ်ရပ်လုံး လိုလားတာက ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ကြရမယ်။ အဲဒါသည် အုပ်ချုပ်မှု အပြောင်းအလဲ ပုံစံ မဟုတ်ဘူး။ Region Change မဟုတ်ပါဘူး။ အဲဒါသည် ဘာလဲဆိုတော့ ကျနော်တို့ စနစ်တစ်ခုလုံးကို ပြောင်းလဲမယ့် System Change ဖြစ်တယ်။ အဲဒါကို ပေါ်လွင်စေချင်လို့ ကျနော်တို့ ပြောတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ ရာနှုန်းပြည့် အုပ်ချုပ်နိုင်ဖို့အတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို ကျင့်သုံးလာနိုင်ပြီး မိမိတို့ဘက်က ဒီလမ်းစဉ်တွေ အပေါ် လက်ခံမသွားဖို့ လိုအပ်တယ်လို့ သူက သတိပေးပါတယ်။

“ကျနော်တို့ကတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့ အခါမှာ နိုင်ငံရေး နည်းနဲ့ကတော့ ဆွေးနွေးမှု တွေနဲ့ အဆုံးသတ်ကြရတာ ဖြစ်ပါတယ်။ သို့သော် ဒီနေ့ ဒီအချိန်အခါသည် ဒီလိုဆွေးနွေးမှုကို လုပ်ရတဲ့အချိန် မဟုတ်ဘူးလို့ ကျနော်တို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ဒီစစ်ကောင်စီနဲ့ ဒီကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ကြဖို့ ဆိုတဲ့ဟာက ကျနော်တို့ ဒီအချိန်မှာ စိတ်မဝင်စားဘူး။ ဒီအချိန်ဟာ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးရေးကို ဖိတ်ခေါ်နေရမယ့်အချိန်၊ ကမ်းလှမ်းနေရမယ့် အချိန်၊ ဆွေးနွေးနေရမယ့် အချိန် မဟုတ်ဘူးလို့ ကျနော်တို့ သတ်မှတ်ထားပါတယ်” လို့ သူက ရှင်းပြပါတယ်။

PNFC ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပတဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ညီလာခံ အပြီးမှာ အာဏာရှင်စနစ် အမျိုးမျိုးကို တော်လှန်ဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့ပြီး လက်ရှိ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ-NUCC မှာ ပါဝင် လှုပ်ရှားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသား ညီညွတ်ရေး အစိုးရ-NUG နဲ့လည်း တော်လှန်ရေးကိစ္စ အဝဝကို ညှိနှိုင်း ဆောင်ရွက်နေပြီး ကြားကာလ အခြေခံပညာ အခမဲ့အွန်လိုင်း စာသင်ကျောင်းကိုလည်း ဖွင့်လှစ်ထားပါတယ်။

ဦးခွန်မြင့်ထွန်း ဟာ လက်ရှိ PNFC ရဲ့ ဥက္ကဌ ဖြစ်တဲ့အပြင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်-PNLO ရဲ့ ဒုဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

CJ-007

#MeKongNews

#PNFC

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်

#နွေဦးတော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now