မြန်မာ့နွေဦး

နေရပ်ပြန် မယ်စဲ့ စစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေ

မဲခေါင် 12 Sep - 2023
မြန်မာ-ထိုင်း နယ်စပ်၊ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆွန်မြို့နယ်၊ စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေတဲ့ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်းဘေးရှောင်တွေ နေရပ်ပြန်လာပြီးနောက် အကူအညီတွေ လိုအပ် နေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၂

မြန်မာ-ထိုင်း နယ်စပ်၊ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆွန်မြို့နယ်၊ စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေတဲ့ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်ဘေးရှောင်တွေ နေရပ်ပြန်လာပြီးနောက် အကူအညီတွေ လိုအပ် နေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ စစ်ဘေးရှောင်တွေဟာ စက်တင်ဘာလ အစပိုင်းကစပြီး တစ်သုတ်ပြီးတစ်သုတ် ပြန်လာတာဖြစ်ကာ လတ်တလော နေအိမ်တွေမှာ မနေထိုင်သေးဘဲ မယ်စဲ့မြို့နယ်က စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်နေတာကြောင့် အကူအညီ လိုအပ်နေတာလို့ အကူအညီ ပေးနေသူ တစ်ဦးက ပြောပါတယ်။

“ပြန်လာတာက သူတို့ ဆန္ဒလည်းပါတယ်။ ထိုင်းအာဏာပိုင်တွေက ဖိအားပေးတာလည်း ပါတာပေါ့။ ဟိုမှာ နေတော့ သူတို့က ထင်သလောက် အကူအညီ မရဘူး။ စားဝတ်နေရေးလည်း အဆင်မပြေဘူးပေါ့။ လောလောဆယ် ကိုယ့်အိမ်ကိုယ် ပြန်နေဖို့ ကျတော့လည်း တိုက်ပွဲက တစ်ချက်တစ်ချက် ထပစ်နေတော့ စခန်းတွေမှာပဲ ရှိသေးတယ်။ လိုတာတော့ အစစအရာရာ လိုတာပေါ့။ လောလောဆယ် အရေးပေါ် လိုတာကတော့ ရိက္ခာပါ” လို့ သူကပြောပါတယ်။

လတ်တလော စစ်ဘေးရှောင် စခန်းတွေမှာ ထိုင်းနယ်စပ်က ပြန်၀င်လာတဲ့ လူ ၆၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာ အပြင် နေရာထိုင်ခင်း၊ အဝတ်အထည်၊ ဆေးနဲ့ ဆက်စပ် ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ မယ်စဲ့မြို့နယ်က စစ်ဘေးရှောင် စခန်းတွေ အတွက် ရိက္ခာကို ထိုင်းဘက်က အဓိက တင်သွင်းနေရပြီး ထိုင်းအာဏာပိုင်တွေရဲ့ ကန့်သတ်မှုကြောင့် မှောင်ခိုလမ်းကြောင်းကနေ ပို့ဆောင်နေရလို့ အခက်အခဲတွေ ရှိတယ်လို့ သိရပါတယ်။

“ပြည်တွင်း လမ်းကြောင်းက တိုက်ပွဲ ဖြစ်နေတော့ ဘယ်လိုမှ သယ်လို့ မရဘူး။ မယ်စဲ့မြို့ထဲမှာလည်း လူတွေက တစ်ယောက်မှ မရှိ၊ ဆိုင်တွေလည်း ပိတ်ထားရတော့ ထိုင်းဘက်ကို အဓိက အားကိုးနေရတာပေါ့။ သူတို့လည်း ကန့်သတ်တာတွေ ရှိတော့ တခါတလေ ပိုက်ဆံလေးဘာလေး ပေးရတာပေါ့။ နည်းနည်းပါးပါး ဆိုရင်တော့ မှောင်ခို သယ်ရတာပေါ့” ကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က မယ်စဲ့မြို့မရဲစခန်းကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ သိမ်းယူပြီးနောက် တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ စတဲ့ မြို့နယ်တွေက ဒေသခံတွေ ထိုင်းနိုင်ငံ နယ်စပ်မြို့တွေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက မြို့နယ်တွေမှာ ခိုလှုံနေရပြီး လူဦးရေ စုစုပေါင်း ၁၀,၀၀၀ ကျော် ရှိတယ်လို့ စုံစမ်း သိရှိရပါတယ်။

CJ-007

#MeKongNews

#မယ်စဲ့

#စစ်ဘေးရှောင်

#ထိုင်းနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now