မြန်မာ့နွေဦး

“နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ပွဲကစို့” ပရောဂျက်အသစ် စတင်

မဲခေါင် 18 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၈ တစ်နှစ်တာ အတွင်း နွေဦးတော်လှန်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂ သန်းနီးပါး ရှာဖွေနိုင်ခဲ့တဲ့ “မမများနဲ့ပွဲကမယ်” ရဲ့ ပဉ္မမမြောက် ပရောဂျက်အသစ်ကို စတင်တော့မယ်လို့ ဒီနေ့ ဇူလိုင် ၁၈ ရက်မှာ ပြုလုပ်တဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်သစ် မိတ်ဆက်ပွဲမှာ ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၈

တစ်နှစ်တာ အတွင်း နွေဦးတော်လှန်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂ သန်းနီးပါး ရှာဖွေနိုင်ခဲ့တဲ့ “မမများနဲ့ပွဲကမယ်” ရဲ့ ပဉ္မမမြောက် ပရောဂျက်အသစ်ကို စတင်တော့မယ်လို့ ဒီနေ့ ဇူလိုင် ၁၈ ရက်မှာ ပြုလုပ်တဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်သစ် မိတ်ဆက်ပွဲမှာ ပြောပါတယ်။

မမများနဲ့ပွဲကမယ် ပရောဂျက်ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး တစ်နှစ်တာ အတွင်း ပရောဂျက် ၄ ခု လုပ်နိုင်ခဲ့တာပါ။

ဒီတစ်ခါ စတင်မယ့် ပဉ္စမမြောက်ပရောဂျက်ကို “လမ်းများအားလုံး နေပြည်တော်သို့” လို့ ဦးရည်မွန်က မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး မမများနဲ့ပွဲကမယ် ပရောဂျက်ကိုတော့ “နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ပွဲကစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပွဲစမယ်လို့ သိရပါတယ်။

“ခေါင်းစဉ်ပေးထားတဲ့ အတိုင်းပဲ နေပြည်တော်မှာရှိတဲ့ တပ်ရင်းတွေကို ဖြိုချဖို့အတွက် နေပြည်တော်ကို ပတ်ဝိုင်းပြီးတော့ ရှိသမျှ နေပြည်တော်နဲ့ ဆက်စပ်တဲ့ နေရာတွေကနေ ပတ်ဝိုင်းပြီးတော့ တပ်ရင်းတွေ အနေနဲ့ လက်နက် တပ်ဆင်မှုပေးနိုင်ဖို့၊ လက်နက်ကြီး တပ်ဆင်ပေးနိုင်ဖို့ အတွက်စီစဉ် ဆောင်ရွက်သွားမယ့် ပရောဂျက် ဖြစ်ပါတယ်” လို့ မမများနဲ့ ပွဲကမယ် ပရောဂျက်တွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့ We Love Myanmar Family က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပဉ္စမမြောက် ပရောဂျက်ကနေ ရရှိလာမယ့် ရန်ပုံငွေတွေကို နေပြည်တော်မှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က နေပြည်တော် PDF တပ်ရင်းတွေကို လက်နက်ကြီး တပ်ဆင်ပေးသွားမယ်လို့ ဆိုပါတယ်။

ပရောဂျက်အတွက် ငွေကျပ် သိန်း ၁၀,၀၀၀ ရရှိနိုင်ဖို့ လျာထားတာဖြစ်ပြီး ကာလကိုတော့ ဇူလိုင်လ ၂၃ ရက်နေ့ကနေ ဩဂုတ်လ ၁၅ ရက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မမများနဲ့ ပွဲကမယ်က ဦးစီးပြုလုပ်တဲ့ ရန်ပုံငွေရှာဖွေရေး ပရောဂျက်တိုင်းဟာ ရည်မှန်းလျာထား ငွေပမာဏ အားလုံးကို ကျော်လွန်ပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ကရင်နီ ပရောဂျက်မှာ လျာထားငွေ သိန်း ၅,၀၀၀ ကျပ် ဖြစ်ပေမဲ့ ဒေါ်လာ ၂၉၂,၀၀၀ ကျော် ရရှိခဲ့ပြီး ဒုတိယ ဖြစ်တဲ့ စစ်ကိုင်းတိုင်း ပရောဂျက်မှာတော့ သိန်း ၁၀,၀၀၀ ကျပ် လျာထားခဲ့ရာ ဒေါ်လာ ၁ ဒဿမ ၁ သန်း ကျော်ထိ ရရှိအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

တတိယ ပရောဂျက်ဖြစ်တဲ့ ချင်းနဲ့ မကွေးဒေသအတွက် သိန်း ၁၀,၀၀၀ ကျပ် လျာထားခဲ့ပြီး ဒေါ်လာ ၄၁၈,၀၀၀ နီးပါးထိ ရရှိအောင်မြင်ခဲ့ကာ စတုတ္ထ ပရောဂျက်ဖြစ်တဲ့ အလယ်ပိုင်းဒေသ အတွက်မှာတော့ လျာထားချက် မထားခဲ့ဘဲ ဒေါ်လာ ၁၆၀,၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။

မမများနဲ့ပွဲကမယ် ပရောဂျက်တွေ အတွက် ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန ကနေ သက်ဆိုင်ရာ ဒေသအသီးသီးထံ ချိတ်ဆက် ထောက်ပို့ခဲ့ပြီး ကရင်နီဒေသ အတွက်ကိုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ KNDF ထံ တိုက်ရိုက်ချိတ်ဆက် ထောက်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

မမများနဲ့ပွဲကမယ် ပရောဂျက်က ရရှိခဲ့တဲ့ ရန်ပုံငွေတွေနဲ့ စစ်ကိုင်းတိုင်းက တပ်ရင်းတပ်ဖွဲ့ပေါင်း ၄၀ ကို လိုအပ်တဲ့ ပစ္စည်းအစုံ ၉၂ တပ်ဆင်ပေးနိုင်ခဲ့ပြီး အဆိုပါ ပစ္စည်းတွေထဲက ၈၅ ရာခိုင်နှုန်းကို လက်ရှိသုံးစွဲနေကာ ကျန်ပစ္စည်းတွ မကြာခင်အသုံးပြုနိုင်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

မကွေးနဲ့ချင်း ပရောဂျက်မှာတော့ ၆၅ ရာခိုင်နှုန်းကို မကွေးအတွက် ပစ္စည်းဝယ်ယူရေးနဲ့ ဖြန့်ဝေနိုင်ဖို့အတွက် အသုံးပြုခဲ့တာဖြစ်ပြီး ၃၅ ရာခိုင်နှုန်းကို ချင်းအတွက် CJDC အဖွဲ့ကနေတဆင့် ခွဲဝေပေးခဲ့ပြီး နောက်ဆုံး ပြီးမြောက်ထားတဲ့ အလယ်ပိုင်း ပရောဂျက်မှာတော့ ပစ္စည်း ၈ စုံစာကို ခွဲဝေချထားပေးဖို့ စီစဉ်ထားကာ ကျန်တဲ့ ရန်ပုံငွေတွေကို ဆက်လက်စီစဉ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ပစ္စည်းနဲ့ ဘဏ္ဍာငွေ ဖြန့်ဝေရေးနဲ့ ပတ်သက်ပြီး မမများနဲ့ပွဲကမယ် အနေနဲ့ သီးသန့်ဆောင်ရွက်တာ မဟုတ်ဘဲ မဟာဗျူဟာအရ ချိတ်ဆက် ဆောင်ရွက်နေတာကြောင့် ထိရောက်မှုရှိပြီး ရှေ့ဆက်ဆောင်ရွက်ရာမှာလည်း တစ်နိုင်ငံလုံးနဲ့ ချမှတ်ထားတဲ့ မဟာဗျူဟာမှာ အားဝင်ဖြည့်ပေးတဲ့ ပုံစံမျိုးဆောင်ရွက်မယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးအတွက် မဟာဗျူဟာအရ လက်နက်တပ်ဆင်ရေးက အရေးပါပြီး အစောပိုင်းကာလမှာ တူမီး၊ မောင်းပြန်၊ လက်နက်ကြီးနဲ့ အခြားသော လက်နက်တွေထိ အဆင့်ဆင့် တပ်ဆင်နိုင်ဖို့ဆောင်ရွက်ခဲ့ရာ မမများနဲ့ပွဲကမယ် ပရောဂျက်ကနေ လက်နက်ကြီး တပ်ဆင်မှုနဲ့ တော်လှန်ရေးအတွက် အတိုင်းအတာ တစ်စုံတစ်ရာထိ အကျိုးပြုခဲ့တာကြောင့် ကျေနပ်အားရမှုရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

MK-009
#MekongNews
#မမများနဲ့ပွဲကမယ်
#နွေဦးတော်လှန်ရေး
#လမ်းများအားလုံးနေပြည်တော်သို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now