မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်စခန်းကို စစ်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦး သေဆုံး

မဲခေါင် 31 Aug - 2023
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံ ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စခန်းတွေကို စစ်တပ်က ဒီနေ့ ဩဂုတ်လ ၃၁ ရက် မနက်ပိုင်းမှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNDF ဗဟို သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၃၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံ ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စခန်းတွေကို စစ်တပ်က ဒီနေ့ ဩဂုတ်လ ၃၁ ရက် မနက်ပိုင်းမှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNDF ဗဟို သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက် ၆ နာရီဝန်းကျင်မှာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို ဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်း အနီးမှာရှိတဲ့ အရပ်သား တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ KNDF က ဆိုပါတယ်။

“လေယာဉ် ၂ စီးနဲ့ လာပတ်ပြီးမှ ဗုံးကြဲသွားတာ။ စစ်ဘေးရှောင် အမျိုးသား တစ်ဦး ဗုံးထိပြီး ဆုံးသွားတယ်။ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ပြောတယ်။ အခု ဗုံးကြဲခံရတဲ့နေရာက တိုက်ပွဲဖြစ်တဲ့ နေရာနဲ့လည်း ဝေးတယ်။ တိုက်ပွဲနဲ့လည်း မဆိုင်ဘူး။ စစ်ဘေးရှောင် ပြည်သူတွေကို တမင်သက်သက် ဗုံးကြဲ တိုက်ခိုက်သွားတာမျိုးလို့ ပြောလို့ရတယ်” စစ်ဘေးရှောင် ပြည်သူတွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှု အတွင်း တိုက်လေယာဉ် ၂ စီးက ဗုံး ၉ လုံး ကြဲချခဲ့တာဖြစ်ပြီး ကျရောက် ပေါက်ကွဲတဲ့ နေရာတဝိုက်က စာသင်ကျောင်းနဲ့ စစ်ရှောင်တဲတချို့ ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် ၄ နာရီကျော်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက် ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုမှာတော့ လူထိခိုက်မှု မရှိဘဲ နေအိမ် အဆောက်အအုံ တချို့ ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ဒီမနက် စစ်ကောင်စီ ကြဲချတဲ့ ဗုံးတစ်လုံးဟာ ပေါက်ကွဲမှု မရှိတာကို တွေ့ရှိရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကမ်းလက် ပရဟိတအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်တဲ့ အဲ့ဒီနေရာတွေဟာ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ အရပ်သား စစ်ရှောင်တွေ နေထိုင်တဲ့ နေရာတွေ ဖြစ်တာကြောင့် စစ်တပ်က အရပ်သားတွေကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာလို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ကရင်နီပြည်နယ်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့ စတဲ့ မြို့နယ်တွေမှာ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေ တိုက်ပွဲ ပြင်းထန်နေပြီး ဆက်သွယ်ရေး ဖြတ်တောက် ခံထားရတာကြောင့် အခြေအနေ အသေးစိတ် သိရဖို့ မဲခေါင်သတင်းဌာန အနေနဲ့ ဆက်သွယ် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲမှာ အကျအဆုံးများနေလို့ လူထုကို ရန်သူလို့ သတ်မှတ်ပြီး ဗုံးကြဲ တိုက်ခိုက်တာ၊ နေအိမ် မီးရှို့တာတွေ လုပ်နေတာကြောင့် စစ်ဘေးရှောင် ပြည်သူများအနေနဲ့ လေယာဉ်သံ ကြားပါက အကာအကွယ် ယူထားဖို့ အရေးကြီးတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီပြည်နယ်ကို စစ်တပ်က လေကြောင်းကနေ ၅၇၂ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု-PKPF က အခုနှစ် ဩဂုတ်လ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

CJ-002 MK-009

#MeKongNews

#ဒီးမော့ဆိုမြို့နယ်

#ဗုံးကြဲ

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now