မြန်မာ့နွေဦး

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ပြည်သူ ၃,၀၀၀ ကျော် ဖျားနာနေပြီး ဆေး၀ါးမလုံလောက်လို့ ဒုက္ခရောက်နေ

မဲခေါင် 3 Oct - 2023
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အလယ်ပိုင်းကစပြီး ပြည်သူ ၃,၀၀၀ ကျော် ဖျားနာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဆေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၃

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အလယ်ပိုင်းကစပြီး ပြည်သူ ၃,၀၀၀ ကျော် ဖျားနာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဆေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖျားနာနေတဲ့ အထဲမှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ ပါဝင်ပြီး လူဦးရေ ၅,၀၀၀ ကျော်ရှိတဲ့အနက် ၃,၀၀၀ ကျော် ဖျားနာနေတယ်လို့ ဆိုပါတယ်။

ဆေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “အခု ဖြစ်နေတာက စစ်ဘေးရှောင် အများစုပေါ့နော်။ ရွာသားတွေလည်း ပါတယ်။ စစ်ဘေးရှောင်တွေကျတော့ အဟာရမပြည့်တော့ ပြန်ကောင်းဖို့က တော်တော် အချိန်ယူရတယ်။ ကျနော်တို့မှာ ဆေးဝါးလည်း အရမ်း ခက်ခဲတယ်။ ပါရာစီတမောတောင်မှ လုံလုံလောက်လောက် မရဘူး။ အလှူရှင်က ရှိတယ်ဆိုရင်တောင် လမ်းကြောင်းက မလွယ်ဘူး” လို့ ပြောပါတယ်။

ရောဂါဖြစ်ပွားတဲ့ နေရာဟာ ဒေါရောက်ခူကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေ ပါဝင်ပြီး ဆေးပေးခန်း တစ်ခုသာ ရှိတာကြောင့် ဆရာဝန်နဲ့ လူနာ မမျှတဲ့အပြင် အခြေခံ ဆေးနဲ့ ဆက်စပ် ပစ္စည်းတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ချောင်းဆိုး၊ ရင်ကျပ်၊ ငှက်ဖျား စတာတွေ ဖြစ်ပွားသူ အနည်းငယ် ပါဝင်တဲ့အပြင် အများစုက မိုးယိုတာကြောင့် အအေးပတ်ပြီး ရာသီတုတ်ကွေး ဖြစ်တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်က ကရင်နီပြည်ထဲကို ဆေးနဲ့ ဆက်စပ်ပစ္စည်း သယ်ယူခွင့် မပေးဘဲ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဆေးတွေ အကုန် သိမ်းဆည်းနေတယ်လို့ စစ်ဘေးရှောင် ကူညီတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ ဆေးနဲ့ဆက်စပ် ပစ္စည်းတွေကို မှောင်ခို လမ်းကြောင်းကနေ သယ်နေရတာကြောင့် အရေအတွက် အကန့်အသတ် ရှိနေပြီး ရာသီတုတ်ကွေး ဖြစ်ပွားသူတွေ ပိုများလာမှာကို ကူညီတဲ့ ဆေးအဖွဲ့ တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

CJ-007

#MekongNews

#ဒီးမော့ဆို

#တုတ်ကွေး

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now