မြန်မာ့နွေဦး

ထောင်ကျနေတဲ့ ပဲခူးခရိုင် ဗကသ ဒုဥက္ကဋ္ဌကို စစ်တပ်က ပစ်သတ်လိုက်ပြီ လို့ဆို

မဲခေါင် 8 Jul - 2023
မဲခေါင်၊ ဇူလိုင် ၈ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ပဲခူးခရိုင် ဗကသ ဒုတိယဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့သတင်းရကြောင်း ဗကသများအဖွဲ့ချုပ်က ဒီနေ့ ဇူလိုင် ၈ ရက်မှာထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၈

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ပဲခူးခရိုင် ဗကသ ဒုတိယဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့သတင်းရကြောင်း ဗကသများအဖွဲ့ချုပ်က ဒီနေ့ ဇူလိုင် ၈ ရက်မှာထုတ်ပြန်ပါတယ်။

ဗကသရဲဘော် ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို အခုနှစ် မေလ ၂၈ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံတွေက ခေါ်ထုတ်သွားခဲ့ရာ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး သတင်းပြန်ရချိန်မှာ ကျဆုံးသွားတာကိုသိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“သူနဲ့နီးစပ်သူတွေကတဆင့် စုံစမ်းသိရတာက ကျိုက်ဇကောထောင်ကနေ သာယာဝတီထောင်ကို ရွှေ့ပြောင်းချိန်မှာ အချုပ်ကားမှောက်တယ်။ အချုပ်ကားမှောက်ချိန်မှာ ထွက်ပြေးမှာစိုးရိမ်တာနဲ့ခြောက်ပစ်ပစ်ရင်းလက်လွန်သွားတယ်လို့ သတင်းကြားရတယ်ပြောတယ်” လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

အသက် ၂၀ ကျော်အရွယ် ဗကသရဲဘော်ခန့်လင်းနိုင် ကျဆုံးကြောင်းကို ထောင်ကနေ မိသားစုထံစာပို့အကြောင်းကြားတယ်လို့သိရပြီး မိသားစုဝင်တွေအနေနဲ့အလောင်းကိုမတွေ့ရသလို သင်္ဂြိုဟ်ခွင့်လည်းမရခဲ့ဘူးလို့ သူကဆက်ပြောပြပါတယ်။

ပဲခူးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုခန့်လင်းနိုင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က အဝေးပြေးကားလမ်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ကားပေါ်ကနေဆွဲချဖမ်းဆီးတာကိုခံခဲ့ရပြီး ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နဲ့ ကျိုက်ဇကောထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

“ဗကသရဲဘော်တွေအပါအဝင် ပြည်သူလူထုအပေါ် အကြမ်းဖက်ဖမ်းဆီးညှင်းပန်း နှိပ်စက်သတ်ဖြတ်တာတွေဟာ ဖက်ဆစ်တပ်က စစ်ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိကျူးလွန်နေတာဖြစ်တယ်။ ဒီလုပ်ရပ်အတွက် ဖက်ဆစ်တပ်မှာ အပြည့်အဝတာဝန်ရှိတယ်။ တနေ့မှာ ပြည်သူလူထုရဲ့တရားစီရင်မှုကို ဖက်ဆစ်တွေအနေနဲ့ မလွဲမသွေ ခံကြရလိမ့်မယ်” လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ စစ်အုပ်စုလက်ချက်ကြောင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀၆) ဦးဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်ထိ (၇၁၆) ဦးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး အဲ့ဒီထဲက (၁၃၈) ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲက (၇) ဦးကိုတော့ စစ်ကောင်စီလက်အောက်ခံတွေက သေဒဏ်ချမှတ်ထားတယ်လို့ AAPP က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

MK – 009

#MeKongNews

#ဗကသ

#ကိုခန့်လင်းနိုင်

#စစ်ကောင်စီ

#ပစ်သတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now