မြန်မာ့နွေဦး

တော်လှန်ရေးကာလအတွင်း ကရင်နီပြည် ကလေးငယ်များ ပညာသင်ကြားခွင့်ရဖို့ ဆောင်ရွက်မယ်လို့ IEC ဆို

မဲခေါင် 15 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၅ တော်လှန်ရေး ကာလ အတွင်း ကရင်နီပြည်ရှိ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားခွင့် ရရှိရေး အတွက် ဆောင်ရွက်မယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ-IEC က ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၅

တော်လှန်ရေး ကာလ အတွင်း ကရင်နီပြည်ရှိ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားခွင့် ရရှိရေး အတွက် ဆောင်ရွက်မယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ-IEC က ပြောပါတယ်။

ဒီကနေ့ ထုတ်လွှင့်တဲ့ IEC ပညာရေးဌာနရဲ့ လုပ်ဆောင်ချက်များ ပြည်သူသို့ တင်ပြခြင်း အစီအစဉ်မှာ IEC တာဝန်ရှိသူ တစ်ဦးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တစ်ချိန်ထဲမှာပဲ အုပ်ချုပ်ရေးစနစ်များကို ဖော်ဆောင်ပြီး အရေးတကြီး လိုအပ်နေတဲ့ လူထု ဝန်ဆောင်မှု လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ ပညာရေး ကဏ္ဍကို အားပေးမြှင့်တင်တာကလည်း တော်လှန်ရေး အမြန် ပြီးမြောက် အောင်မြင်ဖို့ရာ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါကြောင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ အနေနဲ့ ယခု တော်လှန်ရေး ကာလမှာ ကရင်နီပြည်ရှိ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားခွင့် ရရှိရေး အတွက် တတ်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ IEC တာဝန်ရှိသူက ပြောပါတယ်။

IEC အနေနဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်နဲ့ ၂၀၂၄-၂၅ ပညာသင်နှစ်တွေမှာ ဆရာ၊ ဆရာမ ၃,၅၀၀ ဦးအတွက် အခြေခံ ထောက်ပံ့ကြေးတွေ ပေးအပ်နိုင်ဖို့ စီစဉ်ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ပညာသင်ကြားနိုင်ရေး ကရင်နီပြည်တွင်းရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့များ၊ ဆရာ ဆရာများ သမဂ္ဂ၊ ကျောင်းသား သမဂ္ဂ၊ ယာယီ တက္ကသိုလ် ကောင်စီ၊ တိုင်းရင်းသားပညာရေးဌာနတွေအပြင် ကရင်နီပြည်အတွင်း ပညာရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ အစုအဖွဲ့တွေနဲ့ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်မယ်လို့ IEC ကပြောပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ-KSCC ရဲ့ ကြားကာလ အစီအမံပါ ပညာရေးဆိုင်ရာ ပြဌာန်းချက်တွေနဲ့ အညီ ကြားကာလ အတွင်း ပညာရေးလုပ်ငန်းတွေကို ပညာရေး အင်အားစု အသီးသီးနဲ့ ပူးပေါင်း အကောင်အထည်ဖော်မယ်လို့ IEC က ကြေညာပါတယ်။

ဒါအပြင် ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ လိုအပ်နေတဲ့ ကျောင်းသုံး ဖတ်စာအုပ်များ၊ ဆရာကိုင် သင်ရိုးစာအုပ်များကို ထောက်ပံ့မှာဖြစ်ပြီး ကျောင်းစီမံခန့်ခွဲမှု လုပ်ငန်း အတွက် လိုအပ်တဲ့ ရံပုံငွေများကိုလည်း ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းနေတယ်လို့ IEC ကပြောပါတယ်။

တော်လှန်ရေး စတင်ချိန်ကစလို့ လက်ရှိအချိန်ထိ CDM ပြုလုပ်ပြီး ကျောင်းသူ ကျောင်းသားတွေ ပညာသင်ကြားမှု မပြတ်လပ်ဖို့ အနစ်နာခံ ဆောင်ရွက်နေတဲ့ ဆရာ ဆရာမတွေနဲ့ လက်ရှိ ခက်ခဲနေတဲ့ ကာလမှာ စေတနာ့ ဝန်ထမ်း ဆရာ ဆရာမတွေရဲ့ ကြိုးပမ်းမှု ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း မမေ့မလျော့ အသိအမှတ် ပြုတယ်လို့လည်း IEC ကဆိုပါတယ်။

ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေး ကောင်စီ အနေနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းများ အတွက် ဦးစားပေး ဌာန ၇ ခုကို ဖွဲ့စည်းပြီး စတင် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

CJ-002

#MekongNews

#ကရင်နီပြည်

#IEC

#တော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now