မြန်မာ့နွေဦး

တောင်လေးလုံးထောင်မှ နိုင်ကျဉ်းအများစု မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ခံရ

မဲခေါင် 6 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ ညောင်ရွှေထောင်-တောင်လေးလုံးထောင်ရှိ အမျိုးသားဆောင်မှ နိုင်ငံရေး အကျဉ်းသား အများစု ပြီးခဲ့တဲ့ အပတ်တွင်းက မန္တလေး၊ အိုးဘိုထောင်သို့ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ ညောင်ရွှေထောင်-တောင်လေးလုံးထောင်ရှိ အမျိုးသားဆောင်မှ နိုင်ငံရေး အကျဉ်းသား အများစု ပြီးခဲ့တဲ့ အပတ်တွင်းက မန္တလေး၊ အိုးဘိုထောင်သို့ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။

အခုလို ထောင်ပြောင်းရွှေ့ခံရတာဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တောင်လေးလုံး ထောင်ဖောက်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့လို့ ယခုအချိန်ထိ ထောင်ဝင်စာ အပိတ်ခံထားရတဲ့ နိုင်ကျဉ်းတွေ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

“အိုးဘိုထောင်ထဲ ရောက်နေတဲ့ အသိတစ်ယောက်ရဲ့ အိမ်ကနေ တဆင့် စာရေး ဆက်သွယ်လာတာ။ ထောင်ဖောက်တယ်လို့ သူတို့ ခေါင်းစဉ်တပ်ထားတဲ့ထဲ ပါတဲ့ သူတွေ ရွှေ့ခံရတာ ဆိုတော့ အယောက် ၄၀ လုံး ပါတယ် ထင်တယ်။ ခန့်မှန်းခြေ အရင်အပတ်လောက်က ရွှေ့ခံရတာလို့ ထင်ရတယ်။ မိသားစုတွေကို အကြောင်းမကြားတော့ သေသေချာချာ မသိရဘူး” လို့ နိုင်ကျဉ်း တစ်ဦးရဲ့ မိသားစုဝင်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အဲ့ဒီ ထောင်ဖောက်မှု ဖြစ်စဉ်ဟာ ထောင်ဝန်ထမ်း တစ်ဦးကို အကျဉ်းသားတွေက ကတ်ကြေးနဲ့ထိုးတဲ့ ဖြစ်စဥ် ဖြစ်ပြီး ထောင်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီက အဖြစ်မှန်ကိုဖုံးကွယ်ပြီး ထောင်ဖောက်ပြေးမှုလို့ ဝါဒဖြန့်ခဲ့တာ ဖြစ်တယ်လို့ စာရေးဆက်သွယ်လာတဲ့ အကျဉ်းသား တစ်ဦးရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

“သူတို့ထောင်ထဲမှာ အရမ်းဆိုးတဲ့ ထောင်ဝန်ထမ်း တစ်ယောက်က နိုင်ကျဉ်းတွေကိုဆို မထိတထိ အရမ်းပြောတာတဲ့။ အဲ့ထောင်ဖောက်တဲ့ နေ့ကလည်း အဲ့ဝန်ထမ်းကို နိုင်ကျဉ်း ၁၃ ယောက်၊ အဲ့ထဲမှာ ဆရာသော် လည်းပါတယ်။ ဆရာသော် က ကတ်ကြေးနဲ့ ပြေးထိုးတာ။ ကတ်ကြေးက အပျော့ပဲ ပေးထားတော့ ဝန်ထမ်းက သိပ်မထိသွားဘူး။ ဆရာသော် ကိုတော့ သေနတ်နဲ့ ဝိုင်းပစ်လို့ ဆုံးသွားတာ။ အခုတော့ အဲ့ဝန်ထမ်းကိုလည်း ပြောင်းလိုက်ပြီ” လို့ နောက်ထပ် နိုင်ကျဥ်း မိသားစုဝင် တစ်ဦးက ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တယ် ဆိုတဲ့ အကျဉ်းသား ၁၃ ယောက်အပြင် တဆောင်ထဲနေတဲ့ ကျန်အကျဉ်းသား ၂၇ ယောက်၊ စုစုပေါင်း အယောက် ၄၀ ကိုပါ ၄ လကျော် ထောင်ဝင်စာပို့ခွင့် ပိတ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံး အပတ်ထဲမှာ အိုးဘိုထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ သိရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းက နိုင်ငံရေး အကျဉ်းသားတွေ အိုးဘိုထောင်ကို ပြောင်းရွှေ့ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး မဲခေါင်သတင်းဌာန အနေနဲ့ ထပ်မံ အတည်ပြုနေဆဲ ဖြစ်ပါတယ်။

အခုလို နိုင်ကျဥ်းတွေ ထောင်ပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေက ဆက်သွယ် အကြောင်းကြားတာ မရှိဘူးလို့ မိသားစု၀င်တွေက ဆိုပါတယ်။

CJ-001

#MeKongNews

#တောင်လေးလုံးထောင်

#နိုင်ကျဉ်း

#ထောင်ရွှေ့

#အိုးဘိုထောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now