မြန်မာ့နွေဦး

တောင်ကြီးမှာ မှတ်ပုံတင်စမတ်ကတ်ပါမှ ပတ်စ်ပို့ လုပ်ပေးတော့မယ်လို့ ပွဲစားတွေဆို

မဲခေါင် 31 Mar - 2024
ရှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ပတ်စ်ပို့ရုံး)မှာ မှတ်ပုံတင်ကို စမတ်ကတ် ပြောင်းလဲထားမှသာ ပတ်စ်ပိုစ့် ပြုလုပ်ခွင့် ပေးတော့မယ်လို့ ပွဲစားတွေက ပြောပါတယ်။

မဲခေါင်၊​ မတ် ၃၁

ရှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ပတ်စ်ပို့ရုံး)မှာ မှတ်ပုံတင်ကို စမတ်ကတ် ပြောင်းလဲထားမှသာ ပတ်စ်ပိုစ့် ပြုလုပ်ခွင့် ပေးတော့မယ်လို့ ပွဲစားတွေက ပြောပါတယ်။

အခုလို သတ်မှတ်ချက်ကို ဧပြီလ ၂၂ ရက်နေ့ နောက်ပိုင်းကစပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး စမတ်ကတ် မပြောင်းလဲရသေးသူတွေ အနေနဲ့ အမြန်ဆုံး ပြုလုပ်ကြဖို့ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်း လှည့်လည်ကြေညာနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလိုလုပ်တာဟာ စစ်ကောင်စီရဲ့ နောက်ထပ်တင်းကြပ်မှုတစ်ခုဖြစ်ပြီး ပတ်စ်ပို့ပြုလုပ်မယ့်သူတွေအတွက် အခက်တွေစေတယ်လို့ ပတ်စ်ပို့ပြုလုပ်ဖို့ ကြိးစားနေသူတစ်ဦးက ပြောပါတယ်။

“တိုကင်ရထားတာက ၈ လပိုင်းပေါ့။ ဒီကြားထဲ စမတ်ကတ် ပြောင်းထားမှ ဆိုတော့ သေပြီပေါ့။သူတို့ လုပ်ပေးတုန်းက စစ်မှုထမ်းဖို့ အချက်အလက် ယူတယ်ဆိုလို့ မလုပ်ထားရဘူး။ အခုတော့ ချည်တုတ်ပြီး ရိုက်သလိုပဲ။ လုပ်တော့လည်း စစ်မှုထမ်းဖို့ အချက်အလက်ဝင်မယ်။ မလုပ်တော့လည်း ပတ်စ်ပိုစ့်မရရင် ထွက်ပြေးလို့ မရဘူး” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ်လ အစပိုင်းကတည်းက တောင်ကြီးမြို့ ရပ်ကွက်အားလုံး နီးပါးမှာ လူငယ်တွေကို စမတ်ကတ် ပြောင်းလဲဖို့ အစည်းအဝေး ခေါ်ယူခဲ့ပြီး ရောက်ရှိလာတဲ့အချိန်မှာ စစ်မှုထမ်းဥပဒေကိုပါ ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

တောင်ကြီးမြို့မှာ မှတ်ပုံတင်ကို စမတ်ကတ်ပြောင်းလဲဖို့အတွက် ဒေသအာဏာပိုင်တွေက အတင်းတွန်းအားပေးနေပြီး ဒီလိုတွန်းအားပေးတာဟာ စစ်မှုထမ်းဥပဒေအတွက် အချက်လိုချင်တာကြောင့်လို့လည်း မြို့ခံတွေက ယူဆနေပါတယ်။

ပြည်ပထွက်ခွါမယ့် လူငယ် တစ်ဦးက “တိုကင်တော့ မမီလိုက်ဘူး။ သူတို့က ဒီလိုလုပ်မှ ပတ်စ်ပိုစ့်ပေးမယ် ဆိုရင်လည်း မလုပ်ဘူးပေါ့။ အောက်လမ်းကနေပဲ ကူးမယ်။ စမတ်ကတ်လုပ်တာဟာ စစ်မှုထမ်းဖို့ အချက်အလက်ပေးတာ ဖြစ်တဲ့အတွက် ကျနော်ကတော့ လူငယ်အားလုံးကို မလုပ်စေချင်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက)ရုံးဟာ စမတ်ကတ် လဲလှယ်ပေးတဲ့အချိန်မှာ မပါဝင်ခဲ့သူတွေကို နောက်ပိုင်း ရုံးမှာပြန်လုပ်ပေးခဲ့ပေမယ့် ငွေကြးအဆမတန်တောင်းခံမှုတွေ ကြုံနေရတာကြောင့် အခုမှ လုပ်မယ့် ပြည်သူတွေအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ဒီဂျစ်တယ်စနစ်ထဲထည့်သွင်းပြီး Smart Card ထုတ်ပေးမယ့် အစီအစဉ်ကို အာဏာသိမ်းစစ်တပ်က တွန်းအားပေးအကောင်အထည်ဖော်နေတာ ဖြစ်ပြီး အဲဒီစနစ်ကို UID (Unique ID or Unique Identification Number) လို့ အမည်ပေးထားပါတယ်။

UID စနစ်မှာ မှတ်ပုံတင်၊ ဖုန်းနံပတ်၊ ဘဏ်အကောင့်၊ ကိုယ်ရေးအချက်အလက်၊ ဆွေးမျိုးစဉ်ဆက်၊ နေရပ်လိပ်စာအပါအဝင် အချက်အလက်တွေအကုန်လုံးကို ချိတ်ဆက်သွားမှာဖြစ်ပြီး ဒီလိုစနစ်မျိုးဟာ နိုင်ငံတိုးတက်ရေးအတွက် အရေးပါပေမယ့် စစ်အာဏာရှင်လက်ထက်မှာတော့ သူ့ကိုဆန့်ကျင်တဲ့သူတွေကို ဖိနှိပ်ဖို့သက်သက်သာဖြစ်တယ် လေ့လာသုံးသပ်သူတွေက ယူဆထားပါတယ်။

CJ – 007

ပုံ – တောင်ကြီးမြို့ရှိနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တိုကင်တန်းစီနေစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now