မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ လျှပ်စစ်မီတာမဆောင်တဲ့ နေအိမ်တွေကို မီတာဖြုတ်သိမ်း တရားစွဲမယ်လို့ ခြိမ်းခြောက်နေ

မဲခေါင် 28 Aug - 2023
ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့မှာ လျှပ်စစ်မီတာ မဆောင်တဲ့ နေအိမ်တွေကို မြို့နယ်လျှပ်စစ်ရုံး-EPC နဲ့ မီတာ ကောက်ခံခွင့် ရထားတဲ့ ကန်ထရိုက် လင်းသီဟကုမ္ပဏီက မီတာ ဖြုတ်သိမ်း တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၂၈

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့မှာ လျှပ်စစ်မီတာ မဆောင်တဲ့ နေအိမ်တွေကို မြို့နယ်လျှပ်စစ်ရုံး-EPC နဲ့ မီတာ ကောက်ခံခွင့် ရထားတဲ့ ကန်ထရိုက် လင်းသီဟကုမ္ပဏီက မီတာ ဖြုတ်သိမ်း တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဩဂုတ်လ အစပိုင်းကပြီး မြို့မ၊ စိန်ပန်း၊ ရွှေတောင်၊ ရေအေးကွင်း၊ ဘုရားဖြူ၊ ကျောင်းကြီးစု၊ ကံကြီး စတဲ့ ရပ်ကွက်တွေမှာ မီတာဆောင်ဖို့ အခုလို ဖိအားပေးနေတာလို့ ဆိုပါတယ်။

မြို့မရပ်ကွက်မှာ နေထိုင်တဲ့ လျှပ်စစ်မီတာ ဖြုတ်ခံရသူ တစ်ဦးက “မီတာ မဆောင်တာ ၂ နှစ်ကျော် ကြာသွားလို့ အကုန် လာဖြုတ်သွားတာ။ မီတာဘောက်က ၃ လုံး။ ၂ လုံးအတွက် ရုံးမှာ သွားဆောင်တော့ လက်မခံဘူး။ ကြွေးကျန်လို့ တရားစွဲဖို့ တရားရုံး တင်ထားတယ်တဲ့။ တောင်ကြီးက လူတွေက သိတဲ့အတိုင်း တရားစွဲတာတို့၊ တရားရုံးတို့ဆို သေအောင်ကြောက်တာ။ ပုဒ်မလည်း မသိကြဘူးလေ။ အဲတာနဲ့ EPC လူကြီးကို တောင်းပန်ပြီး ငွေသွင်းခဲ့ရတယ်” လို့ ပြောပါတယ်။

အရင်က မီတာကြွေးကျန်ပါက မြို့နယ် EPC ကို ရက်လွန်ကြေး စုစုပေါင်း ၃,၀၀၀ ကျပ်သာ ပေးဆောင်ရပေမယ့် လက်ရှိ တစ်လချင်းကို ၃,၀၀၀ ကျပ် ပေးဆောင်နေရတာကြောင့် နစ်နာမှုတွေ ရှိတယ်လို့ ကျောင်းကြီးစု ရပ်ကွက်နေ မီတာကြွေးကျန်သူ တစ်ဦးက ပြောပါတယ်။

“အရင်ကဆို တစ်လကျန်လည်း ၃,၀၀၀ (ကျပ်) ၆ လ ကျန်လည်း ၃,၀၀၀ ။ အခုက တစ်ရွက် ၃,၀၀၀ ဆိုတော့ ဆောင်ရတဲ့ မီတာကြေးထက် ဒဏ်ကြေးက ပိုများနေတယ်။ အိမ်မှာက တစ်လကို ၂,၅၀၀ ပဲ ကျတာလေ။ ဒဏ်ကြေးက ၃,၀၀၀ ဆိုတော့ စဉ်းစားကြည့်လေ။ တစ်နှစ်စာပဲ ၃၆,၀၀၀ ကျနေပြီ” လို့ပြောပါတယ်။

အရင်နှစ်ကလည်း လျှပ်စစ်မီတာ ဖြတ်တောက်ခံရတဲ့ နေအိမ်တွေ မီတာကြေး ပေးဆောင်ပြီးနောက် ပြန်လည် တပ်ဆင်လိုပါက ၂၀,၀၀၀ ကျပ်ဝန်းကျင်သာ ပေးဆောင်ရပေမယ့် လတ်တလောမှာတော့ မြို့နယ် EPC နဲ့ လင်းသီဟကုမ္ပဏီက တောင်းသလောက် ပေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်ကြီးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်မြို့လုံးနီးပါး မီတာ မဆောင်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းကစပြီး မဆောင်တဲ့ အိမ်တွေကို လျှပ်စစ်မီး ဖြတ်တောက်လာတာကြောင့် မီတာပြန်ဆောင်သူ များလာပြီး မြို့နယ် EPC နဲ့ လင်းသီဟကုမ္ပဏီက အခုလို ခြိမ်းခြောက် ကောက်ခံနေတာလို့ သိရပါတယ်။

CJ-007

#MeKongNews

#တောင်ကြီးမြို့

#EPC

#လင်းသီဟကုမ္ပဏီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now