မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ ယာဉ်ထိန်းရဲတွေ လိုင်စင်မဲ့ကားဖမ်းပြီး တစ်စီး ကျပ်သိန်းချီတောင်းနေ

မဲခေါင် 9 Nov - 2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စူဠာမုနိဘုရား အဆင်းလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းဆုံမှာ ယာဉ်ထိန်းရဲတွေ လိုင်စင်မဲ့ကား ဖမ်းပြီး တစ်စီး ကျပ်သိန်းဆယ်ချီ တောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မဲခေါင်၊ နို၀င်ဘာ ၁၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စူဠာမုနိဘုရား အဆင်းလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းဆုံမှာ ယာဉ်ထိန်းရဲတွေ လိုင်စင်မဲ့ကား ဖမ်းပြီး တစ်စီး ကျပ်သိန်းဆယ်ချီ တောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့က စပြီး လိုင်စင်မဲ့ကား မှန်သမျှ စစ်ဆေး တောင်းရမ်းနေတာဖြစ်ရာ နို၀င်ဘာလ ၆ ရက်နေ့မှ ဖမ်းဆီးခံရလို့ ကျပ် သိန်း ၅၀ ပေးလိုက်ရတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောပါတယ်။

“အဖေ့ကား ဖမ်းတာ W ဆိုတော့ သိန်းဆယ်ချီ ပေးခဲ့ရတယ်။ အမြတ်လေး နဲနဲပါးပါး ရလိုရညား အောက်ဈေး ပေးဝယ်လိုက်တာ။ ကားက အကောင်းစားလည်း မဟုတ်ပါဘူး။ နဂိုကတည်းက အဆင်မပြေတဲ့အထဲ ပါပါတယ်။ ပင်စင်မယူခင်က စုထားတာ အကုန်ပေးလိုက်ရတယ်။ ၅၀ တောင်းတာတော့ လွန်ပါတယ်” လို့ သူကပြောပါတယ်။

လိုင်စင်မယ့်ကား ဖမ်းရာမှာ သာမန် ပြည်သူတွေကို ၅ သိန်းကနေ ကျပ်သိန်းဆယ်ချီ တောင်းပေမယ့် ဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် မိသားစုဝင်တွေကိုတော့ ကျပ်သောင်းဂဏန်းသာ တောင်းတယ်လို့ ဆိုပါတယ်။

“ဖမ်းချင် အဝင်တွေလည်း ပိတ်ဖမ်းပေါ့။ နယ်စပ်ကနေ ပေးဝင်ပြီး ဒီရောက်မှ ဖမ်းမယ် ဆိုတာက မဟုတ်သေးဘူးလေ။ ခေတ်ပျက်ကြီးထဲမှာ မသထာရေစာ တောင်းစားနေကြတာ” လို့ ငွေကျပ် ၂ သိန်း ပေးခဲ့ရသူ တစ်ဦးက ပြောပါတယ်။

ခေတ်အဆက်ဆက် တောင်ကြီးမြို့ ပွဲတော်ကာလတွေမှာ လိုင်စင်မဲ့ ယာဉ်တွေ အားလုံး ခွင့်ပြုထားပေမယ့် ဒီနှစ် တန်ဆောင်တိုင်ပွဲတော် နီးကပ်လာချိန် အခုလို ဖမ်းဆီးတာကြောင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေ အနေနဲ့ ရသမျှ တောင်းယူ ထွက်ပြေးဖို့ ပြင်ဆင်နေတာကို ဖော်ပြနေတယ်လို့ နိုင်ငံရေး စောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၊ ထွေအုပ်၊ ရဲတွေ ပူးပေါင်းပြီး ကရင်ပြည်နယ်၊ မြဝတီဘက်ကနေ ရှမ်းပြည်နယ် တောင်ပိုင်းကို တစ်ရက်ပျမ်းမျှ လိုင်စင်မဲ့ကား အစီး ၂၀ အထိ တင်သွင်းနေတယ်လို့ စုံစမ်းသိရပါတယ်။

CJ-007

#MeKongNews

#တောင်ကြီးမြို့

#လိုင်စင်မဲ့_ကား

#ယာဥ်ထိန်းရဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now