ဒေသတွင်းသတင်း

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

မဲခေါင် 24 Apr - 2024
အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၂၄

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအခြေစိုက် အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

IWU အနေနဲ့ မနေ့ (ဧပြီ ၂၃) ရက်မှာ ပျားစစ်ကြောင်း ကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပြီး ဧပြီ တစ်လအတွင်း ၃ ကြိမ်တိတိ လှူဒါန်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

IWU အတွင်းရေးမှူး မကြိုးကြာ က“အရင်ကလည်း ကျွန်မတို့ လှူခဲ့တာတွေ ရှိတယ်ပေါ့နော်၊ ၁၀၀၃ တို့တွေရောပေါ့၊ အဲ့ဒါကတော့ နည်းနည်း ကြာသွားပြီပေါ့၊ လောလောဆယ် ကျွန်မတို့လှူပေးခဲ့တာကတော့ ၁၀၀၆ ရယ်၊ ၁၀၀၉ ရယ်၊ ဗျူဟာ ၂ ရယ်၊ ပျားစစ်ကြောင်း တို့ဖြစ်တယ်ပေါ့နော်၊ ဒီရှမ်းတောင်မှာရှိတဲ့ အဖွဲ့တွေပေါ့၊ တခြားအဖွဲ့တွေလည်း လှူဖို့ ကျန်နေသေးတာပေါ့နော်၊ အဲ့ဒါတွေလည်း လှူနိုင်ဖို့ ကျွန်မတို့ ကြိုးစားနေတယ်ပေါ့နော်” လို့ ပြောပါတယ်။

ပြည်သူတချို့က ထည့်၀င်ပေးလာတဲ့ ငါးခြောက်၊ ကြက်သွန်၊ မြေပဲ၊ ငရုတ်သီး တို့နဲ့အတူ IWU အနေနဲ့ လိုအပ်တာတွေ စိုက်ထုတ်ပြီး IWU အဖွဲ့၀င်တွေက ကြော်လှော်ထုပ်ပိုးကာ သက်ဆိုင်ရာတပ်ရင်းတွေဆီကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို ရာသီဥတု ပူပြင်းတဲ့ ကာလမျိုးမှာ ရှေ့တန်းထွက်နေရတဲ့ တော်လှန်ရေး တပ်သားတွေအတွက် ရေနဲ့အဆာ ပြေမုန့်တွေ လိုအပ်နေပြီး IWU အနေနဲ့ နောက်ထပ် လှူဒါန်းနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

“အရင်ကတော့ ကျမတို့အဖွဲ့ထဲက သူ့ချိတ်အဆက်နဲ့သူထည့်ဝင်လှူဒါန်းတာပေါ့၊ အခုလိုမျိုး လိုင်းပေါ်မှာတော့ အလှူမခံဖူးဘူး ဒါပေမဲ့ ပါဝင်ချင်တယ်ဆိုရင် ကျမတို့အင်းလေးအမျိုးသမီးသမဂ္ဂ page ကိုဆက်သွယ်လှူဒါန်း နိုင်ဖို့တော့ လုပ်ထားပါတယ်ရှင့်၊ အဲဆိုရင်တော့ကျမတို့အနေနဲ့ certificate ထုတ်ပေးမှာဖြစ်ပါတယ်ရှင့် ” လို့ မကြိုးကြာက ဆက်ပြောပြပါတယ်။

အခု ဧပြီလ တစ်လတာအတွင်း ၅ ရက် ၊ ၈ ရက် နဲ့ ၂၃ ရက် တို့မှာ ပျားစစ်ကြောင်းနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ အလယ်ပိုင်းတိုင်း စစ်ဆင်ရေး ၁၀၀၉၊ ၁၀၀၆ စတဲ့ တပ်ရင်းတွေအပြင် ဖေဖော်၀ါရီလ ၂၁ ရက်နေ့ကလည်း ဗျူဟာ ၂ ကို လှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။

အင်းလေးဒေသအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အမျိုးသမီး အဖွဲ့အစည်းအနေနဲ့ ၂ ဖွဲ့ရှိပြီး အဲ့ဒီအဖွဲ့တွေက တော့ IWU နဲ့ Justice Movement For Community – Innlay (JMC) ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MK_015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now