မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေလို့ စစ်တပ် ရိက္ခာယာဥ်တန်း ဖရူဆိုမြို့ထဲမှာ သောင်တင်နေ

မဲခေါင် 2 Oct - 2023
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တောင်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေလို့ စစ်တပ် ရိက္ခာယာဥ်တန်း ဖရူဆိုမြို့ထဲမှာ သောင်တင်နေတယ်လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေးမှူး ခွန်းဖရန့်စစ် က မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေလို့ စစ်တပ် ရိက္ခာယာဥ်တန်း ဖရူဆိုမြို့ထဲမှာ သောင်တင်နေတယ်လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေးမှူး ခွန်းဖရန့်စစ် က မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

ဖရူဆို-ဘောလခဲကြား၊ ထားလဲကျေးရွာ အနီးတစ်၀ိုက် စစ်ကောင်စီ အင်အား ၃၀၀ ထက်မနည်း အသုံးပြု ထိုးစစ်ဆင်နေပြီး မယ်စဲ့နဲ့ ရှားတောဘက် ပို့ဆောင်မဲ့ ရိက္ခာယာဥ် ၃၀ ကျော် လုံခြုံဖို့ ကြိုးစားနေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ယာဥ်တန်း ရှေ့မဆက်နိုင် ဖြစ်နေတယ်လို့ ဆိုပါတယ်။

“လက်ရှိ တိုက်ပွဲက ဖရူဆိုနဲ့ ဘောလခဲကြားမှာ ပြင်းထန်ပြီး စစ်ကောင်စီနဲ့ ရိက္ခာယာဥ်တန်းတွေက လက်ရှိ ဖရူဆိုမြို့ထဲမှာ ရှိပါသေးတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာမှာဆို အင်အား ၃၀၀ အထက်ပဲ စကစ က။ ပြည်သူတွေတော့ မရှိပါဘူး” လို့ ကိုခွန်းဖရန့်စစ် ကရှင်းပြပါတယ်။

အဆိုပါ စစ်ကား ၃၀ ကျော်ဟာ လွိုင်ကော်ကနေ မယ်စဲ့နဲ့ ရှားတောဘက် ဦးတည်နေတဲ့ စစ်ယာဥ်တန်းထဲက ဖြစ်ပြီး လက်ရှိ ဖရူဆိုမြို့ထဲမှာ ရပ်တန့်ထားကာ စစ်ကားတွေကို မိုးကာအုပ်ထားလို့ ဘာတွေ တင်ဆောင်လာတယ် ဆိုတာ တိတိကျကျ မသိနိုင်ဘူးလို့ ဆိုပါတယ်။

အရင်က လွိုင်ကော်က လာတဲ့ စစ်တပ် ထောက်ပို့ယာဥ်တွေဟာ မယ်စဲ့၊ ရှားတော ဘက်ကို အများဆုံး တစ်ရက်သာ သွားရပေမဲ့ တော်လှန်ရေး အင်အားစုတွေက နယ်မြေ စိုးမိုးလာပြီးနောက် တိုက်ပွဲနဲ့ စစ်ရေး အခြေအနေပေါ် မူတည်ပြီး ရက်အတန်ကြာ ပိတ်မိလေ့ရှိတယ်လို့ သိရပါတယ်။

ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦး ကတော့ “ဟိုလို ပိတ်မိတယ် ဆိုတာထက် နယ်မြေ အခြေအနေကို ကြည့်တဲ့ သဘောပါပဲ။ တိုက်ပွဲတွေကြား သူတို့ (စစ်ကောင်စီယာဥ်တန်း) လည်း ဖြတ်ဖို့ မရဲဘူးလေနော်။ တိုက်ပွဲမှာတော့ လောလောဆယ် သိရသလောက်ကတော့ ကျွန်တော်တို့ဘက်ကလည်း ထိခိုက် ကျဆုံးမှုရှိတယ်။ ဒါပေမဲ့ စကစ ဘက်က ထိခိုက် သေဆုံးမှု ပိုများတယ်။ ထိုးစစ်နဲ့ ခံစစ်က ခံစစ် ပိုသာတယ်လေ” လို့ သူက ရှင်းပြပါတယ်။

လက်ရှိ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ယာဥ်တန် အနည်းငယ် ရှေ့ဆက်နိုင်ဖို့ လက်နက်ကြီးနဲ့ ပစ်ကူယူနေရသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ သူကဆိုပါတယ်။

အဆိုပါ တိုက်ပွဲ အခြေအနေ၊ ၂ ဖက် ထိခိုက် ကျဆုံးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဘောလခဲ PDF နဲ့ ဖရူဆို PDF တို့ကို မဲခေါင်သတင်းဌာန အနေနဲ့ ဆက်သွယ် မေးမြန်းနေပေမဲ့ လတ်တလော ဖုန်းလိုင်းတွေ ပြတ်တောက်နေပါတယ်။

ဖရူဆို-ဘောလခဲကြား တိုက်ပွဲ အတွင်း စစ်ကြောင်းမှူး ကာဗြေလယ် စက်တင်ဘာ ၂၇ ရက်က ကျဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ရင်း (၅) က ထုတ်ပြန်ထားပါတယ်။

MK-007

#MekongNews

#ဖရူဆို-ဘောလခဲ

#ရိက္ခာယာဥ်တန်း

#KNDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now