မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်း-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်မှာ ဆန်နဲ့စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်

မဲခေါင် 26 Jun - 2023
မဲခေါင်၊ ဇွန် ၂၆ ရှမ်း-ကရင်နီ နယ်စပ်နဲ့ ကရင်နီပြည်နယ်တွင်းမှာ မိုးရာသီ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုနဲ့ တိုက်ပွဲ တွေကြောင့် ဆန်နဲ့ စားသောက်ကုန် ဈေးနှုန်းတွေ အားလုံး အဆမတန် မြင့်တက်နေပြီး ဝယ်ယူရ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂၆

ရှမ်း-ကရင်နီ နယ်စပ်နဲ့ ကရင်နီပြည်နယ်တွင်းမှာ မိုးရာသီ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုနဲ့ တိုက်ပွဲ တွေကြောင့် ဆန်နဲ့ စားသောက်ကုန် ဈေးနှုန်းတွေ အားလုံး အဆမတန် မြင့်တက်နေပြီး ဝယ်ယူရ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ်က ဖယ်ခုံ၊ မိုးဗြဲဒေသတွေမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပြီး ကရင်နီပြည်နယ်ကို စစ်တပ်က လမ်းပန်း ဆက်သွယ်ရေး ဖြတ်တောက်ထားတာတွေကြောင့် ဆန်နဲ့ စားသောက်ကုန် ဈေးနှုန်းတွေ ပိုပြီး မြင့်တက်လာတယ်လို့ စစ်ရှောင် ကူညီသူတွေက ဆိုပါတယ်။

အဆိုပါဒေသတွေမှာ ဒေသတွင်း ဆန်ဖြစ်တဲ့ ရွှေအပ် ဆန်တစ်အိတ် ၈၀,၀၀၀ ကျော်ဖြစ်နေပြီး အာလူး တစ်ပိဿာ ၄,၀၀၀ ကျပ်၊ ကြက်ဥ ၃ လုံး တစ်ထောင်ကျပ်အထိ ပေးရတဲ့အပြင် လိုသလောက် ဝယ်မရဘူးလို့ သိရပါတယ်။

“ရွှေအပ်ဆန်က ကျွန်တော် ဒီဘက်စရောက်တုန်းက စဝယ်တာတော့ ၂၈,၅၀၀၊ နည်းနည်းကောင်းတာက ၃၂,၀၀၀ အဲ့ဒါက ပထမ စလှူတုန်းက။ ၂၁၂၁ ကုန်လောက်ကျတော့ ၃ သောင်းခွဲ၊ အဲ့နောက်ပိုင်း တဖြည်းဖြည်းနဲ့ ခုဈေးဖြစ်သွားတာပဲ။ အဲ့ဒါတောင် လိုသလောက် ဝယ်လို့ မရဘူး” လို့ ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင် ကူညီနေတဲ့ အမျိုးသား တစ်ဦးက ဆိုပါတယ်။

ကရင်နီပြည်နယ်ဟာ တောင်ကုန်းတောင်တန်း ပေါများပြီး သွားလာရေး ခက်ခဲတာအပြင် နေရာအနှံ့မှာ စစ်ရေး ပဋိပက္ခတွေကြောင့် အသုံးပြုလို့ မရတဲ့ လမ်းတွေ ပိုများလာရာ မိုးတွင်း ရောက်လာတာနဲ့အမျှ ဆန်၊ ဆီ၊ ဆား၊ ဆေး ရိက္ခာဝင်တဲ့ လမ်းတွေ ပိုရှားပါးလာတယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် လယ်ယာစိုက်ပျိုးရေး အများဆုံးလုပ်တဲ့ မိုးဗြဲဒေသနဲ့ ဒီးမော့ဆိုမြို့နယ်က ဒေသခံတွေဟာ အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရလို့ အခုလို ဆန်ဈေးနှုန်းတွေ မြင့်တက်လာတာလို့လည်း စစ်ရှောင်ကူညီသူတွေက သုံးသပ်ကြပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ရှောင်တွေ လာရောက်မှီခို နေထိုင်တဲ့ လွိုင်ကော်မြို့ပေါ်မှာလည်း ကြက်သွန်နီ၊ အာလူး တစ်ပိဿာ ကျပ် ၃,၀၀၀ ဝန်းကျင်ရှိနေပြီး ခရမ်းချဉ်သီး တစ်ပိဿာ ၂,၀၀၀ ကျပ် ဒေသဆန်ဖြစ်တဲ့ ရွှေအပ်၊ တရုတ်မွေး၊ ရွှေရင်အေးဈေးတွေက အရင်လ ၇၈,၀၀၀ ကျပ်ကနေ မနေ့က ၈၂,၀၀၀ ကျပ်၊ ဗမာဆန် ၇၂,၀၀၀ ကျပ်နဲ့ ရွှေသီဟ ၉၂,၀၀၀ ကျပ်အထိ ရှိလာတယ်လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။

“ဒေသဆန်တွေက လတိုင်းနည်းနည်းချင်း တက်လာတာ။ အများစု စစ်ရှောင်တွေက ဆန်ပျော့စားကြတော့ ဗမာဆန် မစားနိုင်သူတွေရှိတယ်။ WFP က ဝေတဲ့ဆန်က မာလို့မစားနိုင်ဘူးဆိုပြီး ဆိုင်မှာ ပြန်ရောင်းတာ ၆ သောင်းရတယ်။ အဲ့ငွေနဲ့ သူတို့စားနိုင်တဲ့ဆန် ပြန်ဝယ်စားကြရတယ်” လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကရင်နီပြည်နယ်က ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှားတောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ဖြတ်လေးဖြတ်စနစ် ကျင့်သုံးကာ တော်လှန်ရေးအဖွဲ့တွေကိုရော ပြည်သူတွေကိုပါ ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

လူဦးရေ ၃ သိန်း ဝန်းကျင်သာရှိတဲ့ ကရင်နီပြည်နယ်တွင်းမှာ စစ်ဘေးရှောင် ဦးရေ ၂ သိန်းဝန်းကျင် ရှိနေပြီး အဆိုပါ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ကူညီဖို့ အပ်နေတယ်လို့လည်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

MK-009

#MekongNews

#ကရင်နီပြည်

#ကုန်ဈေးနှုန်း

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now