မြန်မာ့နွေဦး

တာချီလိတ်က တရုတ်ငွေလိမ်ဂိုဏ်းဖမ်းမိတဲ့ ချဲထီဒိုင်ချုပ်အိမ်ကို စစ်ကောင်စီ ဖြိုချ

မဲခေါင် 30 Jun - 2024
တာချီလိတ်မြို့နယ်၊ မဲခေါင်ရပ်ကွက် ခရိုင်ရဲတပ်ဖွဲ့ရုံးအနီးက တရုတ်ငွေလိမ်ဂိုဏ်းသား ၈၀ ကျော်ဖမ်းဆီးမိတဲ့ နေအိမ်ကို စစ်ကောင်စီဘက်က ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ ဇွန် ၃၀

တာချီလိတ်မြို့နယ်၊ မဲခေါင်ရပ်ကွက် ခရိုင်ရဲတပ်ဖွဲ့ရုံးအနီးက တရုတ်ငွေလိမ်ဂိုဏ်းသား ၈၀ ကျော်ဖမ်းဆီးမိတဲ့ နေအိမ်ကို စစ်ကောင်စီဘက်က ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီနေအိမ်ကို ချဲထီဒိုင်ချုပ် ဦးစိုင်းစိုင်းပိုင်ဆိုင်တာဖြစ်ပြီး ဇွန်လ တတိယပါတ်အတွင်း စစ်တိုင်းမှူးအမိန့်နဲ့ ဝင်ရောက်ရှာဖွေရာ တရုတ်ငွေလိမ်ဂိုဏ်းလုပ်ကိုင်နေသူ လူဦးရေ ၈၀ ကျော်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၂၅ရက်နေ့မှာ စစ်ကောင်စီဘက်က ဘက်ဟိုးယာဉ်တွေအသုံးပြုပြီး ဖြိုချခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တဦးက မဲခေါင်ကို ပြောပါတယ်။

“ဝင်ဖမ်းတဲ့နေ့က ဗျူဟာမှူးကိုယ်တိုင်ဖမ်းပြီး ပစ္စည်းတွေအကုန် ဗျူဟာကိုသယ်သွားတာ။ နောက်တော့ ဘက်ဟိုးနဲ့ကုတ်ချပြီး ဖြိုပလိုက်တာ။ အရင်ကဆို ကျားဖြဲန်ဖမ်းမိပေမယ့် အိမ်ကို ဖြိုတာမျိုးမလုပ်ဘူး။ ခုတော့ ဘာလို့လဲ မသိဘူး” လို့ သူက ပြောပါတယ်။

ငွေလိမ်ဂိုဏ်းတရုတ်နိုင်ငံသားတွေကို ဖမ်းဆီးအရေးယူထားပေမယ့် နိုင်ငံခြားသားကို နေအိမ်တရားမဝင်ငှါးရမ်းပေးသူ အိမ်ပိုင်ရှင် ချဲထီဒိုင်ချုပ် ဦးစိုင်းစိုင်းကိုတော့ ဖမ်းဆီးအရေးယူတာမရှိဘဲ နေအိမ်ကိုဘဲ ဖျက်ဆီးဖြိုဖျက်ခဲ့တာလို့ သိရပါတယ်။

အိမ်ပိုင်ရှင် ဦးစိုင်းစိုင်းဟာ တာချီလိတ်မြို့မှာ ချဲ၊ ထီ၊ ၃၆ ကောင် ဒိုင်ချုပ်အဖြစ် လူသိများသူဖြစ်ပြီး ချဲထီ စားစရာရှိရင် အကုန်စားပြီး လျော်စရာရှိရင် အချိုးကျနဲ့သာလျော်ပြီး အပြည့်မလျော်လို့ နာမည်ကြီးသူလည်းဖြစ်ပါတယ်။

တာချီလိတ်မှာ ကျားဖြဲန်ငွေလိမ်လုပ်ငန်းတွေနဲ့ပါတ်သတ်ပြီး နယ်မြေခံရဲနဲ့ စစ်တပ်ကို လိုင်းကြေးပေးပြီး တိတ်တဆိတ်လုပ်ကိုင်နေတာတွေရှိပေမယ့် အထက်အမိန့်နဲ့ တိုက်ရိုက်ဖမ်းဆီးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

တာချီလိတ်မြို့တွင်း တရုတ်ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးရမိရင် နေအိမ်တွေပါသိမ်းမယ်လို့ သတင်းထွက်နေပြီး ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေထဲက ခေါင်းဆောင်ပိုင်း ငွေကြေးချမ်းသာသူတွေကို စစ်ဘက်ဆိုင်ရာလုံခြုံရေး(စရဖ)အဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့ပေါင်းပြီး ပြန်လည်ရောင်းစားပြီး လွတ်ပေးတာတွေရှိနေပါတယ်။

MK-002

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now