မြန်မာ့နွေဦး

ဆီဆိုင်မြို့တောင်ဘက်မှာရှိတဲ့ စစ်တပ်ဂိတ်က တန်ဖိုးမြင့်ကားတွေနဲ့ ကုန်ကားတွေကို ကျပ် ၁၀ သိန်းအထက် ငွေတောင်းကြမ်းနေ

မဲခေါင် 11 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၁ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့တောက်ဘက်၊ မြို့အဝင် အထွက်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ဟာ တန်ဖိုးမြင့်ကားတွေနဲ့ ဒေသခံတွေရဲ့ ကုန်တင်ကားတွေကို ငွေ ၁၀ သိန်းကျပ်နဲ့အထက် တောင်းနေတာကြောင့် သွားလာမှု မပြုလုပ်ရဲတော့တဲ့ အထိ ကြောက်လန့်နေရတယ်လို့ ဒေသခံ ကားသမားတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့တောက်ဘက်၊ မြို့အဝင် အထွက်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ဟာ တန်ဖိုးမြင့်ကားတွေနဲ့ ဒေသခံတွေရဲ့ ကုန်တင်ကားတွေကို ငွေ ၁၀ သိန်းကျပ်နဲ့အထက် တောင်းနေတာကြောင့် သွားလာမှု မပြုလုပ်ရဲတော့တဲ့ အထိ ကြောက်လန့်နေရတယ်လို့ ဒေသခံ ကားသမားတွေက ပြောပါတယ်။

အဲဒီ စစ်ကောင်စီဂိတ်ဟာ တန်ဖိုးမြင့်ကားတွေနဲ့ ဒေသခံတွေ အများဆုံး အသုံးပြုတဲ့ ကင်တာ ကုန်တင်ကား၊ သဲကျောက် တင်ကားတွေကို ပစ်မှတ်ထား စစ်ဆေးတာ ဖြစ်တယ်လို့ ကားသမားတွေက ဆိုပါတယ်။

အဲ့ဒီလို စစ်ဆေးရာမှာ လိုင်စင်မဲ့ ကားတွေကို အဓိက စစ်ဆေးတာဖြစ်ပြီး မော်ဒယ်မြင့်ပြီး ဈေးကြီးတဲ့ အမျိုးအစားတွေဖြစ်တဲ့ Vgo၊ Revo စတဲ့ ကားတွေကို စစ်ကောင်စီဂိတ်က ငွေ ၁၀ သိန်း အနည်းဆုံး တောင်းလေ့ရှိကာ ငွေမပေးနိုင်ရင် ကားသိမ်းတယ်လို့ စုံစမ်း သိရှိရပါတယ်။

ဒါ့အပြင် ဒေသခံတွေ အသုံးအများဆုံးဖြစ်တဲ့ Canter ကုန်တင်ကားတွေ၊ FUSO ကားတွေကို အဓိက စစ်ဆေးကာ ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းတာ ဖြစ်ပါတယ်။

“ဖိုးဝှီးကားတွေ အမြင့်ကားတွေဆို သိန်းလေးငါးဆယ်ထိ တောင်းတယ်။ မပေးနိုင်ရင် ကားဖမ်းထားတယ်။ ကျွန်တော်တို့ရွာက ကားတစ်စီးဆို ရပ်ရွာရဲ့ သာရေးနဲ့ ဆရာ ဆရာမတွေကို အကြိုအပို့လုပ်ဖို့ ဝယ်ထားတဲ့ အများပိုင်ကားပါဆိုပြီး စာတင်ပြီး ပြန်လိုက်နှုတ်ရတယ်။ ဒါတောင်မှ သိန်း ၄၀ လောက်ပေးရတယ်” လို့ ဆီဆိုင်မြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

တန်ဖိုးကြီးကားတွေ မဟုတ်တဲ့ ဟွန်ဒါဖစ် စတဲ့ ကားအသေးတွေကိုတော့ စစ်ကောင်စီတွေက လိုင်စင်ရှိရှိ မရှိရှိ တစ်စီးကို တစ်သောင်းခွဲ နှစ်သောင်း တောင်းတယ်လို့လည်း ကားသမားတွေက ပြောပါတယ်။

“Canter ကားတွေဆို ဒေသခံတွေ အများဆုံး သုံးတာလေ။ အများစုကလည်း လိုင်စင်မဲ့တွေဆိုတော့ ဂိတ်တွေက မတရားတောင်းတယ်။ တစ်စီးကို လိုင်စင်မဟုတ်လို့ ဖောင်းကြွနံပါတ် မဟုတ်လို့ဆိုပြီး ၁၀ သိန်း တောင်းတာတွေ လုပ်တယ်။ ဒါကြောင့် အခုဆိုရင် အဲ့ဂိတ်တွေကို ဒေသခံ ကားသမားတွေက မဖြတ်ရဲတော့ဘူး။ ဈေးနေ့တောင်မှ အဲ့လမ်းမကြီးပေါ်ကနေ မသွားရဲကြတော့ဘူး” လို့ ဆီဆိုင်မြို့နယ် ဒေသခံ ကားသမား တစ်ဦးက ပြောပါတယ်။

ငွေကြေးတောင်းတာ မပေးရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြိမ်းခြောက် ဆဲဆိုတာတွေ ပြုလုပ်တယ်လို့လည်း သူကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ အဲ့ဒီလို ငွေအတောင်းကြမ်းတာဟာ ၂၀၂၂ ခုနှစ် ကတည်းကစပြီး စလုပ်လာတာ ဖြစ်ပါတယ်။

“ဂိတ်ဖွင့်ခါစက တစ်စီးကို ငါးထောင် တစ်သောင်းကျပ် တောင်းစားတယ်။ အခု လိုင်စင်မဲ့ကားတွေကို ဖမ်းတာတွေနဲ့ ဖောင်းကြွနံပါတ်ပြား လဲခိုင်းတဲ့ ကိစ္စတွေ ပေါ်လာပြီးနောက်မှ သိန်း ၁၀ နဲ့ချီ တောင်းတာဗျ” လို့ နောက်ထပ် ကားသမား တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဆီဆိုင်မြို့တောင်ဘက် အဝင် အထွက် မှာရှိတဲ့ စစ်ကောင်စီ တပ်နဲ့ရဲ ပူးပေါင်းဂိတ်မှာ လိုင်စင်မဲ့ ကားတွေကို အဆမတန် ငွေတောင်းကြမ်းနေတာကြောင့် ကုန်စည်ပစ္စည်းသ ယ်ဆောင်တဲ့ ကားတွေ ဂိတ်ကို မဖြတ်ရဲကြတော့တဲ့အတွက် ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုပါ အခက်အခဲ ဖြစ်စေတဲ့အပြင် ကျေးရွာတွေမှာ ကုန်ဈေးနှုန်းတွေ တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ဂိတ်ဖွင့်ပြီး တောင်းစားနေတာဟာ ဆီဆိုင်မြို့ အခြေစိုက် ခမရ (၄၂၃) ၊ (၄၂၄) တပ်ရင်းတွေဖြစ်ပြီး အဲ့ဒီတပ်တွေဟာ ဆီဆိုင်မြို့နယ်မှာ စစ်တပ်က သိမ်းထားတဲ့ မြေ ဧက ၂၀၀၀ ကျော်မှာ ပြောင်းမျိုးစေ့ တစ်ထုပ် တစ်သိန်း ဆက်ကြေးကောက်ကာ လူထုကို စိုက်ပျိုးခိုင်းတဲ့ တပ်တွေ ဖြစ်ပါတယ်။

CJ-002

#MekongNews

#ဆီဆိုင်မြို့

#စစ်ကောင်စီဂိတ်

#လိုင်စင်မဲ့ကား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now