မြန်မာ့နွေဦး

စယ်လန့်ကျေးရွာ ပစ်ခတ်မှု SSPP နဲ့ ဆက်သွယ် ဖြေရှင်းမှာဖြစ်ပြီး စိုင်းမောဝ်အွန်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ TNLA ဆို

မဲခေါင် 8 Nov - 2023
မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ တအာင်း (ပလောင်) ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ဆက်လက် မကြီးထွားစေဖို့ ၂ ဖက် ခေါင်းဆောင်တွေ ထိန်းညှိသွားမှာဖြစ်ပြီး ၂ ဖက် မဟာမိတ်ရေးရာရုံးမှ အပြန်အလှန် ဆက်သွယ် ဖြေရှင်းသွားမှာ ဖြစ်ကာ စိုင်းမောဝ်အွန် ကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၈

မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ တအာင်း (ပလောင်) ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ဆက်လက် မကြီးထွားစေဖို့ ၂ ဖက် ခေါင်းဆောင်တွေ ထိန်းညှိသွားမှာဖြစ်ပြီး ၂ ဖက် မဟာမိတ်ရေးရာရုံးမှ အပြန်အလှန် ဆက်သွယ် ဖြေရှင်းသွားမှာ ဖြစ်ကာ စိုင်းမောဝ်အွန် ကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ စယ်လန့်ကျေးရွာ ပစ်ခတ်မှုအတွင်း TNLA ဘက်မှ ၄ ဦး အသက်ဆုံးရှုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သလို SSPP ဘက်က တပ်ဖွဲ့ဝင် ၄ ဦး အသက်ဆုံးရှုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

SSPP ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ TNLA ဘက်က ၅ ဦးထက်မနည်း ကျဆုံးပြီး SSPP ဘက်က တိုက်ပွဲ အတွင်း တစ်ဦး ကျဆုံးကာ ၂ ဦး ဖမ်းဆီး သတ်ဖြတ် ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် SSPP က စတင်ပစ်ခတ်တယ်လို့ TNLA က ဆိုထားပြီး TNLA က စတင် ပစ်ခတ်တာလို့ SSPP က ပြောဆိုထားပါတယ်။

1027 စစ်ဆင်ရေးမှာ တာဝန်ယူနေတဲ့ PSLF/ TNLA တပ်စု တစ်စုကို SSPP/SSA တပ်ဖွဲ့ဝင် ၁၀ ဦး ပါဝင်တဲ့ အဖွဲ့က စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရတာလို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

SSPP ရဲ့ ထုတ်ပြန်ချက်မှာတော့ TNLA တပ်ဖွဲ့က စယ်လန့် ဒေသခံ စိုင်းမောဝ်အွန် ကို ဖမ်းဆီးသွားတဲ့ အတွက် အကြောင်းအရင်း သိရဖို့ TNLA တပ်ထံ အကျိုးအကြောင်း သွားမေးရာက TNLA က ဝိုင်းဝန်းပိတ်ဆို့ပြီး စတင် ပစ်ခတ်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။

အခုလို ပစ်ခတ်မှု မဖြစ်ပွားမီ နိုဝင်ဘာ ၆ ရက်နေ့မှာ TNLA ရဲ့ စခန်းတွေကို SSPPက ၈ ကြိမ် လာရောက် နှောက်ယှက်တာ၊ ဓာတ်ပုံရိုက်တာ ပြုလုပ်ခဲ့တဲ့ အတွက် ခေါ်ယူသတိပေးပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် နိုဝင်ဘာ ၇ ရက်နေ့ မနက်မှာ SSPP ရဲ့ တိုက်နယ်မှူးဖြစ်သူ စိုင်းမောဝ်အွန်က ထပ်မံရောက်ရှိလာပြီး ဓာတ်ပုံရိုက်လို့ ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ TNLA က ပြောပါတယ်။

အဲ့ဒီလို စစ်ဆေးမေးမြန်းချိန် SSPP မှ အရာရှိ စိုင်းလင်းနဲ့ အဖွဲ့ ရောက်ရှိလာပြီး TNLA ကို စတင် ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ဖက် ထိခိုက်သေဆုံးမှုအထိ ဖြစ်ပွားခဲ့တာလို့ TNLA ကပြောပါတယ်။

SSPP ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂ ဖက် ပစ်ခတ်မှု အတွင်း ဖမ်းဆီးခံလိုက်ရတဲ့ SSPP ရဲ့ မြို့နယ်မှူး တစ်ဦးနဲ့ တပ်သား တစ်ဦးကို လူသားချင်း စာနာမှုအရ အသက်ချမ်းသာခွင့်ပေးဖို့ မေတ္တာရပ်ခံပေမယ့် TNLAက အသက်ချမ်းသာခွင့် မပေးခဲ့တာကြောင့် အသက်ဆုံးရှုံး ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ အဖမ်းခံရတဲ့ စိုင်းမောဝ်အွန် ကို ပြဿနာ အချိန်မှီ ထိန်းသိမ်းနိုင်ဖို့နဲ့ မဟာမိတ်ကို ရှေးရှူသော အားဖြင့် ဒီကနေ့မှာ ရပ်မိရပ်ဖထံ ပြန်လည်အပ်နှံပြီး ဖြစ်တယ်လို့ TNLAက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ဆို ရှမ်းလူငယ်ကွန်ယက်-TYNရဲ့ ထုတ်ပြန်ချက်မှာ စိုင်းမောဝ်အွန်ဟာ TYN ရဲ့ ခေါင်းဆောင်မှု အဖွဲ့ဝင် တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် -SNLDပါတီ လူငယ်ရေးရာ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ SNLD ရဲ့ စယ်လန့်ကျေးရွာအုပ်စု အလုပ်အမှုဆောင် ကော်အတီ အတွင်းရေးမှူး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် SSPP ရဲ့ ထုတ်ပြန်ချက်မှာ အဖမ်းခံရတဲ့ စိုင်းမောဝ်အွန်ဟာ ဒေသခံ ရွာသားလို့ ဖော်ပြထားပြီး TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ စိုင်းမောဝ်အွန်ဟာ SSPP ရဲ့ တိုက်နယ်မှူး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
SSPP နဲ့ TNLA တို့ဟာ မဟာမိတ်အဖွဲ့တွေ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသမှာ နားလည်မှု လွဲမှားပြီး ၂ ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ၂ ဖက် ခေါင်းဆောင်များ တွေ့ဆုံကာ နောက်နောင် ထပ်မံ မဖြစ်ပွားစေရေးနဲ့ ပြဿနာ ပေါ်ပေါက်လာပါက မဟာမိတ်အဖွဲ့ အချင်းချင်း အကောင်းဆုံး ညှိနှိုင်း တွေ့ဆုံ ဖြေရှင်းကြဖို့ သဘောတူခဲ့ကြပါတယ်။

CJ-002

#MekongNews

#စယ်လန့်ကျေးရွာ

#SSPP

#TNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now