မြန်မာ့နွေဦး

စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ကလလတ ကြေညာ

မဲခေါင် 1 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ၊ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG တို့နဲ့ နီးနီးကပ်ကပ်လက်တွဲပြီး နွေဦးတော်လှန်ရေးမှာပါဝင်ကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ) - KNPLF က ဒီကနေ့ ဇူလိုင်လ ၁ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ၊ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG တို့နဲ့ နီးနီးကပ်ကပ်လက်တွဲပြီး နွေဦးတော်လှန်ရေးမှာပါဝင်ကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ) – KNPLF က ဒီကနေ့ ဇူလိုင်လ ၁ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

၁၉၇၈ ခုနှစ် ဇွန်လ ၂၆ ရက်မှာ KNPLF ဟာ ကရင်နီတိုးတတ်ရေးပါတီ-KNPP ကနေ နိုင်ငံရေး အမြင်မတူမှု၊ ယုံကြည်ချက်တွေကွဲပြားမှုကြောင့်ခွဲထွက်ခဲ့ကာ လက်ရှိအချိန်ထိသီးခြားရပ်တည်ခဲ့တာဖြစ်ပြီး ၁၉၉၁ မတ်လ ၁၆ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး-KNU နဲ့ စစ်ရေးမဟာမိတ်အဖြစ်ဖွဲ့ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်တဲ့ KNU နဲ့ပူးပေါင်းပြီး ခွေးအိပ်တောင်တိုက်ပွဲ၊ ထီးမိုးခီးတိုက်ပွဲ၊ စောထာ၊ ရာထာ တိုက်ပွဲ စတဲ့ တိုက်ပွဲကြီးတွေမှာပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ပေမဲ့ ၁၉၉၄ ခုနှစ်မေလ ၉ ရက် ကနေ ၂၀၂၃ ဇွန်လ ၁၃ ရက်ထိ နှစ်ပေါင်း ၃၀ နီးပါးကာလအတွင်းမှာတော့ စစ်တပ်ရဲ့ ဖိအားပေးမှုကြောင့် နယ်ခြားစောင့်တပ်-BGF အသွင်ကိုပြောင်းလဲခဲ့ရတယ်လို့ KNPLF ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ အစွယ်အပွားတစ်ခုဖြစ်တဲ့ BGF တပ်အဖြစ်ကနေ ရုန်းထွက်နိုင်ခဲ့ပြီး စစ်ကောင်စီကို တစ်ကျော့ပြန်တိုက်ခိုက်ပြီး သမိုင်းစာမျက်နှာ အသစ်ကို ပြန်လှန်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဖိနှိပ်ခံပြည်သူအားလုံးကို မျက်နှာမူပြီး KNPLF အနေနဲ့ ပြည်သူ့အကျိုးဆောင်မှု၊ စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အကုန်အစင် ဖျက်သိမ်းရေး၊ နွေဦးတော်လှန်ရေး အဆင့်ဆင့် အောင်မြင်ရေးတို့ကို ကိုင်စွဲပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ကတိပေးပြောဆိုလိုက်ပါတယ်။

KNPLF ဟာ မယ်စဲ့မြို့နယ်ထဲမှာ ဇွန်လ ၁၃ ရက်ကစပြီး နယ်ခြားစောင့်တပ်အဖြစ်ကနေ အသွင်ပြန်ကူးပြောင်းပြီး စစ်ကောင်စီတပ်တွေကို 4K တပ်ပေါင်းစုအဖြစ် ပြန်လည်တိုက်ခိုက်နေတာဖြစ်ပြီး ဒါဟာ နွေဦးတော်လှန်ရေးသမိုင်းမှာ ကြီးမားတဲ့ စစ်ရေးအချိုးအကွေ့တစ်ခုဖြစ်လာတယ်လို့ ကရင်နီစစ်ရေးသုံးသပ်သူတစ်ဦးကပြောပါတယ်။

MK-007

#MeKongNews

#ကလလတ

#စစ်ကောင်စီ

#ပြန်တိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now