မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ ငွေစက္ကူသစ်ဂယက် အိမ်ခြံမြေဈေး ထိုးတက်ပြီး ကားဈေး ရက်ပိုင်းအတွင်း ပြန်ငြိမ်

မဲခေါင် 26 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၆ စစ်ကောင်စီရဲ့ နှစ်သောင်းတန် (၂၀၀၀၀) ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမယ်လို့ကြေညာပြီးနောက် အိမ်ခြံမြေကဏ္ဍနဲ့ ကားဈေးကွက်အတွင်း ရင်းနှီးမြုပ်နှံမှုတွေကြောင့် ဈေးနှုန်းများအဆမတန်မြင့်တက်နေပြီး ဈေးကွက်ပျက်နေတဲ့ အနေအထားရှိနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၆

စစ်ကောင်စီရဲ့ နှစ်သောင်းတန် (၂၀၀၀၀) ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမယ်လို့ကြေညာပြီးနောက် အိမ်ခြံမြေကဏ္ဍနဲ့ ကားဈေးကွက်အတွင်း ရင်းနှီးမြုပ်နှံမှုတွေကြောင့် ဈေးနှုန်းများအဆမတန်မြင့်တက်နေပြီး ဈေးကွက်ပျက်နေတဲ့ အနေအထားရှိနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမယ်ဆိုတာကြောင့် ငွေကြေးဖောင်းပွမှုပိုမိုဆိုးရွားလာပြီး၊ ငွေကိုင်ဆောင်ထားသူတွေက အခိုင်အမာရှိတဲ့ အိမ်ခြံမြေ၊ တိုက်ခန်းနဲ့ ကားဈေးကွက်တွေအပေါ် အလုံးအရင်းနဲ့ကို ရင်းနှီးမြုပ်နှံလာတာပါ။

“စစ်ကောင်စီ ဘာမှကြိုတင်ပြောတာမရှိဘူး၊ အခု၂သောင်းတန်ထုတ်တာလည်း လူတိုင်းအသိဘဲ၊ သူတို့ငွေကြေးအကြပ်အတည်းကို ဖြေရှင်းတဲ့သဘောပေါ့၊ ငွေတန်ဖိုးကကျပြီလေ၊ အဲ့တော့ အခိုင်အမာရှိတဲ့ဟာကိုစဉ်းစားတော့လည်း ရွှေ၊ ဒေါ်လာက အဖမ်းဆီးရှိတော့၊ အိမ်ခြံမြေနဲ့ကားဈေးကွက်ထဲ ရောက်လာတာ၊ ဈေးနှုန်းတွေက ပါးစပ်ဈေးနှုန်းတွေ ဖြစ်ကုန်တာပေါ့၊ ဈေးကွက်ပျက်နေပြီ” လို့ ရန်ကုန်မြို့ရှိ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်သူ လုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ရှိ အိမ်ခြံမြေ၊တိုက်ခန်းဈေးနှုန်းများမှာ အရင်က ပေါက်ဈေး သိန် း၅၀၀ ရှိတဲ့ မြေကွက်မှာ ၂ ဆနီးပါးဈေးတင်ရောင်းချမှုတွေရှိနေပြီး ကြိုက်ရောင်းကြိုက်ဝယ်အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။

“စီးပွားရေးကောင်းလို့ ဈေးတက်တာမဟုတ်ဘူး၊ နိုင်ငံရေးကယက်ကြောင့် စီးပွားရေးကိုရိုက်ခတ်မှုတွေနဲ့ကြုံနေရတာ၊ ပေါ်လစီကြောင့်အခက်ခဲတွေ၊ ပြီးတော့ စစ်ကောင်စီက စတော့အိတ်စ်ချိန်းလို၊ ဘဏ်တွေကုမ္မဏီတွေမှာ ရင်းနှီးမြုပ်နှံလို့ရတဲ့ အော်ပရှင်း မရှိတော့ အိမ်ခြံနဲ့ ကားဈေးကွက်တွေဆီမှာ အလုံးအရင်းအလိုက်ဝင်လာတာ၊ အခုဆိုကြည့် အခွန်ရုံးတွေက အိမ်ရှင်တွေကို ဝင်ငွေခွန်လိုက်နေပြီး ဒီပုံစံအတိုင်းသာဆိုမကြာဘူး ပြိုလဲကုန်လိမ့်မယ်” လို့ အိမ်ခြံမြေဈေးကွက် လေ့လာသူတစ်ဦးက ပြောပါတယ်။

ရွှေ၊ဒေါ်လာ၊ ကား၊ အိမ်ခြံမြေ အရောင်းအဝယ် ၇၀ ရာခိုင်နှုန်းနီးပါးခန့် ယာယီဈေးကွက်ပိတ်ကာ စောင့်ကြည်နေတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

မော်တော်ကားဈေးကွက်မှာ ကားအမျိုးအစားပေါ်လိုက်ကာ၊ ဈေးနှုန်းများထက်ဝက်ခန့်မြင့်တက်ခဲ့ပြီး ယနေ့မှာတော့ အနည်းငယ်ပြန်လည်ကြဆင်းမှုရှိနေတယ်လို့ မော်တော်ယာဉ်တင်သွင်းရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“၂သောင်း တန်ထုတ်မယ့် သတင်းကြောင့်ကားဈေးကကြောက်စရာကောင်းလောက်အောင် တက်သွားတာ၊ ကြိုက်ရောင်းကြိုက်ဝယ် အနေအထားပေါ့၊ ကားစီနိုင်တဲ့သူတိုင်းက ကားပွဲစားဖြစ်နေတာ၊ သိန်း၂၀၀ တန်ကားက ၄၀၀ လောက်ဖြစ်သွားတော့ အကုန်ဝင်လာတာ၊ ဒီနေ့ဝယ် မနက်ဖြန်ရောင်းတွေဖြစ်ကုန်တာ၊ ဒီနေ့တော့နည်းနည်းကျလာပြီး ၊ နောက်၂ ပတ်လောက်ဆို ကားဈေးနည်းနည်း ထပ်ကျနိုင်တယ်” လို့ တာဝန်ရှိသူက ပြောပါတယ်။

ပြည်ပက ကားတင်သွင်းမှုကို စစ်ကောင်စီက ဝန်ထမ်းများကိုကားပါမစ်ပေးကတည်းက တင်သွင်းခွင့်ပိတ်ထားပြီး၊ လက်ရှိမှာပြည်တွင်းကားထုတ်လုပ်မှုကလည်း ရပ်ဆိုင်းထားတာကြောင့် ဈေးကွက်ထဲရှိကားများသာ အရောင်းအဝယ်လုပ်နေရတဲ့အတွက် ဈေးနှုန်းများမှာ မြင့်တက်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုလို ၂ သောင်းတန်ကျပ်ငွေ ထုတ်ဝေရတာဟာ တိုင်းပြည်လို ငွေပြနေလို့ဖြစ်ပြီး၊ စီးပွားရေးနဲ့ပတ်သက်လို့ မကျွမ်းကျင်တဲ့မူဝါဒတွေကြောင့် ငွေကြေးဖောင်းပွနှုန်းထိန်းသိမ်းနိုင်ခြင်းမရှိတော့ဘူးလို့ ပညာရှင်များက သုံးသပ်ပြောကြားပါတယ်။

ကမ္ဘာဘဏ်က မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ကနှစ်ကုန်ပိုင်းမှာ ၁၄ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိပြီး၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး ၃ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ဆိုထားပေမယ့် GDP တိုးတက်မှုနှုန်း နှေးနေအုံးမယ်လို့လည်း ပညာရှင်များကပြောပါတယ်။

MK-006

#MeKongNews

#နှစ်သောင်းတန်

#ကားဈေး

#အိမ်ခြံမြေ

#ဈေးကွက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now