မြန်မာ့နွေဦး

စစ်ကောင်စီကို ကူညီဖို့ PNO ပြည်သူ့စစ်က တပ်သားသစ် အဓမ္မစုဆောင်းလို့ ပအို၀်းဒေသခံတွေ ဒုက္ခရောက်နေ

မဲခေါင် 15 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၅ စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းဒေသမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဆက်ကြေး မကြာခဏ ကောက်ခံတာ အပြင် တပ်သားသစ် စုဆောင်းနေတာကြောင့် ဒေသခံတွေ ဒုက္ခ ရောက်နေရတယ်လို့ ဒေသခံ ပအိုဝ်း အမျိုးသမီးတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၅

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းဒေသမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဆက်ကြေး မကြာခဏ ကောက်ခံတာ အပြင် တပ်သားသစ် စုဆောင်းနေတာကြောင့် ဒေသခံတွေ ဒုက္ခ ရောက်နေရတယ်လို့ ဒေသခံ ပအိုဝ်း အမျိုးသမီးတွေက ပြောပါတယ်။

ပအိုဝ်းဒေသမှာ PNO ပြည်သူ့စစ်ဟာ နယ်မြေလုံခြုံရေး အကြောင်းပြချက်နဲ့ စစ်သား စုဆောင်းတာ၊ ပြည်သူ့စစ် အတွက် ကားဝယ်ဖို့နဲ့ ရေဖိုး ကောက်ခံတာအပြင် မိုင်းရှင်းခ၊ သေနတ်ဝယ်ခ၊ ကျည်ဆံခ စတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ အနိမ့်ဆုံး ကျပ် ၅ သောင်းကနေ တစ်သိန်းထိ မကြာခဏ ဆက်ကြေး ကောက်ခံနေတာကြောင့် စိတ်ပူပင် သောက ဒုက္ခရောက်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် PNO ပြည်သူ့စစ်က စစ်ကောင်စီကို ကူညီဖို့ တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေတာကြောင့် သားရှိတဲ့ မိခင်များ ပိုပြီး စိတ်ပူပင်သောက ရောက်နေရတဲ့ အတွက် သားသမီးတွေကို အလုပ်လုပ်ဖို့ ပြည်ပ စေလွှတ်နေရတယ်လို့ မိခင်တွေက ပြောပါတယ်။

“စားဝတ်နေရေး အတွက် ရုန်းကန် ရတာက တစ်ဖက်၊ ခေါင်းစဉ် အမျိုးမျိုးနဲ့လာတဲ့ ဆက်ကြေးတွေကိုလည်း အချိန်မှီ ပေးဆောင်နိုင်ဖို့ ရုန်းကန်ရတာ တစ်ဖက်နဲ့ အခုဆို လူပါတောင်းလာတော့ ဘယ်လိုမှ ခံနိုင်ရည်မရှိလို့ သားတွေနဲ့ မခွဲချင်လည်း ထိုင်းကို သွားခိုင်းလိုက်ရတယ်” ပင်လောင်းမြို့နယ် တောင်ပိုင်းမှ သားတစ်ယောက် မိခင် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

PNO ပြည်သူ့စစ်ဟာ အရင်နှစ်တွေကလည်း တစ်အိမ် ၃ သောင်းကျပ် ဆက်ကြေးကောက်ခံသလို ဒီနှစ်မှာ တစ်အိမ် ၅ သောင်းကျပ်နဲ့ တပ်သားသစ်ပါ တောင်းလာတာကြောင့် ထည့်ဝင်ဖို့ အခက်အခဲရှိတယ်လို့ နောက်ထပ် ဒေသခံ ပအိုဝ်းအမျိုးသမီး တစ်ဦးက ပြောပါတယ်။

“ဒီနှစ်ထဲမှာတော့ တစ်အိမ် ၅ သောင်းနှုန်းနဲ့ ပြန်လာကောက်တယ်။ ကျမတို့ ရွာက အိမ်ခြေ ၃၀၀ တောင်ရှိတယ်။ ၅ သောင်းထည့်ရတာပါပဲ။ သေနတ်ဝယ်ဖို့နဲ့ ရှေ့တန်းတက်တဲ့ ပြည်သူ့စစ်တွေကို ထောက်ပံ့တာရယ်၊ ပြီးတော့ သေသွားတဲ့ PNO ရဲ့ မိန်းမတွေကို ထောက်ပံ့ဖို့ဆိုပြီး ကောက်တာပေါ့” လို့ သူကပြောပါတယ်။

လက်ရှိအချိန်ဟာ စိုက်ပျိုးရာသီ ဖြစ်တာကြောင့် လက်ထဲမှာ ငွေမရှိသေးလို့ အချိန်စောင့်ဆိုင်းပေးဖို့ တောင်းပန် ပေမယ့် PNO ပြည်သူ့စစ်က လက်မခံတာကြောင့် သတ်မှတ်ရက်အတိုင်း ထည့်နိုင်ဖို့ တောထဲမှာ ပန်းတွေ လိုက်ခူးရောင်းပြီး ထည့်ခဲ့ရတယ်လို့ အဲ့ဒီ အမျိုးသမီးက ပြောပါတယ်။

လက်ရှိ ပအိုဝ်းဒေသ ကျေးရွာတွေဘက်က လူငယ် အများစုဟာ PNO ပြည်သူ့စစ်ထဲ မဝင်လိုတဲ့အပြင် နိုင်ငံရေး အခြေအနေ မကောင်းတာနဲ့ ကုန်ဈေးနှုန်း အဆမတန် တက်လာတာတွေကြောင့် နိုင်ငံခြားကို အများအပြား ထွက်ခွါသွားကြတယ်လို့ သိရပါတယ်။

“သူတို့ ပိုက်ဆံ လာကောက်တာကလည်း နည်းတဲ့ဟာလည်း မဟုတ်ဘူး။ ပြီးတော့ နိုင်ငံရေး အခြေအနေကြောင့် ကုန်ဈေးနှုန်းတွေ တက်ပြီး ကျွန်မတို့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်တွေကျတော့ ဈေးနှုန်း မရှိဘူးလေ။ ဝင်ငွေလည်း မရှိ စားဝတ်နေရေး အတွက်က တစ်ဖက် သူတို့ကို ပေးနေရတာက တစ်ဖက်နဲ့ ဆိုတော့ အဆင်မပြေဘူးလေ။ အခု ရွာမှာက လူအိုနဲ့ ကလေးပဲ ကျန်တော့တယ်” လို့ နောက်ထပ် မိခင် တစ်ဦးက ပြောပါတယ်။

PNO ပြည်သူ့စစ်တွေ ဆက်ကြေး ပိုက်ဆံကောက်တာ မထည့်ပါက PDF နဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲပြီး ဖမ်းဆီး ငွေညှစ်တာတွေ ပြုလုပ်ကြတယ်လို့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“သူများတွေက ထည့်ကြတော့ ကျွန်မတို့က ကွက်ပြီး မထည့်ပြန်လည်း နင်တို့က ဘာလို့ မထည့်တာလဲ၊ PDF နဲ့ ပူးပေါင်းတာလား။ သူလျှိုတွေလား အဲလိုတွေ ပြောကြတော့ အများနဲ့ နေရတော့ အဆင်မပြေလည်း ရှာကြံပြီး ထည့်ရတောပေါ့” လို့ သူကပြောပါတယ်။

PNO ပြည်သူ့စစ်ဟာ ယခုနှစ်အတွင်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံနယ်စပ်ဘက်မှာ မိုင်းရှင်းဖို့ဆိုပြီး မိုင်းရှင်းခ တစ်ရွာကို သိန်း ၁၀၀ ဆက်ကြေး ကောက်ခံခဲ့ရာ အိမ်ခြေနည်းတဲ့ ရွာတွေ အနေနဲ့ တစ်အိမ်ကို ၆ သောင်းကျပ်အထိ ထည့်ရသေးတယ်လို့ ပင်းလောင်းမြို့နယ်မှ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိ ပင်လောင်းမြို့နယ် တောင်ပိုင်းနဲ့ ညောင်ရွှေမြို့နယ် တောင်ပိုင်းမှာ PNO ပြည်သူ့စစ်က တစ်ရွာကို ၂ ယောက်မှ ၅ ယောက်အထိ တပ်သားသစ် တောင်းနေပြီး တပ်သားသစ် မပေးတဲ့ ရွာတွေကို လုံခြုံရေးကြေးဆိုပြီး တစ်အိမ် ၃ သောင်းကျပ် လစဉ် ကောက်ခံနေပါတယ်။

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ကရင်နီပြည်နယ်ထဲအထိ တော်လှန်ရေးတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်တာ၊ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့သူတွေကို ဖမ်းဆီးပြီး စစ်ကောင်စီထံ အပ်နှံတာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

CJ-002

#MekongNews

#ပအိုဝ်းဒေသ

#PNO_ပြည်သူ့စစ်

#ဆက်ကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now