မြန်မာ့နွေဦး

စစ်ကောင်စီ လက်အောက်ခံ မူဆယ်မြို့မ ပြည်သူ့စစ်က ဒေသခံ ၄ ဦးကို ဖမ်းဆီးနှိပ်စက်လို့ တစ်ဦး သေဆုံး

မဲခေါင် 14 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၄ တအာင်းအမျိုးသား လွတ်‌မြောက်ရေး တပ်မတော်-TNLA တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့မ ပြည်သူ့စစ်က ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၄

တအာင်းအမျိုးသား လွတ်‌မြောက်ရေး တပ်မတော်-TNLA တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့မ ပြည်သူ့စစ်က ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မြို့မပြည်သူ့စစ်က ဖမ်းဆီးသွားတဲ့ ကျန်ဒေသခံ ၃ ဦးကိုတော့ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ အမှိုက်ပုံမှာ စွန့်ပစ်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြို့မ ပြည်သူ့စစ်က ဖမ်းဆီးသွားတဲ့ ဒေသခံတွေကတော့ နမ့်ကတ်အုပ်စု၊ မိုင်းဆက်ရွာ ဒေသခံ ဦးအိုက်မြင့် ၃၆ နှစ်၊ မန်ကန်ဒေသခံ လုမ်မြတ်အောင် ၂၂ နှစ်၊ ရီအောင်ဝင်း ၂၄ နှစ်နဲ့ အိုက်မောင်ဦး ၁၇ နှစ်တို့ ဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ ၄ ဦးရဲ့ မျက်နှာကို အဝတ်နဲ့ စွပ်ထားပြီး အစာမကျွေးဘဲ ၂ ရက်တိုင်တိုင် ရိုက်နှက် ထိုးကြိတ်ခဲ့တဲ့ အတွက် မန်ကန်ရွာခံ ရီအောင်ဝင်း အသက် ၂၄ နှစ်ဟာ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မြို့မပြည်သူ့စစ်တွေ ဘယ်လို လုပ်လိုက်လဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ TNLA က ပြောပါတယ်။

ကျန်တဲ့ ၃ ဦးကိုတော့ စစ်ကောင်စီ လက်အောက်ခံ မြို့မပြည်သူ့စစ်က မျက်နှာကို အဝတ်နဲ့စည်းပြီး မန်မိုင်ရွာ အနီးရှိ အမှိုက်ပုံမှာ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဒေသခံတွေကို TNLA တပ်သားတွေလို့ စွပ်စွဲပြီး ဆိုင်းခေါင်ရွာမှာ မြို့မပြည်သူစစ်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်မှာလည်း တိုက်ပွဲ မဖြစ်ဘဲ စစ်ကောင်စီတပ်က ဆိုင်းခေါင်ကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား တစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာသာမက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နေရာတွေမှာပါ ဒေသခံ ပြည်သူလူထုကို အတင်းအဓမ္မ ဖမ်းဆီးတာ၊ နှိပ်စက်သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ TNLA က ပြောပါတယ်။

CJ-002

#MeKongNews

#မူဆယ်မြို့မ_ပြည်သူ့စစ်

#TNLA

#လူ့အခွင့်အရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now