မြန်မာ့နွေဦး

ချပ်သင်းမှာ ပစ်ခံရတဲ့ MI 35 ရဟတ်ယာဉ် ကန့်ဘလူ ၆၀၀၆ တပ်ထဲ ပြန်ဆင်းသွားပြီး ပြင်ဆင်မှုပြုလုပ်နေ

မဲခေါင် 11 Feb - 2024
ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာဘက်မှာ ပွိုင့် ၅ နဲ့ ပစ်ခတ်ခံရပြီး မီးခိုးထွက်သွားတဲ့ စစ်ကောင်စီတိုက်လေယာဉ် MI 35 ဟာ ကန့်ဘလူမြို့နယ်ထဲက အမြောက်တပ်ဖြစ်တဲ့ ၆၀၀၆ ထဲကို ပြန်ဆင်းသွားနိုင်ခဲ့ပြီး ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာဘက်မှာ ပွိုင့် ၅ နဲ့ ပစ်ခတ်ခံရပြီး မီးခိုးထွက်သွားတဲ့ စစ်ကောင်စီတိုက်လေယာဉ် MI 35 ဟာ ကန့်ဘလူမြို့နယ်ထဲက အမြောက်တပ်ဖြစ်တဲ့ ၆၀၀၆ ထဲကို ပြန်ဆင်းသွားနိုင်ခဲ့ပြီး ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပွိုင့် ၅ ကျည်ထိမှန်ပြီး မီးခိုးထွက်နေတဲ့ MI 35 ရဟတ်ယာဉ်ဟာ ပျက်ကျသွားခြင်းမရှိဘဲ ၆၀၀၆ အမြောက်တပ်ထဲ ပြန်ဆင်းသွားနိုင်ခဲ့ကာ MI 35 ရဟတ်ယာဉ်ပြင်ဆင်ဖို့အတွက် ပစ္စည်းတွေကို မုံရွာ နမခကနေ MI 17 ရဟတ်ယာဉ်နဲ့ သယ်ဆောင်လာပြီး ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

“အနည်းဆုံးတော့ ၂ လလောက် ပြင်ရမယ်။ ပန်ကာဒလက်နားတွေပါ မှန်သွားတယ်” လို့ သူက ပြောပါတယ်။

အဲဒီ MI 35 ရဟတ်ယာဉ်ဟာ ဖေဖော်ဝါရီလ ၈ ရက်က ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာဘက်ကို လေကြောင်းကနေတိုက်ခိုက်ဖို့ လာရောက်စဉ် မြေပြင်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေက ပွိုင့် ၅ နဲ့ ပြန်လည်ပစ်ခတ်ရာမှာ ထိမှန်သွားတာ ဖြစ်ပါတယ်။

၂၀၂၃ ခု နှစ်ကုန်ပိုင်းလောက်ကစလို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေကို ခပ်စိပ်စိပ် ပစ်ချလာနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ဒီနေ့အထိ စစ်ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ် ၄ စင်း ပစ်ချခံထားရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းကစလို့ ပစ်ချခံရပြီး ပျက်စီးသွားတဲ့ စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်ယာဉ် စုစုပေါင်း ၇ စင်းရှိတယ်လို့ RFA မြန်မာပိုင်းရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ မြေပြင်မှာ စစ်ရှူံးနိမ့်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အားကိုးလာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကိုသာမက ပြည်သူတွေနဲ့ ကျေးရွာတွေကိုပဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။

MK – 004

#MeKongNews

#MI35

#ချပ်သင်း

#ပွိုင့်၅

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now