ဒေသတွင်းသတင်း

ကုန်စျေးနှုန်း အဆမတန်မြင့်တက်လို့ ရိက္ခာ၀ယ်ယူဖို့ အခက်အခဲဖြစ်နေတယ်လို့ ရှမ်းတောင် တော်လှန်‌ရေး တပ်ပေါင်းစုဆို

မဲခေါင် 28 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂၈ ရှမ်းပြည် တောင်ပိုင်းမှာ ဆန်အပါအ၀င် ကုန်စျေးနှုန်းတွေ ‌၃ ဆခန့် မြင့်တက်သွားတာကြောင့် အဖွဲ့အတွက် ရိက္ခာ ၀ယ်ယူဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရှမ်းတောင် ဒေသခံတော်လှန်ရေး တပ်ပေါင်းစု-SSLRU ပြန်ကြားရေး တာ၀န်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၈

ရှမ်းပြည် တောင်ပိုင်းမှာ ဆန်အပါအ၀င် ကုန်စျေးနှုန်းတွေ ‌၃ ဆခန့် မြင့်တက်သွားတာကြောင့် အဖွဲ့အတွက် ရိက္ခာ ၀ယ်ယူဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရှမ်းတောင် ဒေသခံတော်လှန်ရေး တပ်ပေါင်းစု-SSLRU ပြန်ကြားရေး တာ၀န်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရိက္ခာ၀ယ်ယူ စုဆောင်းမှု အပိုင်းမှာ စစ်ကောင်စီ တင်းကြပ်တာတွေ ရှိပေမဲ့ လက်ရှိအချိန်အထိ‌ အဆင်ပြေနေပေမဲ့ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်မားလာတာက စိန်ခေါ်မှု တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကုန်စျေးနှုန်းတွေက အရင်ထက် ၃ ဆလောက် မြင့်တော့ ရန်ပုံငွေ အပိုင်းမှာလည်း အဆင်မပြေမှုတွေ ရှိလာပါတယ်။ ဆန်အပါအ၀င် အခြေခံ စားသောက်ကုန် အကုန်လုံးက တက်နေတာ” လို့ သူကရှင်းပြပါတယ်။

လက်ရှိမှာတော့ ဆန်တစ်အိတ်ကို ငွေကျပ် ၈,၀၀၀၀ ခန့်၊ ဆီတစ်ပိဿာကို ၁,၂၀၀၀ ကျပ်၊ ကြက်ဥတစ်ကဒ်ကို ငွေကျပ် ၇,၅၀၀ အထိ ပေး၀ယ်နေရတယ်လို့ ဆိုပါတယ်။

“စျေးက တာ၀တိံသာ ရောက်နေပြီ။ တပ်ပေါင်းစု အတွက်လည်း ရိက္ခာက လိုအပ်နေတာ ဆိုတော့ ၀ယ်ရမှာပဲ။ ပြည်သူတွေလည်း ဆက်လက်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ကူညီချင်ရင်တော့ ရှမ်းတောင်တပ်ပေါင်းစုရဲ့ FACEBOOK PAGE တွေမှာ ပါ၀င်လှူဒါန်းလို့ရပါတယ်” လို့ SSLRU ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ၊ စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ခက်ခဲနေတဲ့ကြားက တော်လှန်ရေးတပ်ဖွဲ့တွေကို ပါ၀င်လှူဒါန်းပေးနေတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရတယ်လို့ သူကဆိုပါတယ်။

စစ်အာဏာရှင် အမြစ်ပြတ်နိုင်ဖို့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းရမှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်း လက်တွဲ ဆောင်ရွက်ပေးကြဖို့ ရှမ်း‌တောင် ဒေသခံ တော်လှန်ရေး တပ်ပေါင်းစုက မေတ္တာရပ်ခံ ထားပါတယ်။

MK-007

#MeKongNews

#SSLRU

#ကုန်စျေးနှုန်း

#တော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now