မြန်မာ့နွေဦး

ကလောမြို့မှာ သစ်တောမြေနဲ့ လယ်ယာမြေပေါ်က အိမ်တွေဖျက်ဖို့ စစ်ကောင်စီ စာရင်းကောက်နေ

မဲခေါင် 12 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်မှာ သစ်တောမြေနဲ့ လယ်ယာမြေတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖျက်သိမ်းဖို့ စစ်ကောင်စီက စာရင်းကောက်ယူနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်မှာ သစ်တောမြေနဲ့ လယ်ယာမြေတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖျက်သိမ်းဖို့ စစ်ကောင်စီက စာရင်းကောက်ယူနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

ဌာနဆိုင်ရာတွေနဲ့ ပွဲစားတွေပေါင်းပြီး သစ်တော်မြေတွေ ရောင်းစားမှုနဲ့ နာမည်ကျော်တဲ့ ကလောမြို့နယ်မှာ အခုလို ဖျက်သိမ်းဖို့ ပြီးခဲ့တဲ့ ဇွန်လ အတွင်းက စတင်ပြီး စစ်ကောင်စီ စာရင်း ကောက်ယူနေတာလို့ ဆိုပါတယ်။

“ရပ်ကွက်၊ ကျေးရွာအုပ်စု အလိုက် စာရင်းကောက်နေတာပါ။ တကယ်ဖျက်မယ်ဆိုရင်တော့ သစ်တော ကျူးကျော် အိမ်ရာချီ ဖျက်ရမယ်။ ခေတ်အဆက်ဆက် သစ်တောမြေတွေကို သစ်တောနဲ့ မြေစာရင်းဌာနနဲ့ ပေါင်းရိုက်ခဲ့တာ NLD ခေတ်ကလည်း ရှင်းလို့ မရခဲ့ဘူး” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

ခေတ်အဆက်ဆက် သစ်တောမြေ အများအပြားကို စစ်တပ် အသိုင်းအဝိုင်းက ဦးဆောင် ကျူးကျော်ခဲ့တာ ဖြစ်ပြီး လက်ရှိ စစ်ဗိုလ်ချုပ်တွေ အမည်ပေါက် ဂရံ ထုတ်ယူထားတဲ့ သစ်တောမြေ အများအပြား ရှိနေလို့ စစ်ကောင်စီ အနေနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ကလော အခြေစိုက် ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောပါတယ်။

“တကယ်လုပ်ရင် သစ်တော ကင်းလွတ်ဆိုပြီး ဂျင်းမိထားတဲ့ ရန်ကုန်ကလူတွေ အထိနာမယ်။ သစ်တော ကင်းလွတ်တို့ ရွာမြေတို့ ဆိုတာတွေ သေချာစစ်ဆေး ဝယ်ကြပါ။ သစ်တောကင်းလွတ်ဆိုပြီး တရားဝင် သတ်မှတ်ထားတာ မရှိသေးပါဘူး။ ရွာမြေနဲ့ ယာမြေ အဝယ်မမှားပါနဲ့” လို့ သူက သတိပေးပါတယ်။

ရာသီဥတု ကောင်းမွန်တဲ့ နွေဦးမြို့တော်အဖြစ် တင်စားခံရတဲ့ ကလောမြို့နယ်မှာ ယခင် ကြံ့ခိုင်ရေး အစိုးရ ကာလ သစ်တောမြေ ဧက ထောင်သောင်းချီပြီးတော့ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်း အဖြစ် လုပ်ကိုင်ခွင့် ပေးခဲ့ရာက အဲဒီ သစ်တောမြေတွေပေါ်မှာ အိမ်ဆောက်တာ၊ ပြန်လည် ရောင်းချတာတွေ တွင်ကျယ်လာပြီး NLD အစိုးရ လက်ထက်က တရားစွဲဆိုမှုတွေ ရှိခဲ့ပေမယ့် ဖြေရှင်းနိုင်ခဲ့တာ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် ရပ်ဝေးက မြေဝယ်ယူသူတွေ အနေနဲ့ အစုအဖွဲ့ပိုင် သစ်တောမြေဟာ လွှဲပြောင်း ရောင်းချခွင့်နဲ့ အိမ်ဆောက်ခွင့် မရှိတာကို သိရှိဖို့ လိုအပ်ပြီး ယာမြေတွေကို ခွဲစိတ်ရောင်းချ နေတာကလည်း ပိုင်ဆိုင်မှု မခိုင်မာတာ သိရှိဖို့ လိုအပ်တယ်လို့ မြို့ခံတစ်ချို့က သတိပေးပါတယ်။

ကလောမြို့နယ် အောင်ပန်းမြို့ အနီးမှာ ကြံ့ခိုင်ရေး အစိုးရလက်ထက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရယူထားတဲ့ သစ်တောမြေ ဧက ရာချီရှိနေပြီး လက်ရှိ ဂရံ ထုတ်ထားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဘယ်သူ့နာမည်နဲ့ ဂရံ ထုတ်ယူထားတယ် ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ အောင်ပန်းမြို့ခံ တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့နဲ့ ပတ်ဝန်းကျင် ဒေသမှာတော့ စစ်ကောင်စီက ကျူးကျော်နဲ့ လယ်ယာမြေပေါ် တရားမဝင် အိမ်ဆောက်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ် ထောင်နဲ့ချီ ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

#MekongNews

#ကလောမြို့

#သစ်တောမြေ

#မင်းအောင်လှိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now