မဲခေါင်၊ အောက်တိုဘာ ၁၁
ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်- PDF ရဲဘော်တွေ မဖြစ်မနေ လိုက်နာရမဲ့ ပြည်သူလူထု လုံခြုံရေးဆိုင်ရာ သင်တန်းပေးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယပတ်က ကရင်နီ စစ်ဒေသခွဲ၊ ပြည်သူလူထု လုံခြုံရေး တာ၀န်ရှိသူနဲ့ တပ်ရင်း “လုံ” အရာရှိတွေ ရှေ့တန်း တစ်နေရာမှာ PDF ရဲဘော်တွေ လိုက်နာရမဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ၊ စစ်သည်တော် ကျင့်၀တ် စည်းကမ်းများ စတဲ့ သင်တန်းတွေကို ပို့ချသင်ကြား ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သင်တန်းမှာ NUG ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဥ်တွေကို ရှင်းလင်းပြောဆိုခဲ့ကာ တိုက်ပွဲအတွင်း စစ်ဘက်၊ အရပ်ဘက် ခွဲခြားရေးဆိုင်ရာ လက်တွေ့ အစီအစဥ်တွေကို လေ့ကျင့်ပေးခဲ့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-007
#MekongNews
#ကရင်နီပြည်နယ်
#NUG