မြန်မာ့နွေဦး

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဌာန ၇ ခု ဖွဲ့စည်း အုပ်ချုပ်မယ်

မဲခေါင် 7 Aug - 2023
မဲခေါင်၊ ဩဂုတ် ၇ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC အနေနဲ့ ပြည်သူ့အကျိုး ဆောင်ရွက်ဖို့ အတွက် ဌာန ၇ ခု ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရား အကောင်အထည် ဖော်နေတယ်လို့ IEC က ကြေညာလိုက်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၇

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC အနေနဲ့ ပြည်သူ့အကျိုး ဆောင်ရွက်ဖို့ အတွက် ဌာန ၇ ခု ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရား အကောင်အထည် ဖော်နေတယ်လို့ IEC က ကြေညာလိုက်ပါတယ်။

“ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ပြည်သူထံ တင်ပြ အစီရင်ခံခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က ကြေညာရာမှာ ပြည်သူလူမှုဘဝ လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အနည်းဆုံး အထောက်အကူပြု ဌာန ၁၂ ခု စုဖွဲ့ဆောင်ရွက်ဖို့ စီစဉ်ထားရာမှ ဦးစားပေး ဌာန ၇ ခု စတင် ဖွဲ့စည်း ဆောင်ရွက်နေပြီလို့ IEC က ပြောပါတယ်။

လတ်တလော ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာန၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် အခွန်ဌာန ဆိုပြီး ဌာန ၇ ခုကို ဦးစားပေး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

“ဦးစားပေး ဌာနများကို ဆောင်ရွက်နေစဉ် တချိန်တည်းမှာပဲ ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ဖို့ စီစဉ်နေပါတယ်” လို့ IEC တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အထူးသဖြင့် ကျောင်းနေအရွယ် ကလေး အားလုံး ပညာသင်ခွင့် ရရှိရေး၊ ပြည်သူများ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမှီရေး၊ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ လူ့အသုံးအဆောင် ပစ္စည်းများ ရရှိနိုင်ရေး စတာတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့ဘဝ လုံခြုံမှုအတွက် ပြည်ထဲရေးဌာနအောက်မှာ ရှိတဲ့ ကရင်နီပြည်ရဲ- KSP ကို စနစ်တကျ စုဖွဲ့ခြင်း၊ တရားစီရင်ရေးစနစ်နဲ့ တရားရုံးများ တည်ထောင်ခြင်း၊ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ပြည်နယ်ဆိုတဲ့ အထွေထွေ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေး ကရင်နီ အထွေထွေ အုပ်ချုပ်ရေးဌာနကို (Department of General Administration-Karenni–DGAK) ဖွဲ့စည်းဆောင်ရွက်ခြင်း စတာတွေကို ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ကြီးကြပ်မှုနဲ့ သက်ဆိုင်ရာ ဌာန အသီးသီးက အားသွန်ကြိုးပမ်း အကောင်အထည်ဖော်နေတယ်လို့ IEC တာဝန်ရှိသူက ပြောပါတယ်။

IEC အနေနဲ့ အခုလို အကောင်အထည်ဖော်ရာမှာ ပညာရေး၊ ကျန်းမာရေး၊ အရပ်ဘက်အဖွဲ့အစည်း၊ ပညာရှင်၊ အလှူရှင်နဲ့ တော်လှန်ရေး အင်အားစုတွေအပြင် KSCC၊ NUG တို့နဲ့ ပုံမှန်ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးကို ပြည်နယ် ကြားကာလ အစီအမံနဲ့အညီ လက်တွေ့ အကောင်အထည်ဖော်ဖို့ ဦးတည်ချက် ၅ ရပ် ချမှတ်ကာ အဖွဲ့ဝင် ၆ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

CJ–002

#MekongNews

#ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး_ကောင်စီ

#ကရင်နီပြည်ရဲ

#စီမံကိန်းဘဏ္ဍာရေးနှင့်အခွန်ဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now