မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် ကလေးငယ်တွေ အာဟာရချို့တဲ့နေ

မဲခေါင် 13 Sep - 2023
ကရင်နီပြည်နယ်မှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေရတဲ့ ကလေးငယ် အများစုမှာ အာဟာရချို့တဲ့နေတဲ့ လက္ခဏာတွေ ခံစားနေရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၃

ကရင်နီပြည်နယ်မှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေရတဲ့ ကလေးငယ် အများစုမှာ အာဟာရချို့တဲ့နေတဲ့ လက္ခဏာတွေ ခံစားနေရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

၂၀၂၁ ခုနှစ် နှောင်းပိုင်းက စတင်ခဲ့တဲ့ ကရင်နီပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေ အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေး၀ါးတွေ ရေရှည် မထောက်ပံ့နိုင်လို့ အခုလို အာဟာရ ချို့တဲ့မှုတွေ ဖြစ်ပွားလာတာလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ဦးက ဆိုပါတယ်။

လက်ရှိ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ မလုံလောက်မှု၊ သန့်ရှင်းတဲ့ရေ ရှားပါးမှုနဲ့ ဆေး၀ါး မလုံလောက်မှု တွေကြောင့် စစ်ရှောင် အားလုံးနီးပါး အာဟာရချို့တဲ့မှုဒဏ် ခံစားနေရတာဖြစ်ပေမဲ့ ကလေးငယ်တွေ ပိုမိုခံစားနေရတယ်လို့ သူကပြောပါတယ်။

“အဓိက ဖြစ်တာတော့ ကလေးတွေမှာ အများဆုံး တွေ့ရတယ်။ အသားဓာတ် လိုအပ်မှုတွေကြောင့်လည်းပါတယ်။ အခြား ဖြည့်စွက် စားသောက်စရာ ဆိုတာလည်း စစ်ရှောင် စခန်းတွေမှာ မရှိဘူး။ ဆေး၀ါးကလည်းနည်း၊ ဆန်တစ်မျိုးတည်းကိုပဲ မနည်းခြိုးခြံ စားသောက်နေကြရတော့ အခုလို ဖြစ်လာတယ် ထင်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

အာဟာရချို့တဲ့မှုကို ဆေး၀ါးနဲ့ တစ်ဖက်တစ်လမ်းကနေ ပြန်လည် ကုစားဖို့ အတွက်က စစ်ရှောင်စခန်းတွေမှာ ဆေး၀ါး မလုံလောက်ဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ နောက်ထပ် ဒေသခံ တစ်ဦးက ဆိုပါတယ်။

အခုလို အာဟာရချို့တဲ့မှုရဲ့ နောက်ဆက်တွဲ ပြဿနာအဖြစ် စစ်ရှောင် ကလေးငယ်တွေ ရောဂါကူးစက်လွယ်မှု၊ အားအင်ကုန်ခမ်းမှုနဲ့ ဦးနှောက် စွမ်းဆောင်ရည် ကျဆင်းမှုတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်နေရတယ်လို့ သူကဆိုပါတယ်။

“ကလေးတွေက စာသင်ရတာ နည်းနည်းလေး ခက်လာတယ်။ ထိခိုက်လွယ်လာတာကိုလည်း တွေ့ရပါတယ်။ ဒဏ်ရာလွယ်လွယ်ရပြီး ပျောက်ဖို့ အတွက် အချိန်ပေးနေရတယ်။ အားမရှိတဲ့ ပုံမျိုး၊ မလန်းဆန်းတဲ့ ပုံစံမျိုးတွေလည်း တွေ့ရပါတယ်” လို့ စစ်ရှောင် ကလေးငယ်တွေကို ပညာသင်ကြားပေးနေသူ တစ်ဦးက ရှင်းပြပါတယ်။

ဒီလို အခြေအနေတွေကို အမြန်ဆုံး ကုစား ဖြေရှင်းဖို့ လိုအပ်နေပြီး ကလေးငယ်တွေ အတွက် အဟာရ ဖြည့်စွက်စာတွေ၊ အသားငါးတွေနဲ့ ဆေး၀ါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ သူက ထောက်ပြပါတယ်။

ကရင်နီပြည်နယ်မှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် လူဦးရေ ၂ သိန်းခွဲခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ရိက္ခာ၊ မိုးကာ၊ ဆေး၀ါးတွေ အရေးပေါ် လိုအပ်နေလို့ ပြည်သူတွေ အနေနဲ့ ကူညီထောက်ပံ့ပေးဖို့ စစ်ဘေးရှောင် ကူညီနေသူတွေက မေတ္တာရပ်ခံ ထားပါတယ်။

MK-007

#MeKongNews

#ကရင်နီ

#စစ်ဘေးရှောင်

#အာဟာရချို့တဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now