စစ်ရေးသတင်း

PNLO ရဲ့ ဗိုလ်မှူး အဆင့်အပါ ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေး

မဲခေါင် 22 Jan - 2024
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပြည်သူ့ ဆက်ဆံရေးရုံးက ဗိုလ်မှူး ခွန်မင်းသိမ်း အပါအဝင် ၃ ဦးကို စစ်ကောင်စီက ဒီနေ့ (ဇန်နဝါရီ ၂၂) မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပြည်သူ့ ဆက်ဆံရေးရုံးက ဗိုလ်မှူး ခွန်မင်းသိမ်း အပါအဝင် ၃ ဦးကို စစ်ကောင်စီက ဒီနေ့ (ဇန်နဝါရီ ၂၂) မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

သူတို့ ၃ ဦးကို မနေ့ (ဇန်နဝါရီ ၂၁) နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး နှစ်ဖက် ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ အဆင်ပြေသွားတာကြောင့် ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

PNLO ပြည်သူ့ ဆက်ဆံရေးရုံးရဲ့ တာဝန်ရှိသူ တစ်ဦးက “ဘယ်လိုပဲ တိုက်ပွဲဖြစ်ဖြစ် ငြိမ်းချမ်းရေး သံတမန်တွေကို ဖမ်းဆီးခွင့် မရှိဘူး။ အသေးစိတ်ကိုတော့ ကျနော်တို့ဘက်က ထုတ်ပြန်ချက် ထုတ်ပါမယ်” လို့ ပြောပါတယ်။

ပြန်လွတ်လာသူ ၃ ဦးဟာ ပြည်သူ့ ဆက်ဆံရေးရုံးရဲ့ တာဝန်ခံ ဗိုလ်မှူး ခွန်မင်းသိမ်း၊ ဗိုလ်ကြီးခွန်သိဒ္ဓိ၊ ဗိုလ်ကြီး ခွန်လှဝင်းတို့ ဖြစ်ပြီး ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ကနေ ၂၁ ရက်နေ့ နေ့လည်ပိုင်းအထိ စစ်ကောင်စီ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းတပ်တွေ (PNA)နဲ့ PNLO တပ်တို့အကြား ပြင်းထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက် သေဆုံးခဲ့ပါတယ်။

လတ်တလော တိုက်ပွဲ ပြီးဆုံးသွားပေမယ့် စစ်ကောင်စီဘက်က လူနေအိမ် မီးရှို့တာတွေကို ကျူးလွန်နေဆဲ ဖြစ်ပြီး ၂ ဖက်တပ်တွေအကြား တင်းမာမှုကတော့ မကြာခင် ပြီးဆုံးသွားမယ်လို့ နိုင်ငံရးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

CJ-007

#MeKongNews

#ပြည်သူ့စစ်

#PNLO

#စစ်ကောင်စီ

#ဖမ်းဆီး

#ပြန်လွှတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now