မြန်မာ့နွေဦး

PNLO နဲ့ အလှူရှင်တွေပူးပေါင်းပြီး စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာအကူအညီပေး

မဲခေါင် 20 Jan - 2024
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO နဲ့ အလှူရှင်တွေပူးပေါင်းပြီး ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေ စားနပ်ရိက္ခာအကူအညီများ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO နဲ့ အလှူရှင်တွေပူးပေါင်းပြီး ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေ စားနပ်ရိက္ခာအကူအညီများ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

PNLO အုပ်ချုပ်ရေးဌာနနဲ့ ပြည်တွင်းပြည်ပအလှူရှင်များ စုပေါင်းပြီး ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာ မိုးကုတ်ပိပဿနာရိပ်သာမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူ ၆၀ ဦးနဲ့ မောက်မယ်မြို့နယ် ဒေါတခြောကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော်ကို ဆန်နဲ့တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ကူညီခဲ့တာဖြစ်တယ်လို့ PNLO အရာရှိတစ်ဦးကပြောပါတယ်။

“အဓိကကတော့ ဆန်နဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို ကူညီတာပါ။ ပြည်တွင်းပြည်ပအလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ကူညီတာပေါ့။ အကူအညီတွေ အများကြီး လိုအပ်ပါသေးတယ်။ စစ်ဘေးရှောင်ပြည်သူတွေက သောင်းချီပြီးရှိတယ်” လို့ သူကပြောပါတယ်။

အလှူရှင် ရှားပါးလာတဲ့ အခုလိုအချိန်မှာ စားနပ်ရိက္ခာတွေ အသုံးအဆောင်ပစ္စည်းတွေကို လာရောက်ကူညီပေးတာ ဘယ်အဖွဲ့ကလာကူတာဖြစ်ဖြစ် ကျေးဇူးတင်တယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

“ဘယ်အဖွဲ့ကပဲ လာကူလာကူပေါ့နော်။ အလှူရှင်ရှားပါးတဲ့အချိန် အခုလို ကူညီတာကျေးဇူးတင်ပါတယ်။” လို့ သူကပြောပါတယ်။

အခုဇန်နဝါရီလအတွင်း PNLO နဲ့ အလှူရှင်တွေပူးပေါင်းပြီး ဆီဆိုင် ၊ ဆိုက်ခေါင် ၊ နောင်ထောဝ်၊ ဘန်းယဉ်၊ နောင်မွန်၊ ဗန်းမက်၊ ဒေါတခြော၊ စလောင်းထောင် စတဲ့ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ကို သွားရောက်ကူညီပေးခဲ့တယ်လို့ PNLO အရာရှိကပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ကရင်နီပြည်သူတွေဟာ နယ်မြေထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို အများအပြား စစ်ဘေးရှောင်ကြရတာဖြစ်ပြီး အကူအညီလည်း လိုအပ်နေလျက်ရှိပါတယ်။

လက်ရှိအချိန်မှာ ဆောင်းတွင်းကာလည်းရောက်လာပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူများကို စောင်တွေ အနွေးထည်တွေ အမိုးအကာတွေကိုလည်း ကူညီပေးဖို့ လိုအပ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO အခြေပြု ဒေသအတွင်း လာရောက်ခိုလှုံနိုင်တယ်လို့လည်း အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားတာရှိပါတယ်။

CJ-002

#MeKongNews

#PNLO

#စားနပ်ရိက္ခာ

#ကူညီ

#ပအိုဝ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now