မြန်မာ့နွေဦး

KNDF အမျိုးသမီး တော်လှန်ရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှု ပုံရိပ်

မဲခေါင် 10 Oct - 2023
အမျိုးသားတွေနဲ့ တန်းတူ တော်လှန်ရေး တာဝန်ထမ်းဆောင်နေတဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့- KNDF ရဲ့ ပထမဆုံး အမျိုးသမီးတပ်ဖွဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို ထုတ်ပြန်ပြီး နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အရေးပါမှုကို ပြသလိုက်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၀

အမျိုးသားတွေနဲ့ တန်းတူ တော်လှန်ရေး တာဝန်ထမ်းဆောင်နေတဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့- KNDF ရဲ့ ပထမဆုံး အမျိုးသမီးတပ်ဖွဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို ထုတ်ပြန်ပြီး နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အရေးပါမှုကို ပြသလိုက်ပါတယ်။

ခေတ်အဆက်ဆက် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှု နည်းပါးပေမယ့် အခု နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ဘက်ပေါင်းစုံက ပါဝင်နေပြီး KNDF ရဲ့ ပထမဆုံး အမျိုးသမီး တပ်ဖွဲ့ကို တပ်ရင်း (၅) ရဲ့ တပ်ခွဲ (၄) အဖြစ် ဖွဲ့စည်းထားတာ တစ်နှစ်ကျော် ရှိနေပြီလို့ KNDF တပ်ရင်း (၅) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“အမျိုးသမီး ပါဝင်လာတဲ့ နိုင်ငံရေး တော်လှန်ရေးကို ကြည့်ခြင်းအားဖြင့် ဆိုရင် နိုင်ငံရေး ယဉ်ကျေးမှုတွေ အဆင့်အတန်း မြင့်မားလာတာကို ပြသနေခြင်းနဲ့ အတူ ယနေ့ နွေဦးတော်လှန်ရေးဟာ အရင်လို တောခို တော်လှန်ရေး မဟုတ်တော့ဘဲ အမျိုးသမီးတွေ အပါအဝင် နည်းပညာတွေနဲ့အတူ လူထုတွေ အင်တိုက် အားတိုက် ပါဝင်လာတဲ့ တော်လှန်ရေး တစ်ခု ဖြစ်ပြီ ဖြစ်တယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

KNDF တပ်ရင်း (၅) က ထုတ်ပြန်တဲ့ အမျိုးသမီးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှု ပုံရိပ်မှာ အမျိုးသမီးတွေဟာ အမျိုးသား တပ်ဖွဲ့ဝင်တွေနဲ့ တန်းတူ တောတောင်ထဲ လက်နက်တွေကိုင်ပြီး စစ်ကြောင်းထွက်နေတာကို တွေ့ရပါတယ်။

အမျိုးသမီးတွေ ခံစားရတဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေ အတွက် နောင်တချိန် ဖက်ဒရယ်စနစ် ထူထောင်တဲ့ အခါမှာ နိုင်ငံရေး စကားဝိုင်းတွေ ညှိနှိုင်းမှုတွေ မူဝါဒတွေ ရေးဆွဲတဲ့အခါမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ ကြိုးစားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“အမျိုးသမီးများရဲ့ အခွင့်အရေး၊ ခံစားပိုင်ခွင့်ရရှိဖို့က အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာ မဟုတ်ဘဲ ကျွန်တော်တို့ အမျိုးသားတွေလည်း တကယ့် လူမှုဘဝမှာ ကြိုးစားပေးဖို့ အများကြီး လိုအပ်ပါတယ်” လို့ KNDF တပ်ရင်း (၅) ကပြောပါတယ်။

KNDF တပ်ရင်း တပ်ဖွဲ့တွေမှာ အမျိုးသမီး တပ်ဖွဲ့ဝင်တွေ အမျိုးသားတွေနဲ့ တန်းတူ တာဝန် အတူတကွ ထမ်းဆောင်နေကြပေမယ့် KNDF တပ်ရင်း ၅ တပ်ခွဲ (၄) ကတော့ ပထမဆုံး ဖွဲ့တဲ့ အမျိုးသမီးတပ်ဖွဲ့ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#ကရင်နီပြည်နယ်

#KNDF

#တော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now