မြန်မာ့နွေဦး

KIO ဌာနချုပ် လိုင်ဇာမြို့အနီး လက်နက်ကြီးကျ

မဲခေါင် 8 Jul - 2023
မဲခေါင်၊ ဇူလိုင် ၈ KIO/KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးမှာ ဒီနေ့နေ့လယ်ပိုင်းက စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၈

KIO/KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးမှာ ဒီနေ့နေ့လယ်ပိုင်းက စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လိုင်ဇာမြို့အနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာ ယခင်တွေကလည်း ဖြစ်ခဲ့ပေမယ့် အခုတစ်ကြိမ် ကျရောက်ပေါက်ကွဲတာဟာ လိုင်ဇာမြို့ လူနေရပ်ကွက်တွေနဲ့ ပိုမိုနီးစပ်တယ်လို့ သိရပါတယ်။

လိုင်ဇာမြို့ရှိ ဈေးသည်တစ်ဦးက ” ဒီတစ်ခေါက်ပစ်တာကတော့ အရမ်းနီးတယ်။ စိတ်ထင်လို့လားမသိဘူး ‌အဆောက်အဦးတုန်တဲ့အပြင် မြေကြီးဖွာသံလေးတွေတောင် ကြားလိုက်ရသလိုပဲ။ ကိုယ်ကအရမ်းကြောက်နေလို့လား မသိလေနော်။ လက်နက်ကြီးလောက်ကတော့ဘာမှမဖြစ်ပါဘူး။ လေယာဉ်နဲ့လာမှာသာ ပူနေရတာ။ ခုနကတော့ လက်နက်ကြီးကျပြီး ခဏလေးလူကျဲသွားသေးတယ် လမ်းပေါ်မှာလဲလေ။ ဒါမဲ့ ခဏပါပဲ။ အခုတစ်ခေါက် လက်နက်ကြီးကျတာက တောင်ပေါ်ဘက်လို့ကြားတယ်” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ကေအိုင်အေ သတင်းအရင်းအမြစ်နဲ့ နီးစပ်သူတစ်ဦးကလည်း တောင်ပေါ် လက်နက်ကြီးကျတာ အမှန်ဖြစ်ကြောင်း အတည်ပြုပြောဆိုထားပါတယ်။

ညနေပိုင်းမှာတော့ ကေအိုင်‌အေဘက်မှ စစ်ကောင်စီဘက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လိုင်ဇာမြို့ အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေတို့ကြား တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေတာ ရက်သတ္တပတ် ၃ ပတ်ခန့်ရှိပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက လိုင်ဇာသို့ လူအင်အားအများအပြားနဲ့ စစ်ကြောင်းများထိုးနေတာကြောင့် လိုင်ဇာမြို့နေပြည်သူများ စိုးရိမ်ပူပန်နေကြပါတယ်။

ယခုနှစ် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်၊ KIO ဌာနချုပ် လိုင်ဇာမြို့နဲ့ နီးစပ်တဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တို့ကြား ရက်ဆက်တိုက်ပွဲများ များလာပြီး စစ်ရေးပြင်းထန်လာပါတယ်။

တိုက်ပွဲဖြစ်ပွားလာမှုကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်း၊ နမ်ဆန်ယန်ကျေးရွာမှ နေရပ်ပြန်စစ်ရှောင်ပြည်သူများလည်း ဝိုင်းမော်မြို့သို့ ထပ်မံတိမ်းရှောင်နေကြရပါတယ်။

CJ-006

#MeKongNews

#KIO

#စစ်ကောင်စီ

#လိုင်ဇာ

#လက်နက်ကြီး

Photo: MeKong News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now