မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

မဲခေါင် 26 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF က ဗထူးတပ်နယ်ထဲ၊ အလည်ချောင်ကျေးရွာ အနီး၊ ဘုရားကိုးဆူကုန်းမှာ တပ်စွဲထားတဲ့ တပ်မ (၅၅) နဲ့ တပ်မ (၆၆) ကို စက်တင်ဘာလ ၂၃ ရက်၊ မနက် ၈ နာရီ ၃၀ မိနစ်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲက ၁၅ မိနစ်လောက် ကြာပါတယ်။ ကျွန်တော်တို့ဘက်က လက်နက်ကြီးတော့ မသုံးဘဲ မောင်းပြန်တွေ သုံးပါတယ်။ စကစ ဘက်က ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြားရတယ် ဆိုတာ အတည်ပြုနိုင် ခဲ့ပါတယ်” လို့ DPLF တာဝန်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲအပြီး ရပ်စောက်-ကောင်းဘို့-ပင်းတယ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ပြီး အဲဒီ လမ်းမကြီးကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့ သိရပါတယ်။

အခုလို အခြေအနေတွေကြောင့် ဓနုဒေသအတွင်း နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်ရှိတဲ့ နေရာတွေကို ရှောင်ရှားသွားလာကြဖို့ DPLF က အသိပေးထားပါတယ်။

“ကျွန်တော်တို့ အခုလို တိုက်ခိုက်တဲ့ အခါမျိုးမှာ အခက်အခဲက အများကြီး ကြုံရတယ်ဗျ။ လက်ရှိ အခြေနေထက် ပိုပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါ၀င်မှုက အများကြီး လိုအပ်နေပါသေးတယ်” လို့ DPLF တာဝန်ရှိသူက ပြောပါတယ်။
ဒီတိုက်ပွဲမှာ DPLF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလ အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ရဲဘော်တွေ စည်းရုံးရေးဆင်းခဲ့တဲ့ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၈ ရက်နေ့ကနေ လက်ရှိအချိန်အထိ လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး – Danu People’s Liberation Front (DPLF) ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာပြီးနောက် စစ်ကောင်စီတပ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်တွေမှာ DPLF တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေ ရှိလာလို့ အင်အားတိုးချကာ လုံခြုံရေး တင်းကျပ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

CJ-012

#MekongNews

#ဗထူးတပ်နယ်

#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး

#တပ်မ(၅၅)_တပ်မ(၆၆)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now