မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ်ထဲက စခန်း ၂ ခု ခြေကုပ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေလို့ စစ်ရေးတင်းမာ

မဲခေါင် 11 Sep - 2023
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂ ရက်က ကရင်နီ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်လိုက်တဲ့ သေးဆူလဲနဲ့ ပူးဖား စခန်း ၂ ခုကို စစ်ကောင်စီက ပြန်လည် ခြေကုပ်ယူဖို့ ကြိုးစားနေလို့ စစ်ရေး တင်းမာနေတယ်လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂ ရက်က ကရင်နီ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်လိုက်တဲ့ သေးဆူလဲနဲ့ ပူးဖား စခန်း ၂ ခုကို စစ်ကောင်စီက ပြန်လည် ခြေကုပ်ယူဖို့ ကြိုးစားနေလို့ စစ်ရေး တင်းမာနေတယ်လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က ခလရ (၉) ဒုတပ်ရင်းမှူး ရဲလင်းနိုင် ဦး‌ဆောင်တဲ့ အဆိုပါ စခန်း ၂ ခုကို ဒီးမော့ဆို PDF၊ ကရင်နီတပ်မတော်-KA ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး-ကလလတ၊ အလယ်ပိုင်းတိုင်း ကရင်နီ(ကယား) စစ်ဒေသခွဲ တပ်ရင်းတွေ နဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တို့ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး လက်နက် အများအပြား ရရှိခဲ့ပါတယ်။

၄ နာရီကျော် ကြာမြင့်ပြီး ဒုတပ်ရင်းမှူး ထွက်ပြေးတဲ့ သေးဆူလဲနဲ့ ပူးဖားစခန်း တိုက်ပွဲ အတွင်း တော်လှန်ရေး အင်အားစုတွေ စခန်း မထိုင်နိုင်ဖို့ စစ်ကောင်စီက တိုက်လေယာဥ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခဲ့သလို တော်လှန်ရေး အင်အားစုက မြေပြင် အသာစီးရထားလို့ စစ်တပ်ဘက်ကလည်း ပြန်မထိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“စကစက လူအင်အား ထပ်မဖြည့်နိုင်တော့ဘူးနဲ့ တူတယ်။ သူတို့ (စစ်ကောင်စီ) လည်း ကပ်လို့မရ၊ ငါတို့လည်း ကပ်လို့ မရတော့ဘူး။ ဒီ ၂ ရက်တော့ လိုင်းတွေ ပြတ်နေတာနဲ့ ၂ ရက်စာတော့ မသိရသေးဘူး” လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေး တာ၀န်ရှိသူက ရှင်းပြပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲမှာ အခုလို စစ်ရေးတင်းမာနေပေမယ့် စစ်ကောင်စီဘက်က လူအင်အား ထပ်ဖြည့်ပြီး စစ်ရေး လှုပ်ရှားတာ၊ စစ်ကြောင်းထိုးတာတွေ မရှိသေးလို့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ သူကဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂ ရက်က သေးဆူလဲနဲ့ ပူးဖားစခန်းတွေအပြင် ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ကရင်နီ တော်လှန်ရေး တပ်‌ပေါင်းစု- KRU က ၀င်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာ ဒီးမော့ဆို အပါအ၀င် ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ကရင်နီပြည်မှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးရှောင် ပြည်သူ ၂ သိန်းခွဲနီးပါး ရှိလာပြီလို့ ကရင်နီစစ်ရှောင် ကူညီစောင့်ရှောက်နေသူ တစ်ဦးက ပြောပါတယ်။

MK-007

#MeKongNews

#ဒီးမော့ဆိုမြို့နယ်

#KNDF

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now