မြန်မာ့နွေဦး

မူဆယ်မှာ ရေကြီးနေတဲ့ကြားက လူထောင်ချီ တစ်ခါသုံးကတ် တန်းစီနေပြီး နန်းတော်ဂိတ်က တစ်ရက်လူ ၂၀၀ သတ်မှတ်

မဲခေါင် 8 Sep - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့၊ မနက် အစောပိုင်းက မိုးသည်းထန်ပြီး ရေလျှံလာတဲ့ကြားက တစ်ခါသုံးကတ်ရဖို့ လူထောင်ချီ တန်းစီနေပြီး လူများလွန်းတာကြောင့် နန်းတော်ဂိတ်မှာ ဒီကနေ့ကစပြီး တစ်ရက် လူ ၂၀၀ သာ တိုကင် ပုံစံ ပေးထားတယ်လို့ တန်းစီနေသူတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့၊ မနက် အစောပိုင်းက မိုးသည်းထန်ပြီး ရေလျှံလာတဲ့ကြားက တစ်ခါသုံးကတ်ရဖို့ လူထောင်ချီ တန်းစီနေပြီး လူများလွန်းတာကြောင့် နန်းတော်ဂိတ်မှာ ဒီကနေ့ကစပြီး တစ်ရက် လူ ၂၀၀ သာ တိုကင် ပုံစံ ပေးထားတယ်လို့ တန်းစီနေသူတွေက ပြောပါတယ်။

“ဒီမနက်က မိုးက မူဆယ်ပဲ မဟုတ်ဘူး၊ ကျယ်ဂေါင်နဲ့ ရွှေလီပါ ရေတွေပြည့်ကုန်တယ်” လို့ ဆိုင်ကယ်နဲ့ ပစ္စည်း ကယ်ရီ သယ်ဆောင်သူ အမျိုးသား တစ်ဦးက ပြောပါတယ်။

တရုတ်ဘက် ၆ ညအိပ် ၇ ရက် လည်ပတ်ခွင့် တစ်ခါသုံးကတ်ရဖို့ ဆင်ဖြူဂိတ်ဘက်မှာ လူထောင်ချီ တန်းစီနေစဥ် ဒီမနက် မိုးကြီးကာ ရေလျှံလာတာကြောင့် လူအများစုက ပါလာတဲ့ အထုပ်အပိုးတွေ ရေစိုကုန်ပေမယ့် မိုးရေကြားက ခက်ခက်ခဲခဲ စောင့်ဆိုင်းနေကြတယ်လို့ တန်းစီနေသူတွေက ပြောပါတယ်။

“မိုးရွာရင်လည်း နေရာပျောက်မှာစိုးလို့ ဒီလိုပဲ ရပ်စောင့်ရတယ်” လို့ တန်းစီနေတဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

မိုးသည်းလာတဲ့ အပြင် ရေလျှံလာတာကြောင့် အအေးဒဏ် မခံနိုင်တော့လို့ တန်းစီထားတဲ့ နေရာ နှမြောပေမယ့် အပြင် ပြန်ထွက်လာရတယ်လို့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဆင်ဖြူဂိတ်ဘက်မှာတော့ ဒီနေ့ တခါသုံးကတ်ရဖို့ လူထောင်ချီ တန်းစီနေတာ တွေ့ရပြီး နန်းတော် ဂိတ်မှာတော့ လူများလွန်းတာကြောင့် ဒီနေ့ကစပြီး တိုကင် ပုံစံ တစ်ရက် လူဦးရေ ၂၀၀ သတ်မှတ် လိုက်တယ်လို့ တန်းစီနေသူတွေက ပြောပါတယ်။

“မနေ့က သူတို့ တိုကင်လိုမျိုး လာပေးသွားတယ်။ နောက်ထပ် တိုကင်က ၁၂ ရက်နေ့မှ ပေးတော့မှာတဲ့” လို့ တန်းစီနေတဲ့ အမျိုးသမီးငယ် တစ်ဦးက ပြောပါတယ်။

လက်ရှိ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေကနေ တရုတ်ဘက် ဝင်ခွင့် တစ်ခါသုံးကတ် ထုတ်ပေးနေပြီး မန့်ဝိန်းဂိတ်မှာတော့ ၆ ဘီး ကုန်တင်ကားသမားတွေကိုသာ ထုတ်ပေးကာ နန်းတော်ဂိတ်မှာတော့ တစ်ရက် လူဦးရေ ၂၀၀ သတ်မှတ် ထုတ်ပေးနေကာ ဆင်ဖြူဂိတ်မှာတော့ ကန်သတ်ချက် မထားဘဲ ထုတ်ပေးနေတာဖြစ်ပြီး တစ်ရက် လူ ၆၀၀ ဝန်းကျင် ထုတ်ပေးနေတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။

၃ နှစ်ကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ် ဖြတ်သန်းခွင့်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လည် ခွင့်ပြုခဲ့တာဖြစ်ပြီး တရုတ်ဘက် သွား‌ရောက် အလုပ်လုပ်ကိုင်လိုသူတွေ များပြားလွန်းတာကြောင့် အခုလို နယ်စပ်ဖြတ်ကျော် ၀င်ရောက်ခွင့် တစ်ခါသုံးကတ် တန်းစီသူတွေ များပြားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

CJ-008
Video: CJ 008

#MeKongNews

#မူဆယ်

#တစ်ခါသုံးကတ်

#ဆင်ဖြူဂိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now