မြန်မာ့နွေဦး

ဖမ်းဆီးခံ ဆီကုန်သည်အသင်းဥက္ကဋ္ဌ ပြန်လွတ်၊ လုပ်ငန်းရှင် အများအပြားကို ဖမ်းဆီးစစ်ဆေးဖို့ စစ်ကောင်စီပြင်ဆင်နေ

မဲခေါင် 31 Aug - 2023
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းဟာ ဒီနေ့ သြဂုတ် ၃၁ ရက်မှာ ပြန်လွတ်လာပြီး ကျန်တဲ့ ဆီကုန်သည် ၄ ဦးကိုတော့ ဆက်ဖမ်းဆီးထားတယ်လို့ စားသုံးဆီအသိုင်းအဝန်းနဲ့နီးစပ်သူက မဲခေါင်သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

မဲခေါင်၊ သြဂုတ် ၃၁

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းဟာ ဒီနေ့ သြဂုတ် ၃၁ ရက်မှာ ပြန်လွတ်လာပြီး ကျန်တဲ့ ဆီကုန်သည် ၄ ဦးကိုတော့ ဆက်ဖမ်းဆီးထားတယ်လို့ စားသုံးဆီအသိုင်းအဝန်းနဲ့နီးစပ်သူက မဲခေါင်သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနဲ့ ဆီကုန်သည်တွေဖြစ်တဲ့ ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်း တို့ကို သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) က ဖမ်းဆီးလိုက်တာပါ။

“ဥက္ကဋ္ဌ (ဦးဆန်းလင်း)ကတော့ ပြန်လွတ်လာပါပြီ၊ အပေါ်ပိုင်းတွေနဲ့ ပိုင်တော့ အရင်ပြန်လွှတ်ပေးလိုက်တာ” လို့ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စားသုံးဆီအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနဲ့ စားသုံးဆီကုန်သည်တွေဟာ မနေ့ သြဂုတ် ၃၀ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ နေပြည်တော်မှာ စားသုံးဆီဈေးနှုန်း ကျဆင်းရေးအတွက် အစည်းအဝေးလုပ်ပြီး ညနေပိုင်းမှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာပါ။

အဲ့ဒီ့အစည်းအဝေးမှာ ဈေးကွက်အတွင်း စားအုန်းဆီဈေးတွေ မြင့်တက်နေတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေနဲ့သာ ရောင်းချပေးဖို့ စစ်ကောင်စီခန့် စီး/ကူးဝန်ကြီး ဦးအောင်နိုင်ဦး က သတိပေးပြောကြားခဲ့ပါတယ်။

ဈေးကွက်အတွင်းမှာ စားအုန်းဆီတစ်ပိဿာဈေးဟာ ကျပ် ၁၀၀၀၀ ကျော်ပေါက်ဈေးရှိနေပြီး စစ်ကောင်စီဘက်ကတော့ ၄၀၀၀ ကျပ်နဲ့သာ ဆီလုပ်ငန်းရှင်တွေကို ရောင်းချခိုင်းနေတာပါ။ အဲ့ဒီလိုတွေ ဈေးနှုန်းကွဟချက်ကြောင့် အခုလိုဖမ်းဆီးစစ်ဆေးနေတာလို့ မဲခေါင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆီကုန်သည်တွေဘက်ကတော့ ပြင်ပဒေါ်လာပေါက်ဈေးနဲ့ ချိန်ညှိရောင်းချနေရတယ်လို့ ပြောကြပါတယ်။ ယခုရက်ပိုင်းအတွင်း ပြင်ပဒေါ်လာ ပေါက်ဈေးဟာ ၃၇၀၀ နဲ့ ၄၀၀၀ ကြားမှာ ရှိပါတယ်။

မြန်မာနိုင်ငံအတွင်း ရောင်းချနေရတဲ့ စားသုံးဆီတွေကို ပြည်ပကနေ ဒေါ်လာနဲ့ဝယ်ယူတင်သွင်းနေရတာပါ။ အဲ့ဒီလို ဒေါ်လာနဲ့ဝယ်ယူနိုင်ဖို့ ကုန်ကျငွေတဝက်ဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီက ဗဟိုဘဏ်ပေါက်ဈေး ကျပ် ၂၁၀၀ နဲ့လဲပေးပါတယ်။

ကျန်တဲ့တဝက် ၅၀ ရာခိုင်နှုန်းကိုတော့ ပြင်ပပေါက်ဈေးထက်နည်းတဲ့ နှုန်းနဲ့ လဲလှယ်ပေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ဒေါ်လာယူထားတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေကို လိုက်လံဖမ်းဆီးတာတွေရှိနေပြီး စက်သုံးဆီလုပ်ငန်းရှင်အသင်း၊ ဆန်စပါး လုပ်ငန်းရှင်အသင်းနဲ့ ဟင်းသီးဟင်းရွက်လုပ်ငန်းရှင်အသင်းက ကုန်သည်လုပ်ငန်းရှင်တွေကိုပါ ဖမ်းဆီးစစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ မဲခေါင်သတင်းဌာနက သိရပါတယ်။

အဲ့ဒီလိုဖမ်းဆီးနေပေမယ့် ဒေါ်လာအဓိကထား တင်သွင်းနေရတဲ့ စားသုံးဆီနဲ့ စက်သုံးဆီလုပ်ငန်းတွေမှာတော့ စစ်ကောင်စီနဲ့နီးစပ်သူတွေကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့် ကျယ်ကျယ်ပြန်ပြန့်ပေးထားတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

အခြေခံကုန်ဈေးနှုန်း ဈေးကွက်အတွင်းမှာ စစ်ကောင်စီရဲ့ စရဖ တွေဟာ မြေပြင်ကွင်းဆင်းပြီး ဘဏ်ငွေအဝင်၊ အထွက်စာရင်းတွေကိုလိုက်လံ စစ်ဆေးတာတွေနဲ့ သတ်မှတ်ဈေးအတိုင်း မရောင်းရင် လုပ်ငန်းတွေ အကုန်ပိတ်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်လို့ မဲခေါင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို သြဂုတ် ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနက စားသုံးဆီကို ဈေးတင်ရောင်းရင် ဖမ်းမယ်လို့ သြဂုတ် ၂၉ မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ သြဂုတ် ၂၂ ရက်မှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) လက်အောက်မှာ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် Task Force ကို ဖွဲ့စည်းမယ်လို့ သတင်းတွေပေါက်ကြားပြီးနောက် ရွှေ၊ ဒေါ်လာနဲ့ ဆီလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်လာတာပါ။

MK-006

#MeKongNews

#စားသုံးဆီ

#ဥက္ကဋ္ဌ

#ပြန်လွတ်

#စစ်ကောင်စီ

#ဒေါ်လာ

#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now