မြန်မာ့နွေဦး

ကရင်နီပြည်နယ်မှာ ၂ နှစ်ကျော် ကာလအတွင်း အရပ်သား ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရ

မဲခေါင် 1 Sep - 2023
မဲခေါင်၊ စက်တင်ဘာ ၁ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော် ကာလအတွင်း ကရင်နီပြည်နယ်မှာ အရပ်သား ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု-PKPF က ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော် ကာလအတွင်း ကရင်နီပြည်နယ်မှာ အရပ်သား ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု-PKPF က ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ နေရာအနှံ့ ဖြစ်ပွားနေပြီး အဲ့ဒီ ပဋိပက္ခတွေကြားမှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သား ၃၈၀ ဦးရှိကာ စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၂၄ ဦး ရှိတယ်လို့ PKPF က ထုတ်ပြန်ထားတာပါ။

ကရင်နီမှာ အရပ်သားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ ပြည်သူတွေရှိတဲ့ နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာနဲ့ စစ်ကြောင်းထိုးတိုင်း မြို့ရွာတွေကို ပစ်ခတ် ဝင်ရောက်တာတွေကြောင့် အများဆုံး သတ်ဖြတ်ခံခဲ့ရတာလို့ အခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ KNDF ဥက္ကဌ ခွန်ဘီထူးက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာ၊ စစ်ဘေးတိမ်းရှောင်ရင်း ကျန်းမာရေးကြောင့် သေဆုံးသူတွေနဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်သူတွေ ပါဝင်တယ်လို့ PKPF က ဆိုပါတယ်။

အာဏာသိမ်း ကာလအတွင်းမှာ ကရင်နီပြည်နယ်ထဲက ပြည်သူ ၁၉၂ ဦးဟာလည်း စစ်တပ်ရဲ့ မတရား ဖမ်းဆီးထားခြင်း ခံထားရတယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

၂ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၆၁၉ ကြိမ်ရှိခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဘာသာရေး အဆောက်အအုံ ၄၂ လုံး၊ ပြည်သူနေအိမ် ၁,၇၀၀ လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်တွင်းမှာ အာဏာသိမ်း ၂ နှစ်ကျော်ကာလမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဒေသတွင်း တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲ အကြိမ်ရေ ၈၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာလည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေကြောင့် စစ်တပ်ဘက်က ၂,၃၃၆ ဦး သေဆုံးကာ စစ်ကောင်စီဘက်က မော်တော်ယာဉ် ၆၅ စီး ပျက်စီးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ကျဆုံးသူ ၃၂၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

MK-009

#MeKongNews

#ကရင်နီပြည်

#PKPF

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now