မဲခေါင်၊ စက်တင်ဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ်အွမ်ရွာ အနီးရှိ ကောင်းဝိန်းရွာ ဘုန်းကြီးကျောင်းကို ဩဂုတ်လ ၃၁ ရက်၊ ညနေ ၆ နာရီခန့်က စစ်တပ်ပစ်တဲ့ လက်နက်ကြီး ထိမှန်လို့ ကျောင်းဆောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ထိမှန်မှုကြောင့် ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ပြီး ကျောင်းထိုင် ဆရာတော်က တခြား ကျောင်းဆောင်မှာ တရားထိုင်နေတာကြောင့် ထိခိုက်မှု မရှိဘူးလို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲလည်း မဖြစ်ဘူး။ အဲမှာ ဘာမှလည်း မရှိဘူး။ ဘယ်အဖွဲ့ မှလည်း မရှိဘူး။လက်နက်ကြီး တစ်လုံးကျတယ်” လို့ သူကပြောပါတယ်။
မနေ့က ၁၀၅ မိုင် စစ်တပ်စခန်းဘက်က လက်နက်ကြီး ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မူဆယ် ဒေသခံ တစ်ဦးက ပြောပါတယ်။
“နမ့်ပေါ်ဘက်က ပစ်တာလား၊ ၁၀၅ မိုင်ဘက်က ပစ်တာလား မသိဘူး” လို့ သူက ပြောပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့ကလည်း တိုက်ပွဲ မဖြစ်ဘဲ စစ်ကောင်စီဘက်က နမ့်ဖတ်ကာ ရွာဘက်ထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ၇ တန်း ကျောင်းသူ တစ်ဦး သေဆုံးပြီး ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
CJ-008
#MeKongNews
#ကောင်းဝိန်းရွာ
#လက်နက်ကြီး
#ဘုန်းကြီးကျောင်း









