မဲခေါင်၊ သြဂုတ်
ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့၊ ဇော်ဂျီကွေ့၊ ဥတ္တံတားရပ်ကွက်မှာ နေထိုင်တဲ့ ပညာရေး ဝန်ထမ်း ၂ ဦးကို သြဂုတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေါ်မြတ်စုရှိန်နဲ့ ဒေါ်အိခိုင် တို့ဟာ ရပ်စောက်မြို့၊ အ.လ.က (၃) မြို့ကုန်းကျောင်းနဲ့ ဥတ္တံတား အ.ထ.က ခွဲမှာ အသီးသီး တာဝန် ထမ်းဆောင်နေစဥ် ဖမ်းဆီးခံရတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ သူတို့ ၂ ဦးကို ရပ်စောက်မြို့မ ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ကြောရေး ပို့ဆောင်မယ့် အနေအထား ရှိတာကြောင့် မိသားစုဝင်တွေက စိုးရိမ် ပူပန်နေကြတယ်လို့ ဆိုပါတယ်။
“သူတို့ ၂ ယောက်လုံက နန်း (N0n-CDM) အစစ်” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ဒေါ်မြတ်စုရှိန်ရဲ့ ယောက္ခမဖြစ်သူ ကြံ့ခိုင်ရေးပါတီ ရပ်စောက်မြို့နယ် စည်းရုံးရေးမှူး ဒေါ်အေးခိုင် ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး မနေ့ ဩဂုတ်လ ၂၂ ရက်နေ့မှာ ပြန်လွှတ်ပေး လိုက်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့က ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် အင်တောနဲ့ ရပ်စောက်မြို့မှာ အဖမ်းခံရတဲ့ အရပ်သား ၂၀ ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
CJ-007
#MeKongNews
#ရပ်စောက်မြို့
#ကြံ့ခိုင်ရေးပါတီ
#ပညာရေး၀န်ထမ်း








