မြန်မာ့နွေဦး

သေရဲတဲ့ စစ်ကောင်စီတပ် ကရင်နီပြည် လာခဲ့လို့ KNDF ဒုစစ်ဦးစီးချုပ် စိန်ခေါ်

မဲခေါင် 1 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁ သေရဲတဲ့ စစ်ကောင်စီတပ်တွေ ကရင်နီပြည်ကို လာခဲ့လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF ဒုတိယ စစ်ဦးစီးချုပ် မာဝီက စိန်ခေါ် ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၁

သေရဲတဲ့ စစ်ကောင်စီတပ်တွေ ကရင်နီပြည်ကို လာခဲ့လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF ဒုတိယ စစ်ဦးစီးချုပ် မာဝီက စိန်ခေါ် ပြောဆိုလိုက်ပါတယ်။

“သူတို့ သပိတ်ကာလတုန်းက ပြောသလိုပေါ့ဗျာနော်၊ သေရဲတဲ့ကောင် ထွက်ခဲ့ ဆိုပြီးတော့။ အခုလည်း ကရင်နီ ကနေပြီးတော့ ကျွန်တော်တို့ ဒဲ့စိန်ခေါ်တယ်။ သေရဲတဲ့ တပ်မ၊ သေရဲတဲ့ စကခ၊ သေရဲတဲ့ စစ်ဆင်ရေး ဘာဗျူဟာ ညာဗျူဟာ သေရဲတဲ့ကောင် အကုန် ကရင်နီ လာလို့ရတယ်။” လို့ KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီကပြောပါတယ်။

ဇူလိုင် ၃၁ ရက် ညမှာ ပြုလုပ်တဲ့ “မောင်း ၁၀၀ ကမ်ပိန်း”အောင်မြင်ရေး တိုက်ရိုက် ထုတ်လွင့်တဲ့ စကားဝိုင်းမှာ KNDF ဒုစစ်ဦးစီးချုပ်က အဲ့ဒီလို စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

“ကရင်နီကတော့ သေရဲလို့ပဲ သူ့(စကစ)ကို အာခံနေပြီ။ သူတို့ဘက်က သေရဲဖို့ပဲ လိုတော့တယ်။ အဲ့ဒါကြောင့်မို့လို့ သေရဲတဲ့ကောင် အကုန်လာခဲ့လို့ရတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီက ပထမအကြိမ် ကရင်နီပြည်ကို ထိုးစစ်ဆင်စဥ် ကရင်နီ ပူးပေါင်းတပ်တွေက စစ်တပ် တပ်ရင်းလိုက် ပြုတ်ပြီး တပ်ဖွဲ့စည်းပုံ ပျက်တဲ့အထိ ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက အင်အားထပ်မံ ဖြည့်တင်းပြီး ကရင်နီပြည်ကို ဒုတိယ အကြိမ် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလ အတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ (၅၅) နဲ့ စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိ စစ်ကောင်စီဟာ တပ်မ (၅၅) ကို ရခိုင်ပြည်နယ်က ပြန်ခေါ်ပြီး နောက်တစ်ကြိမ် ကရင်နီကို ပို့ဆောင်ထားပါတယ်။

“အခု ၅၅ တွေက နောက်တစ်ကျော့ ကရင်နီကို ပြန်ရောက်လာပြီ ဆိုတော့ သေရဲတဲ့ကောင် ထွက်လာခဲ့၊ ကရင်နီ ကလေးတွေက အဆင်သင့် ဖြစ်နေပြီလို့ ပြောချင်တယ်” လို့ ကိုမာဝီက ပြောပါတယ်။

KNDF ဗျူဟာ (၁) ဟာ စစ်ကောင်စီတွေ ကရင်နီပြည်ထဲကို မဝင်နိုင်အောင် အဝင်မှာ တားဆီးရတဲ့ ဗျူဟာ ဖြစ်လို့ KNDF ဗျူဟာ (၁) က ဦးဆောင်လုပ်နေတဲ့ မောင်း ၁၀၀ ကမ်ပိန်း အောင်မြင်ဖို့အတွက် ဝိုင်းဝန်ကူညီကြဖို့ ကိုမာဝီ က တိုက်တွန်းပါတယ်။

“ကျွန်တော်တို့ ယုံကြည်ထားတာက တော်လှန်ရေးဆိုတာ နယ်မြေရှိရတယ်။ လေပေါ်မှာ လုပ်လို့မရဘူး။ ဒီကမ်ပိန်းတွေက ရလာတဲ့ ပစ္စည်းတွေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ဦးကျိုးအောင် ကျွန်တော်တို့တွေ ချိုးနိုင်တဲ့ တာဝန်ကို ဗျူဟာ (၁) ရဲ့အောက်က တပ်ရင်းတွေက အစွမ်းကုန် လုပ်ပါလိမ့်မယ်” လို့ သူက ကတိပေး ပြောဆိုပါတယ်။

မောင်း ၁၀၀ ကမ်ပိန်း ရည်မှန်းချက် ပြည့်ပါက ကရင်နီကနေ တစ်ဆင့် တစ်နိုင်ငံလုံး လွတ်မြောက်ရေး ဦးတည် နေတာ ဖြစ်တဲ့အတွက် လွတ်မြောက်နယ်မြေတစ်ခု ဖန်တီးနိုင်ပါက တစ်နိုင်ငံလုံး တော်လှန်ရေး အောင်နိုင်ရေး အတွက် ဆက်လက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်မြေရှိလာဖို့ အရေးပါတဲ့ ကဏ္ဍကနေပြီးတော့မှ ကရင်နီဟာ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ကိုမာဝီ ကရှင်းပြပါတယ်။

“ကရင်နီကို ထောက်ပံ့ခြင်း ပံ့ပိုးခြင်းသည် ဘယ်တော့မှ သဲထဲရေသွန် မဖြစ်စေရဘူး။ ရလဒ်ကောင်းတွေ ရစေရမယ်။ ကရင်နီမှသည် တစ်နိုင်ငံလုံး အောင်ပွဲကို ကျွန်တော်တို့ ချီတက်ဖို့ အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်တဲ့အတွက် ဝိုင်းဝန်းပါဝင် ပေးကြဖို့အတွက် ကျွန်တော် တောင်းဆိုပါတယ်” လို့ သူကပြောပါတယ်။

မောင်း ၁၀၀ ကမ်းပိန်းဟာ KNDF ဗျူဟာ (၁) အောက်ရှိ တပ်ရင်းတွေကို မောင်းပြန် အလက် ၁၀၀ တပ်ဆင်ပေးဖို့ လုပ်နေတဲ့ ကမ်ပိန်းဖြစ်ပြီး ကမ်ပိန်း နောက်ဆုံးရက်ဟာ ဩဂုတ်လ ၈ ရက်နေ့ဖြစ်ပါတယ်။

မောင်း ၁၀၀ ကမ်ပိန်းမှာ ပါဝင် ကူညီလိုသူတွေ အနေနဲ့ “ကရင်နီ အိပ်မက်” ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပါဝင်ကူညီနိုင်ပါတယ်။

မောင်း ၁၀၀ ကမ်ပိန်းအောင်မြင်ဖို့ ပြည်သူ တစ်ယောက် တစ်သောင်းကျပ်နဲ့ အယောက် တစ်သိန်း ထည့်ဝင် ကူညီဖို့ ကမ်ပိန်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

CJ-002

#MekongNews

#ကရင်နီပြည်

#KNDF

#စစ်ကောင်စီတပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now