မြန်မာ့နွေဦး

ယာဒိုဒေသမှာ တိုက်ပွဲဆက်လက်ပြင်းထန်ပြီး စစ်ရှောင် ၂,၀၀၀ ဝန်းကျင် အရေးပေါ် အကူအညီလိုအပ်

မဲခေါင် 26 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၆ ရှမ်း-ကရင်နီ နယ်စပ်ဒေသနဲ့ ဆက်စပ်နေတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ထဲက ယာဒိုကျေးရွာမှာ တိုက်ပွဲတွေ ဒီနေ့အထိ ဆက်လက် ပြင်းထန်နေပြီး ဒေသခံပြည်သူ ၂,၀၀၀ ဝန်းကျင် စစ်ဘေး တိမ်းရှောင် နေရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၆

ရှမ်း-ကရင်နီ နယ်စပ်ဒေသနဲ့ ဆက်စပ်နေတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ထဲက ယာဒိုကျေးရွာမှာ တိုက်ပွဲတွေ ဒီနေ့အထိ ဆက်လက် ပြင်းထန်နေပြီး ဒေသခံပြည်သူ ၂,၀၀၀ ဝန်းကျင် စစ်ဘေး တိမ်းရှောင် နေရပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲဟာ ဒီနေ့ ဇူလိုင် ၂၆ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။

အဆိုပါ စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အပါအဝင် ခိုလှုံနေထိုင်ဖို့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“ပြေးရင်းလွှားရင်းနဲ့တော့ ဘာမှ မပါဘူးပေါ့ဗျာ။ တိုက်ပွဲက ချက်ချင်းဖြစ်သွားတယ် ဆိုတော့ လွတ်ရာကျွတ်ရာကို မိသားစုနဲ့ ကလေးတွေလောက်ပဲ ဆွဲပြီးတော့မှ ပြေးသွားရတာရှိတယ်။ အဓိက ကတော့ စားနပ်ရိက္ခာပေါ့။ တခြား အခြေခံ လိုအပ်ချက်တွေကလည်း အများကြီး ရှိပါသေးတယ်” လို့ စစ်ဘေးရှောင် ကူညီပေးနေသူ ကယန်းပြည်သစ် လူငယ် တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင် ကူညီတဲ့ အဖွဲ့တွေ အနေနဲ့ နီးစပ်ရာ တောတောင်ထဲနဲ့ အခြား ကျေးရွာတွေ အပါအဝင် နေရာအနှံ့ ထွက်ပြေးကြရတဲ့ စစ်ရှောင်တွေကို လိုက်လံ စာရင်းကောက်ပြီး အရေးကြီးဆုံးဖြစ်တဲ့ စားနပ်ရိက္ခာ မျှဝေတာတွေ အဓိက ပြုလုပ်ပေးနေရတယ်လို့ သူကဆိုပါတယ်။

စစ်ရှောင်ကူညီသူတွေဟာ တိုက်ပွဲအနီးတဝိုက် ပိတ်မိနေသူတွေကို စုစည်း ခေါ်ထုတ်ပေးပြီး သက်ဆိုင်ရာ စစ်ဘေးရှောင်စခန်း၊ ဆွေမျိုးတွေရှိတဲ့နေရာ ဒါမှမဟုတ် လုံခြုံတဲ့ နေရာတွေကို ပို့ဆောင်ပေးတယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ ယာဒိုဒေသမှာရှိတဲ့ ရွာသစ်ကုန်း၊ ကလေတရပ်ကွက်၊ ဝါဘန်းခို၊ ဝါသောခို အစရှိတဲ့ ကျေးရွာရပ်ကွက်က ဒေသခံတွေအပြင် အနီးတဝိုက်ကျေးရွာက ဒေသခံတွေလည်း ကြိုပြီး တိမ်းရှောင်တာတွေ ရှိတယ်လို့ သိရပါတယ်။

ယာဒိုဒေသဟာ တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် လက်ရှိ မိုးတွင်းဖြစ်လို့ လမ်းတွေ သွားလာမရ ဖြစ်နေပြီး တောင်ငူဘက်က စားနပ်ရိက္ခာ ရနိုင်မယ့် လမ်းကြောင်း ပိတ်နေသလို လွိုင်ကော် ဘက်က စစ်တပ်က လမ်းကြောင်း ပိတ်ထားတာတွေ ရှိနေတယ်လို့ စစ်ရှောင် ကူညီသူတွေက ပြောပါတယ်။

“စားနပ်ရိက္ခာတွေက ရေရှည်အတွက်ဆိုရင် သူတို့အတွက် ပြတ်တောက်နိုင်တဲ့ အနေအထား ဖြစ်တယ်။ နောက် ဒီဘက်ဒေသက အလှူရှင်လည်း အရောက်အပေါက် နည်းတဲ့ ဒေသ ဖြစ်တယ်။ ဒီဘက်မှာ ရာသီတုပ်ကွေးတွေ ဖြစ်နေတဲ့ အတွက် ဖျားနာတာတွေလည်းရှိတယ်။ ဆေးဝါး လိုအပ်ချက်တွေကလည်း အများကြီး ရှိနေပါသေးတယ်“ လို့ စစ်ရှောင်ကူညီနေသူ တစ်ဦးက ဆိုပါတယ်။

စစ်ရှောင် ပြည်သူတွေထဲမှာ အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အများစု ပါဝင်တာဖြစ်ပြီး မသန်စွမ်းတွေလည်း ပါဝင်ကာ ရာသီဥတုနဲ့ တောတောင် အခြေအနေကြောင့် ဖျားနာသူတွေ ရှိနေတာပါ။

အဆိုပါ ဖျားနာသူတွေနဲ့ ယာဒိုဒေသက စစ်ဘေးရှောင်တွေရှိတဲ့ နေရာတွေကို ကယန်းအမျိုးသား ကျန်းမာရေး ကော်မတီဝင်တွေနဲ့ အခြား ဒေသတွင်း အရပ်ဖက် အဖွဲ့အစည်းတွေက လှည့်လည်သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ သိရပါတယ်။

အခုလို တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ထွက်ပြေးဖို့ ခက်ခဲနေတဲ့ ယာဒိုဒေသကို စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှု အပါအဝင် လေကြောင်း တိုက်ခိုက်မှုတွေလည်း အကြိမ်ကြိမ် ပြုလုပ်နေပါတယ်။

စစ်ကောင်စီဟာ ယာဒိုဒေသ ဝါသောခိုနဲ့ တပ်ကုန်းကျေးရွာ အနီး ဝန်းကျင်ကို ဇူလိုင် ၁၂ ရက်နေ့မှာ ၂ ကြိမ်၊ ဇူလိုင် ၁၈ ရက်နေ့မှာ ၇ ကြိမ်နဲ့ ဇူလိုင် ၂၂ ရက်နေ့မှာ ၁၃ ကြိမ်၊ ဇူလိုင် ၂၃ ရက်နေ့မှာ ၁၁ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူ တောင်ငူခရိုင်က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံ ၂ လုံး၊ ဒေသခံ ပြည်သူတွေရဲ့ အိမ် အလုံး ၂၀ ထက်မနည်းနဲ့ စပါးကျီ တစ်လုံး အပါအဝင် လယ်ယာမြေနဲ့ စိုက်ပျိုးပင်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

၁၅ ရက်ကျော် ဆက်တိုက် ဖြစ်ပွားနေတဲ့ ယာဒိုဒေသတိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းတပ်မှာ ပါဝင်တဲ့ ကရင်နီပြည်၊ ဝံပုလွေစစ်ကြောင်းက တပ်ခွဲမှူး တစ်ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ကိုတော့ အတိအကျ မသိရသေးပါဘူး။

ယာဒိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး KNU တောင်ငူခရိုင် တာဝန်ရှိသူတွေကို မဲခေါင်သတင်းဌာနက ကြိုးစား ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးသလို စစ်ကောင်စီဘက်ကလည်း ဒီအခြေအနေအကြောင်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

MK-009

#MekongNews

#ယာဒိုဒေသ

#KNU

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now