မြန်မာ့နွေဦး

အသိမ်းခံရတဲ့ လက်ခတ်တောင်စခန်းကုန်း ပြန်ရဖို့ စစ်ကောင်စီ အစွမ်းကုန် ကြိုးစားနေ

မဲခေါင် 26 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ စစ်ကောင်စီ လက်ထဲကနေ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူ ထားတဲ့ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း ပြန်ရဖို့ စစ်ကောင်စီဘက်က အင်အား အလုံးအရင်းသုံးပြီး အစွမ်းကုန် ကြိုးစားနေတယ်လို့ KNU ထံက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ စစ်ကောင်စီ လက်ထဲကနေ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူ ထားတဲ့ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း ပြန်ရဖို့ စစ်ကောင်စီဘက်က အင်အား အလုံးအရင်းသုံးပြီး အစွမ်းကုန် ကြိုးစားနေတယ်လို့ KNU ထံက သိရပါတယ်။

အခုလ ၂၁ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်မှာ လက်လွတ်လိုက်ရတဲ့ လက်ခတ်တောင် စခန်းကို ပြန်လည် ရယူဖို့ အတွက် တပ်မ (၄၄) တပ်မမှူးက တိုက်ရိုက်ညွှန်ကြားပြီး ခမရ (၂) နဲ့ ခမရ (၁၁၈) စုပေါင်း ထုတ်နုတ်အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတယ်လို့ KNU က ဆိုပါတယ်။

အခုလို စစ်ကောင်စီဘက်က ပြန်လည် ထိုးစစ်ဆင်မှုတွေကြောင့် ဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ မနေ့က ၂၅ ရက်နေ့၊ မနက် ၅ နာရီကနေ ၉ နာရီခွဲကျော် တစ်ကြိမ် တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KNLA – ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ဒူးပလာယာခရိုင်သတင်းနဲ့ ပြန်ကြားရေးကို ပြောထားပါတယ်။

“ရန်သူကတော့ လက်ခတ်တောင်စခန်းကို ပြန်ရဖို့၊ ပြန်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဒီရက်နဲ့ဆို ၂ ရက်ရှိပြီပေါ့။ ဒါပေမယ့် တောင်ခြေအနားထိ သူတို့ရောက်မလာနိုင်ဘူး။ သူတို့ ထိခိုက်ကျဆုံးတာများလို့ ပြန်ဆုတ်သွားတယ်။ ထိခိုက်သေဆုံးတဲ့ သူ့လူတွေကို ပြန်ဆွဲပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်ပစ်နေတယ်။ အခြေအနေ ကတော့ ဆက်လက် ပြင်းထန်ဖို့ရှိတယ်” လို့ ဗိုလ်ဒါဘော က ရှင်းပြပါတယ်။

ထိုင်း-မြန်မာနယ်စပ် စီးပွားရေး ကူးသန်းရောင်းဝယ်မှု တံခါးပေါက်ဖြစ်တဲ့ မြဝတီမြို့နယ်ထဲမှာ အခုလ ၅ ရက်ေန့ ကနေ စတင်ပြီး တော်လှန်ရေး အင်အားစုတွေ ကာကွယ်ထားတဲ့ စိမ်းလဲ့မြိုင်ကားဝင်းအနီး ဝန်းကျင်ကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်တွေဘက်ကစပြီး စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ရာက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ စတင်လာခဲ့တာပါတယ်။

မြဝတီမြို့ခံတွေဟာ မြို့ပြင်မှာရှိတဲ့ ပွင့်လင်းအေးမြိုင်ကျေးရွာ၊ စိမ်းလဲ့မြိုင်ကားဝင်းဘက်တွေနဲ့ မေတ္တာလင်းမြိုင်၊ လက်ခတ်တောင် စတဲ့ ဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်နေတဲ့ တိုက်ပွဲသံတွေကို လအစပိုင်း ကတည်းက ဆက်တိုက် ကြားနေခဲ့တယ်လို့ ပြောပြကြပါတယ်။

အဲ့ဒီရက် နောက်ပိုင်း ဇူလိုင် ၁၈ ရက်နေ့အထိ စိမ်းလဲ့မြိုင်ကားဝင်း၊ ပွင့်လင်းအေးမြိုင်ကျေးရွာ အနီးနဲ့ မဲကနယ်ကျေးရွာ တဝိုက်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ BGF တပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာပါ။

“မြဝတီမှာ အခြေအနေ မကောင်းဘူး။ အရင်တုန်းကဆိုရင် မေတ္တာလင်းမြိုင်ဘက်မှာ ပစ်တယ်ဆိုရင် မြို့ပြင်ဘက်မှာ ငြိမ်နေတယ်။ မြို့ပြင်ဘက်မှာ ပစ်ရင် မေတ္တာလင်းမြိုင်ဘက်မှာ ငြိမ်နေတယ်။ အခုက အဲ့လို မဟုတ်ဘဲနဲ့ ဘက်ပေါင်းစုံကနေ ဟိုဘက်က ထုလိုက် ဒီဘက်က ထုလိုက် လေးငါးခြောက်ရက် လောက်ရှိပြီ။ တိုက်ပွဲက တော်တော်ကြာနေပြီ။ အခုက မြို့နဲ့နီးလာပြီ” လို့ မြဝတီမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

KNU တပ်မဟာ (၆) နယ်မြေမှာရှိတဲ့ KNLA လက်အောက်ခံ ကော်ဘရာ စစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings တို့ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းမှာ စစ်ကောင်စီ ခမရ (၁၁၈) တပ်ရင်းနဲ့ ခမရ (၂) တပ်ရင်းတို့ရဲ့ တပ်ဖွဲ့ဝင် အင်အား ၆၀ ကျော် စခန်းချ နေထိုင်တာပါ။

အဆိုပါ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းဟာ စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ နေရာ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ခတ်တောင် စခန်းကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့ပြီး စာရင်းကိုတော့ စိစစ်နေဆဲ ဖြစ်တယ်လို့ KNU ဗဟို သတင်းပြန်ကြားရေးက ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ခတ်တောင် စခန်းကုန်းတိုက်ပွဲ အတွင်း စခန်းကနေ ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့ ခမရ (၂) က တပ်ရင်းမှူး အာကာအောင်နဲ့ ဒု-တပ်ရင်းမှူး ကျော်သူမောင် တို့ကို အာဏာဖီဆန်မှုနဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အကျဉ်းထောင်မှာ ထောင်ချထားတယ်လို့ KNU က ဆိုပါတယ်။

မြဝတီမြို့နဲ့ ၈ မိုင်ဝန်းကျင် အတွင်းမှာရှိတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်း အသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကော်ဘရာ စစ်ကြောင်းကတော့ စစ်ကောင်စီတပ်ရဲ့ အချက်အချာကျတဲ့ လက်ခတ်တောင် စခန်းကုန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ၂၅ နာရီ ဝန်းကျင် အတွင်း စီးနင်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်ထဲမှာ အသက်ဆုံးရှုံးသူ မရှိဘဲ ၆ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်း တိုက်ပွဲမှာ ဆက်သွယ်ရေးစက် တစ်လုံး၊ ၆၀ မမကျည် ၁၆ လုံး၊ ကားမိုင်း ၉ လုံး၊ Jammer စက် ၂ လုံး၊ မိုင်းရွာစက် ၂ လုံး၊ စက်လက်ပြောင်း တစ်ပြောင်း၊ ကွန်မန်ဒို ၆၀ မမပြောင်း ၂ လက်၊ ၄၀ မမ ကျည် ၉ လုံး၊ G3 ကျည်ဘောက် ၄ ခု၊ MA ကျည်ဘောက် ၂ ခုနဲ့ စစ်ခမောက် ၈ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ RPG သီး တစ်လုံး၊ ၇ ဒသမ ၆၂ ကျည် ၁၈၈၀ တောင့်နဲ့ ၅ ဒသမ ၅၆ ကျည် ၃၀၂ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာက ထုတ်ပြန်ထားတာပါ။

ဇူလိုင်လ ၅ ရက်နေ့က စတင်ခဲ့တဲ့ မြဝတီမြို့နယ်တွင်းက တိုက်ပွဲတွေကြောင့် လက်ခတ်တောင် အနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံ ၅၀၀ ခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးပြီး မြဝတီမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။

တိုက်ပွဲတွေ ဖြစ်နေစဉ် စစ်ကောင်စီဘက်က နေ့ညမရွေး လက်နက်ကြီးနဲ့ ပစ်ခတ်နေခဲ့တာဖြစ်ပြီး အဲ့ဒီ လက်နက်ကြီးကျည်တွေက ဒေသခံတွေ နေထိုင်တဲ့ ရပ်ကွက်နဲ့ လူနေအိမ်တွေပေါ် ကျရောက်တာကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။

မြဝတီမြို့ပြင်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ရက်ပိုင်းတွေ အတွင်း မြို့တွင်း၊ မြို့ပြင်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ ပိုများလာပြီး မြဝတီမြို့တွင်းမှာရှိတဲ့ မြို့မရဲစခန်း ပတ်ပတ်လည်က ဝင်ပေါက်တွေကို လုံးဝ ပိတ်ချထားတဲ့အပြင် လုံခြုံရေးတွေ ပိုမိုတိုးမြှင့် ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့ပြင်၊ ဖားချောင်းကျေးရွာကနေ သင်္ကန်းညီနောင်ဘက် သွားတဲ့ အာရှလမ်းမကြီး တစ်လျှောက်မှာရှိတဲ့ မြောင်းကူး တံတားတွေပေါ်မှာလည်း တံတားထိပ် ၂ ဖက်လုံး စစ်ဆေးရေးဂိတ်တွေ ချထားတယ်လို့ လမ်းအသုံးပြုသူတွေက ‌ပြောပါတယ်။

“ဖားချောင်းတံတားနဲ့ ညီနောင်တံတားက တစ်လလောက်တောင် မရှိသေးဘူး။ ညီနောင်ကနေ ဖားချောင်းထိ ၈ ဂိတ်လောက်ရှိတယ်။ တံတားတောင် ဟိုဘက်ထိပ် ဒီဘက်ထိပ်နဲ့ အဆင်ကိုပြေလို့။ တစ်လမ်းလုံးလည်း သူတို့ (စစ်ကောင်စီတပ်ဖွဲ့) တွေပဲ။ ၁၂ လက်မ တစ်ပေ၊ ၃ ပေ တစ်ဂိတ်လေ” လို့ အာရှလမ်းမှာ သွားလာနေသူ တစ်ဦးက ဆိုပါတယ်။

အခုရက်ပိုင်း အတွင်း မြဝတီမြို့ပြင် ပတ်လည်မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပေမယ့် မြို့တွင်းမှာတော့ ပုံမှန်အတိုင်း အသွားအလာမပြတ် ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြဝတီမြို့နယ်မှာသာမက ကရင်ပြည်နယ်တွင်းမှာရှိတဲ့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဖာပွန်နဲ့ သံတောင်ကြီးမြို့နယ်တွေမှာလည်း KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

အခုလို ကရင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒေသခံ ၂ သိန်းကျော် ရှိလာပြီး တိုက်ပွဲတွေကြောင့် ဒေသခံနေအိမ် အဆောက်အအုံတွေ၊ ဘာသာရေး ဆိုင်ရာ အဆောက်အအုံတွေ အပါအဝင် ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်း အရပ်ဖက် အဖွဲ့အစည်းတွေထံက သိရပါတယ်။

MK – 009

#MekongNews

#လက်ခတ်တောင်စခန်းကုန်း

#KNLA

#အာရှလမ်းမကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now