မြန်မာ့နွေဦး

တနိုင်ငံလုံးကို ဒုက္ခပေးမယ့် ဒီဂျစ်တယ်မှတ်ပုံတင်စနစ် စစ်ကောင်စီစတင်၊ ဗီယက်နမ်၊ တရုတ်အကူအညီတွေနဲ့ ပြည်တွင်းနည်းပညာသမားတချို့ လုပ်ဆောင်ပေးနေ

မဲခေါင် 11 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၁ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ဒီဂျစ်တယ်စနစ်ထဲထည့်သွင်းပြီး Smart Card ထုတ်ပေးမယ့် အစီအစဉ်အတွက် အာဏာသိမ်းစစ်ကောင်စီက အချက်အလက်ကောက်ယူတာတွေ စတင်လုပ်ဆောင်နေပြီလို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၁

နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ဒီဂျစ်တယ်စနစ်ထဲထည့်သွင်းပြီး Smart Card ထုတ်ပေးမယ့် အစီအစဉ်အတွက် အာဏာသိမ်းစစ်ကောင်စီက အချက်အလက်ကောက်ယူတာတွေ စတင်လုပ်ဆောင်နေပြီလို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။

ကနဦးအနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဝန်ထမ်းအင်အားများတဲ့ ကုမ္ပဏီတစ်ချို့မှာ အချက်အလက်ကောက်ခံတာကို စတင်ပြုလုပ်မှာဖြစ်ပြီး ဒီတပတ်အတွင်းစတင်ကောက်ယူဖို့ ကုမ္ပဏီတစ်ချို့ထံ ညွှန်ကြားစာရောက်လာတယ်လို့ နည်းပညာအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ အမည်မဖော်လိုသူ အမျိုးသမီးသတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

အဲဒီစနစ်ကို UID (Unique ID or Unique Identification Number) လို့ အမည်ပေးထားပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အချက်အလက်တွေလိုက်လံကောက်ခံမှာဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

“အဲဒီစနစ်မှာ မျက်လုံးစကန်ဖတ်တာတွေ၊ လက်ဖွေစကန်ဖတ်တာတွေလည်းပါမယ်။ လောလောဆယ်တော့ Smart Card မရသေးဘူး။ ဖြတ်ပိုင်းတစ်ခုရမယ်ပေါ့။ Smart Card ရရင် အဲဒီဖြတ်ပိုင်းကို ပြပြီးထုတ်ရမယ်။ နောက်ပိုင်းမှာ မှတ်ပုံတင်မသုံးရတော့ဘူး Smart Card ပဲသုံးရတော့မယ်လို့ သိရတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဝန်ထမ်းဦးရေများတဲ့ ကုမ္ပဏီတွေမှာ စမ်းသပ်ကောက်ခံနေတာဖြစ်ပြီး နောက်ပိုင်းမှာ ထွေအုပ်ရုံးတွေနဲ့ လဝကတို့ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာတွေအထိ လိုက်လံကောက်ခံမှာဖြစ်တယ်ပြီး အဲဒီစနစ်ကို ဗီယက်နမ်နဲ့ တရုတ်က ကုမ္ပဏီတွေရဲ့အကူအညီနဲ့ ပြည်တွင်းနည်းပညာသမားတချို့က စစ်ကောင်စီအတွက်လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ နည်းပညာအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

အာဏာသိမ်းစစ်တပ်ကို တနိုင်ငံလုံးက အင်နဲ့အားနဲ့ တော်လှန်နေချိန်မှာ ဒီစနစ်ကိုအကောင်အထည်ဖော်တာဟာ တော်လှန်ရေးကို ကြီးကြီးမားမားဖိနှိပ်ဖို့ရည်ရွယ်ချက်သာဖြစ်တယ်လို့ အမည်မဖော်လို့တဲ့ ကွန်ပြူတာပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

“ဒီစနစ်က တနိုင်ငံလုံးလည်ပင်းကို ကြိုးကွင်းစွပ်မှာပဲ။ အခုအချိန်မှာ စစ်ကောင်စီဟာ တော်လှန်ရေးနဲ့ပတ်သက်တဲ့သူတွေရဲ့ အချက်အလက်ကိုရဖို့ အချိန်တစ်ခုယူရတယ်။ Smart Card စနစ်ဖြစ်သွားပြီဆိုရင် လက်ဗွေ၊ မျက်လုံးစကန်၊ နံပတ်တစ်ခုခု ရသွားတာနဲ့ ဆွေ ၇ဆက် မျိုး ၇ဆက် အချက်အလက်တွေကို တထိုင်ထဲ ရသွားမှာ” လို့ သူက ရှင်းပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက တနိုင်ငံလုံးကို မီးရှို့သတ်ဖြတ်နေချိန်မှာ စစ်ကောင်စီအတွက် ဒီလိုဒီဂျစ်တယ်စနစ်ကို တည်ဆောက်ပေးတဲ့ ပြည်တွင်းက နည်းပညာသမားတစ်ချို့ရဲ့ လုပ်ရပ်ဟာ ဆိုးရွာလွန်းတယ်လို့ အဲဒီကွန်ပြူတာပညာရှင်ကဝေဖန်လိုက်ပါတယ်။

Biomatrix စနစ်လို့ခေါ်တဲ့ ဒီစနစ်ကို လုပ်ကိုင်ခွင့်ရရှိသွားတဲ့ နည်းပညာကုမ္ပဏီဟာ Passport ရုံး ဝက်ဘ်ဆိုဒ်ကို လုပ်ကိုင်ပေးရာကနေတဆင့် အခုလို ဆက်စပ်လုပ်ကိုင်ခွင့်ရရှိသွားတာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

လက်ရှိအချိန်အထိ မဲခေါင်သတင်းဌာနက စုံစမ်းသိရသလောက် ပြည်တွင်းက Trust Link ကုမ္ပဏီနဲ့ Secure Link ကုမ္ပဏီတို့ ပါဝင်တယ်လို့သိရပါတယ်။ ပါဝင်လုပ်ဆောင်ပေးနေသူတွေရဲ့ တစ်ဦးချင်းအချက်အလက်တချို့ကို မဲခေါင်သတင်းဌာနက ရရှိထားပေမယ့် သေချာအောင် အတည်ပြုနေဆဲဖြစ်ပါတယ်။

UID စနစ်မှာ မှတ်ပုံတင်၊ ဖုန်းနံပတ်၊ ဘဏ်အကောင့်၊ ကိုယ်ရေးအချက်အလက်၊ ဆွေးမျိုးစဉ်ဆက်၊ နေရပ်လိပ်စာအပါအဝင် အချက်အလက်တွေအကုန်လုံးကို ချိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုစနစ်မျိုးဟာ နိုင်ငံတိုးတက်ရေးအတွက် အရေးပါပေမယ့် စစ်အာဏာရှင်လက်ထက်မှာတော့ သူ့ကိုဆန့်ကျင်တဲ့သူတွေကို ဖိနှိပ်ဖို့သက်သက်သာဖြစ်တယ်လို့ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“တကယ်တော့ တိုးတက်တဲ့နိုင်ငံတွေမှာလည်း ဒီစနစ်ကသုံးနေတာ ကြာပါပြီ။ ဒါပေမယ့် စစ်တပ်ကတော့ သူ့ကိုဆန့်ကျင်တဲ့သူတွေကို ဖိနှိပ်ဖို့အတွက်သာ အသည်းအသန်လုပ်နေတာပါ” လို့သူက ပြောပါတယ်။

UID စနစ်ပြုလုပ်ဖို့ လုပ်ငန်းစဉ်တွေကို NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ဩစတြေးလျနိုင်ငံ OeSD ထံကနေ ယူရို ၃၃သန်းချေးယူကာ အဆင့် ၃ဆင့်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အဲဒီစနစ်ကို ဖော်ဆောင်ရန် စစ်ကောင်စီက အသည်းအသန်ကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။

MK – 004

#MeKongNews

#စစ်ကောင်စီ

#UID

#မှတ်ပုံတင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now