မြန်မာ့နွေဦး

ဒီးမော့ဆိုက စစ်ရှောင်ရွာတွေကို စစ်ကောင်စီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ စစ်ရှောင်ရွာတွေကို ဦးတည်တိုက်ခိုက်မှု တစ်ပတ်အတွင်း ၂ ကြိမ် ရှိလာ

မဲခေါင် 8 Jul - 2023
မဲခေါင်၊ ဇူလိုင် ၈ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း စစ်ရှောင်ကျေးရွာတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီး ၃ လုံး အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Job for Kayah အဖွဲ့ တာဝန်ခံက မဲခေါင်သတင်းကိုပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၈

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း စစ်ရှောင်ကျေးရွာတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီး ၃ လုံး အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Job for Kayah အဖွဲ့ တာဝန်ခံက မဲခေါင်သတင်းကိုပြောပါတယ်။

ဒီကနေ့ ဇူလိုင်လ ၈ ရက် မနက် ၁၀ နာရီဝန်းကျင်ခန့်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒါဟာ တစ်ပတ်အတွင်း ၂ ကြိမ်မြောက် စစ်ရှောင်ကျေးရွာတွေကို ဦးတည်တိုက်ခိုက်တာဖြစ်တယ်လို့ သူကပြောပါတယ်။

“ဒီမနက်ပစ်သွားတာက မိနစ်ပိုင်းပဲ ရှိသေးတယ်။ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေကို ဦးတည်တိုက်ခိုက်တာပါ။ အခုလေးတင်ဖြစ်သွားတာဆို‌တော့ အခြေအနေတွေ ကျွန်တော်တို့ မသိရသေးပါဘူး။ နေ့လည်လောက်တော့ အခြေအနေတွေသိရမယ်ထင်ပါတယ်” လို့ Job for Kayah အဖွဲ့ တာဝန်ခံက ရှင်းပြပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းနဲ့စာသင်ကျောင်းနေရာကို ဇူလိုင် ၄ ရက် မနက် ၂ နာရီခန့် ကလည်း လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ပေါင် ၁၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ် ၁၀ လအရွယ်ကလေးငယ်တစ်ဦး နဲ့မိဘ ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားပြီး စစ်ရှောင်တဲတစ်ချို့နဲ့ ယာယီ စာသင်ကျောင်း ပျက်စီးသွားတယ်လို့ KNDF တပ်သားတစ်ဦးက ပြောပါတယ်။

“အဲ့နေ့တုန်းက ကံသီလို့ပါ။ ဗုံးက တည့်တည့်တဲတွေပေါ်လာမကျလို့ ခံသာတာ။ ပေါင် ၅၀၀ ဗုံး ၂ လုံးဆိုတာ နည်းတဲ့ ပေါက်ကွဲအားမဟုတ်ဘူး။ မြင်သာအောင်ပြောရရင် ပဇီကြီးမှာ ကြဲခံလိုက်ရတာ ပေါင် ၅၀၀ ဗုံးပဲ။ ဆိုတော့ စစ်ကောင်စီက အစုလိုက်အပုံလိုက်သတ်ဖြတ်မှုတွေကို ထပ်ကျူးလွန်ဖို့ ဝန်မလေးဘူးဆိုတာပြနေတာနဲ့ တူတူပဲ။ ဒီလို ဖြစ်ရပ်တွေ ထပ်မဖြစ်လာဖို့တဲ့ စစ်ကောင်စီတပ်တွေကို အပြစ်ဖြတ်ချေမှုန်းမှ ရပ်တန့်သွားမှာဖြစ်တယ်” လို့ သူကပြောပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုအရှေ့ခြမ်းနဲ့ ဖရူဆိုမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးအင်အားစုတို့ တိုက်ပွဲတွေ ပြင်းထန်နေတာ လနဲ့ချီကြာမြင့်နေတာကြောင့် ဒေသခံပြည်သူအများစုဟာ ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ရှောင်စခန်းတွေနဲ့ ထိုင်း-ကရင်နီနယ်စပ်တွေမှာ ခိုလှုံနေကြရပါတယ်။

တိုက်ပွဲတွေကလည်း ဆက်လက်ပြင်းထန်နေတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ နေရပ်မပြန်နိုင်သေးပဲ စစ်ရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြရပါတယ်။

ကရင်နီပြည်နယ်အနှံ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းတွေမှာတင် ခိုလှုံနေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ၄,၀၀၀၀ ထက်မနည်းရှိပြီး တစ်နေ့ထက်တစ်နေ့ တိုးလာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်တောက်မှုတွေလည်းဖြစ်နေတယ်လို့ Job For Kayah အဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆို အနောက်ခြမ်းစစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်တောက်မှုကိုသာ ရင်ဆိုင်နေရတာမဟုတ်ဘဲ စစ်ကောင်စီက မကြာခဏလေကြောင်းကနေ ဗုံးလာကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်တာတွေကြောင့် နေထိုင်ရတာလည်း လုံခြုံမရှိဘူးလို့ သူကပြောပြပါတယ်။

MK-007
ဓာတ်ပုံ-ပုံဟောင်း ဖြစ်ပါတယ်။

#MeKongNews

#ဒီးမော့ဆို

#စစ်ရှောင်စခန်း

#စစ်ကောင်စီ

#ဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now