မဲခေါင်၊ ဇွန် ၁၆
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ပေါ်က ပြည်သူတွေ အနေနဲ့ စစ်ရေး အခြေအနေအရ ဒီကနေ့ ဇွန်လ ၁၆ ရက် မနက် ၁၁ နာရီ နောက်ဆုံးထားပြီး အမြန်ဆုံးပြောင်းရွှေ့ တိမ်းရှောင်ပေးဖို့ ဒေသခံကာကွယ်ရေးတပ်တွေက မေတ္တာရပ်ခံလိုက်ပါတယ်။
မိုးဗြဲမြို့ သာယာကုန်း၊ ပင်သာ၊ သစ်ယာကုန်း၊ ဈေးကုန်း၊ ကွက်သစ်ရပ်ကွက်၊ စည်ကား၊ လယ်တီ၊ ညောင်ဝန်း စတဲ့ ရပ်ကွက်တွေမှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ ဒီကနေ့ မနက် ၁၁ နာရီ နောက်ဆုံးထားပြီး တိမ်းရှောင်ပေးကြပါလို့ မိုးဗြဲကယ်ဆယ်ရေး အဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့ပေါ်က ရပ်ကွက်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ကြောင်းထိုးမယ်လို့ တပ်တွင်း သတင်းရတာကြောင့် အခုလို တိမ်းရှောင်ခိုင်းရတာ ဖြစ်တယ်လို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
လမ်းပေါ်မှာတွေ့တဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က သတ်ဖြတ်နေတာကြောင့် ပြည်သူတွေ အမြန်ဆုံး တိမ်းရှောင်ကြဖို့နဲ့ တိမ်းရှောင်နေတဲ့ ပြည်သူတွေ ပြန်လာဖို့ မသင့်သေးဘူးလို့ မိုးဗြဲ PDF က အသိပေး ထုတ်ပြန်ထားပါတယ်။
MK-007
#MeKongNews
#မိုးဗြဲမြို့
#PDF
#စစ်ကြောင်းထိုး








