မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင် 2 Jun - 2023
မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ ဂိုဏ်းကို လုယက်ထားတဲ့ ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ လားရှိုးမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ အတည်ပြု ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ ဂိုဏ်းကို လုယက်ထားတဲ့ ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ လားရှိုးမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ အတည်ပြု ပြောပါတယ်။

အဆိုပါ ၆ ဦးဂိုဏ်းဟာ လားရှိုးမြို့ ရပ်ကွက် အတော်များများမှာ လုယက်ခဲ့တဲ့ အတွက် ကျူးလွန်ခဲ့တဲ့ နေ့ရက်၊ အချိန်၊ နေရာတွေကို အသေးစိတ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ သုံး၊ လေးရက်လောက်က ပြစ်မှု ကျူးလွန်တဲ့ အမျိုးသား တရားခံ ၆ ဦးကို ကွင်းဆက် နဲ့အတူ လားရှိုးမြို့၊ ရပ်ကွက် (၈)၊ မန်ဆူအောက်ဂိတ်နားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ဖမ်းမိခဲ့တာပါ။ တရားခံတွေနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်လို့ အဆင်မပြေသေးပါဘူး။ အခုချိန်ထိ စစ်ဆေးမေးမြန်း နေပြီး ကွင်းဆက်တွေ ဆက်ဖော်ထုတ်ရအုံးမှာမို့ သူတို့နဲ့ ပတ်သက်လို့ ဓါတ်ပုံတွေ၊ အချက်အလက်တွေကို မချပေးသေးတာပါ။ သူတို့ လုယက် ယူဆောင်သွားခဲ့တဲ့ မော်တော်ဆိုင်ကယ် ၂၂ စီးကိုတော့ သူတို့ ရောင်းချထားတဲ့ ဆိုင်ကနေ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး အခုလက်ရှိ မြို့မရဲစခန်းထဲမှာ သိမ်းဆည်းထားပြီးပါပြီ” လို့ အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်ခန့် ည ၁၀ နာရီခန့်မှာ ရပ်ကွက် (၁၀)၊ ရွှေကျောက်ဂူ အနီး ဆိုင်ကယ်စီး အမျိုးသား ၂ ဦးကို ဆိုင်ကယ်တစ်စီး ၃ ဦး စီးနင်းလာတဲ့ အဖွဲ့က ဓါးရှည်နဲ့ ခုတ်ကာ ဆိုင်ကယ် လုဖို့ ကြိုးစားပေမယ့် ဆိုင်ကယ် ပါမသွားဘဲ လုယက်ခံရသူရဲ့ ဘယ်လက်ကောက်ဝတ် ဓားခုတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မေလ ၂၆ ရက်၊ ည ၈ နာရီခွဲ လားရှိုး တက္ကသိုလ်အနီး ဆိုင်ကယ်စီး အမျိုးသား တစ်ဦးကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးခုတ် ဆိုင်ကယ် လုယက်ခဲ့တဲ့ ဖြစ်စဉ်တွေကို အခု ဖမ်းမိထားသူတွေ ကျူးလွန်ခြင်း ရှိမရှိ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အခု သိမ်းဆည်းထားတဲ့ ဆိုင်ကယ်များအနက် တန်ဖိုးကြီး HONDA CLICK ဘီးများ၊ တရုတ်နိုင်ငံထုတ် လူကြိုက်များတဲ့ KENBO CLICK 125 ဘီးများ၊ LUOJIA 125 ဘီးများနဲ့ အတူ အဟောင်း ဈေးကွက်မှာ လူကြိုက်များ အဝယ်လိုက်တဲ့ ဆိုင်ကယ်များ အဓိက ပါဝင်နေတယ်လို့ သိရပါတယ်။

CJ-010

#MeKongNews

#လားရှိုးမြို့

#ဓားခုတ်လုယက်

#မန်ဆူအောက်ဂိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now