မြန်မာ့နွေဦး

စစ်ကောင်စီတပ် စီးနင်းသိမ်းပိုက်ခဲ့တဲ့ KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်သိမ်းယူ

မဲခေါင် 24 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄ စစ်ကောင်စီတပ်ရဲ့ စီးနင်းသိမ်းပိုက်ခံခဲ့ရတဲ့ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်၊ မြဝတီတောင်ပိုင်းရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို KNDO တပ်ရင်း(၈)၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ Federal Wings ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၄

စစ်ကောင်စီတပ်ရဲ့ စီးနင်းသိမ်းပိုက်ခံခဲ့ရတဲ့ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်၊ မြဝတီတောင်ပိုင်းရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို KNDO တပ်ရင်း(၈)၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ Federal Wings ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းကို စစ်ကောင်စီတပ် အင်အား ၅၀ ခန့်နဲ့ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းမှာ ဝေါလေဗျူဟာကုန်းမှ တဆင့် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

KNDO လုံခြုံရေး တပ်ရင်း (၈) တပ်ဖွဲ့၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ Federal Wings ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ ဖေဖော်ဝါရီ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ တပ်ရင်းဌာနချုပ်ကို ပြန်လည် တိုက်ယူနိုင်ခဲ့တာလို့ သိရပါတယ်။

KNLA (၁၀၃) ဌာနချုပ် ဝင်ရောက်စီးနင်းခံရမှု ဖြစ်စဉ်မှာ အဆောက်အအုံတွေ မီးရှို့ဖျက်ဆီး ခံရတာကလွဲပြီး တပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ KNLA ဘက်က ပြောပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာ အချို့ကတော့ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီမှာ ဝေါလေနယ်ရှိ ဦးကရစ်ခီး KNLA/PDF စခန်းကို စစ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အလောင်း ၆ လောင်းနဲ့ လက်နက်ခဲယမ်းတွေ၊ ဒရုန်းနဲ့ ယာဉ်တွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့ခဲ့တဲ့ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ဟာ ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေအာမီ -KTLA ဌာနချုပ် ဥကရစ်ခီးစခန်းနဲ့ ကိုက် ၁၀၀ ကျော် အကွာအဝေးသာ ရှိတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-KNDO တပ်ရင်း (၈) တပ်ရင်းမှူး ဗိုလ်မှူးကြီးစောအယ်မြထူးနဲ့ Federal Wings တပ်ဖွဲ့ဝင်တွေ။
MK-003

#MeKongNew

#ကော့ကရိတ်မြို့နယ်

#KNLA

#KTLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now