မြန်မာ့နွေဦး

PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားပြီး တပ်မဟာအဆင့်စုဖွဲ့မှုတွေ မကြာခင် ဆောင်ရွက်မယ်လို့ ကာဝန်ဦးရည်မွန် အသိပေး

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁ PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားပြီး အမိန့်ပေး ကွပ်ကဲမှုစနစ်နဲ့ စစ်ရေး ဆောင်ရွက်ချက်‌တွေ ပိုမို ထိရောက်စေဖို့ တပ်မဟာအဆင့် စုဖွဲ့မှုတွေကို မကြာခင်မှာ စတင် ဆောင်ရွက်ဖို့ ရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီကနေ့ အသိပေးလိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားပြီး အမိန့်ပေး ကွပ်ကဲမှုစနစ်နဲ့ စစ်ရေး ဆောင်ရွက်ချက်‌တွေ ပိုမို ထိရောက်စေဖို့ တပ်မဟာအဆင့် စုဖွဲ့မှုတွေကို မကြာခင်မှာ စတင် ဆောင်ရွက်ဖို့ ရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီကနေ့ အသိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်နေ့မှာ အပတ်စဉ် PDF ရဲဘော်တွေကို ပြောကြားတဲ့ ရေဒီယို မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့တာပါ။

“စစ်အုပ်စုနဲ့ လမ်းခွဲပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့ရုံမက အခုဆိုရင် PDF တပ်မတော်မှာ ပါဝင်ပြီး ကျရာတာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော်သား အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ဒီကနေ့မှာ တပါတည်း ချီးကျူး ဂုဏ်ပြုလိုတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။

PDF တပ်မတော်မှာ ကျရာတာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သား အရာရှိတွေနဲ့ ရဲဘော်တွေ အနေနဲ့ လက်ရှိ တော်လှန်ရေး တာဝန်သာမက အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ထူထောင်ရာမှာ အရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင်ရဖို့ ရှိတယ်ဆိုတာ အသိပေးလိုတယ်လို့ သူကပြောပါတယ်။

“ရန်သူမှာ လူအား မရှိတော့ဘူး။ စိတ်ဓာတ်အား မရှိတော့ဘူး။ လက်နက်အားကိုး တစ်ခုနဲ့ လေကြောင်းက အလစ်ငိုက်တိုက်ခိုက်ဖို့၊ စစ်ကြောင်းဖွဲ့ပြီး အရပ်သား အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့၊ အပြစ်မဲ့ ပြည်သူတွေကို ညှဉ်းပမ်း သတ်ဖြတ်ဖို့ ဒီအလုပ်ပဲ လုပ်နိုင်တော့တယ်။ ဒီအလုပ်ပဲ လုပ်တတ် တော့တယ်။ ငါတို့ ရဲဘော်တွေ အနေနဲ့ ရန်သူကို စစ်ကြောင်းလိုက်ပြုတ်အောင် ဝိုင်းပတ်ချေမှုန်းနိုင်နေပြီ ဆိုတာလည်း စစ်ရေးအရ အင်မတန် အရေးကြီးတဲ့ တိုးတက်မှုပဲ ဖြစ်တယ်” လို့ ဦးရည်မွန်က ပြောပါတယ်။

တော်လှန်ရေး ၂ နှစ်ပြည့်ချိန်မှာ ကာကွယ်ရေးဘက်က ကြည့်ပါက သိသာထင်ရှားတဲ့ ရလဒ် နှစ်ခု ပေါ်ထွက်ခဲ့ပြီလို့ သူက ပြောပါတယ်။

“ဒီတော်လှန်ရေး ၂ နှစ်ပြည့်ချိန်မှာ ကာကွယ်ရေးဘက်ကကြည့်ရင် သိသာထင်ရှားတဲ့ ရလဒ် နှစ်ခု ပေါ်ထွက်ခဲ့ပြီလို့ ဆိုရမယ်။ တစ်ခုက ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ကို ထူထောင်နိုင်ခဲ့ခြင်းပဲ ဖြစ်တယ်။ နောက်တခုက PDF တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကြား စုစည်း ညီညွတ်မှုနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်နိုင်ခဲ့ခြင်းပဲ ဖြစ်တယ်” လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

လက်ရှိ PDF တပ်မတော်မှာ တပ်ရင်း ၃၀၃ ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ အနေနဲ့ မြို့နယ်ပေါင်း ၂၆၀ မှာ ဖွဲ့စည်း ထူထောင်နိုင်ခဲ့ပြီဖြစ်ကာ ရဲဘော်တွေ အနေနဲ့ ထိုက်သင့်တဲ့ စစ်ပညာနဲ့ ထိုက်သင့်တဲ့ စစ်ရေး အတွေ့အကြုံ ရရှိခဲ့ပြီးဖြစ်သလို PDF ရဲ့ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်လောင်း အမြောက်အမြား ပေါ်ထွက်လာတဲ့ အတွက်လည်း ဂုဏ်ယူတယ်လို့ ဝန်ကြီးက ဆက်လက်ပြောကြားပါတယ်။

“ဒီတစ်ကြိမ် အာဏာသိမ်းမှုဟာ စစ်အုပ်စု အနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးတဲ့ လုပ်ရပ်လို့ ပြောရမှာ ဖြစ်တယ်။ အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ နီးသထက်နီးလာပြီ။ စစ်မြေပြင်က ငါတို့ရဲဘော်တွေကတော့ ရန်သူမှာ လေကြောင်းသာ မရှိရင် ငါတို့နိုင်နေပြီလို့ ပြောလေ့ရှိကြတယ်။ ဒီစကားဟာ အမှန်တရားပဲ ဖြစ်တယ်” လို့ ပြည်ထောင်စုဝန်ကြီး ကပြောပါတယ်။

ဒါ့အပြင် တစ်ယောက်တစ်ပေါက် ဖြစ်တာတွေ၊ အချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ အားပြိုင်တာတွေ၊ ဗိုလ်လုပ် ချင်သူ များနေတာတွေနဲ့ သွေးကွဲမယ်ဆိုရင် ပြည်သူကို အားလျော့စိတ်ပျက်စေမှာ ဖြစ်တဲ့ အတွက် ပြည်သူ့မျက်နှာ ထောက်ထားပြီး ညီညွတ်ကြရမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

MK-003
#MekongNews
#ဦးရည်မွန်
#PDF
#တပ်မဟာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now