မြန်မာ့နွေဦး

လှိုင်သာယာမှာ ရပ်ကွက်တစ်ခုကို ဧည့်စာရင်းကောက်ခံငွေ တစ်လသိန်း၂၀၀ကျော်ရနေ၊ အုပ်ကြီးနဲ့ စစ်ကောင်စီဗိုလ်မှူးတွေခွဲယူ

မဲခေါင် 22 Jan - 2023
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းမှာ ဧည့်စာရင်းကနေ စစ်ကောင်စီကောက်ခံရရှိငွေဟာ တစ်ရပ်ကွက်ကို အနည်းဆုံး တစ်လသိန်း၂၀၀ ရှိတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းမှာ ဧည့်စာရင်းကနေ စစ်ကောင်စီကောက်ခံရရှိငွေဟာ တစ်ရပ်ကွက်ကို အနည်းဆုံး တစ်လသိန်း၂၀၀ ရှိတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ ရပ်ကွက်ပေါင်း ၂၆ရက်ကွက်ရှိပြီး ရပ်ကွက်အကြီးအသေးအလိုက် ကျပ်သိန်း ၂၀၀ ကနေ သိန်း ၃၀၀ကြား လစဉ်ရရှိနေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

အဲဒီငွေကြေးတွေကို လှိုင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့လှိုင်သာယာအရှေ့ပိုင်းကိုင်တွယ်နေသူ ဗိုလ်မှူးကြည်သာဇော်၊ လှိုင်သာယာအနောက်ပိုင်းတာဝန်ယူထားသူ ဗိုလ်မှူးထွန်းထွန်းဝင်းတို့က ခွဲဝေယူနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

“ညောင်ရွာအုပ်ကြီး လှိုင်ဘွားဆိုတဲ့ကောင်ဆိုရင် ကား၄စီးရှိသွားပြီ။ အုတ်တံတိုင်းခတ်ထားတဲ့မြေကွက် ၆ကွက်ရှိတယ်။ သူများမြေကို ကျူးလို့ပြောပြီး ဖယ်ခိုင်းတယ်။ ဒိုင်စုအုပ်ကြီးဝင်းထွဋ်ဝင်းလည်း အဲ့လိုဘဲ။ ၂၀ရက်နေ့ကတောင် ခွေးတစ်အုပ်ကြီးလာလို့ သူတောင်းစား ၂ကောင်က ဧည့်ခံနေသေးတယ်။ ၂၀အုပ်ကြီးသေတော့ တက်လာတဲ့ကောင်ကလည်း ပျူစောထီး၊ လူမိုက်ကောင်ပဲ။ ဒံပေါက်ကျွေးပြီးတောင် ပွဲခံလိုက်သေးတယ်။ ငွေရချက်ကတော့နိုင်ငံခြားသွားစရာမလိုဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ ဧည့်စာရင်းအတွက် တစ်ပတ်ကို လူတစ်ယောက်စာ အနည်းဆုံး ၅၀၀ ကျပ် ကနေ ၂၀၀၀ကျပ်အထိ တောင်းယူနေပြီး လူတစ်ဦးညအိပ်ပါက ဧည့်စာရင်းခတစ်သောင်းခွဲအထိ တောင်းခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၈ရပ်ကွက်မှာတော့ အသစ် တိုင်ရင် ၃သောင်းပေးရတယ်။ အဟောင်းဆိုရင်တော့ ၅၀၀ပေးရတယ်။ ရက်ကျော်ရင်တော့ ဒဏ်ကြေး၂ထောင်ပေးရတယ်။ အလုပ်ထောက်ခံစာက တစ်ထောင်။ ခရီးသွားထောက်ခံစာ ၃ထောင်နဲ့ အရေးပေါ်ခရီးကိစ္စဆို ၁သောင်းပေးရတယ်။ မင်္ဂလာဆောင်ဘောက်ဖွင့်ရင် တစ်သိန်း၊ အလှူလုပ်ရင် ၃သောင်းပေးရတယ်။ အကြောင်းမကြားဘဲ လုပ်ရင်တော့ ၅သောင်းပေးရတယ်”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

အဲဒီငွေကြေးဟာ ဧည့်စာရင်းကောက်ခံမှုကနေရရှိနေတဲ့ ဝင်ငွေတစ်မျိုးထဲသာဖြစ်ပြီး လိုင်းကြေးယူပြီး ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါးရောင်းချခြင်းနဲ့ ကျူးကျော်နေထိုင်သူတွေထံက ကောက်ယူနေတဲ့ငွေကြေးတွေ မပါဝင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ ၂၀၁၄ခု နှစ် လူဦးသန်းခေါင်စာရင်းအရ လူဦးရေ၆သိန်း ၈သောင်းကျော် နေထိုင်ကြပြီး မြို့နယ်အတွင်းနေထိုင်သူအများစုဟာ ရွှေ့ ပြောင်းလုပ်သားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

MK-005

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now